ဖျားနေရင် အမြန်ဆုံး သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 7, 2020 . 2 mins read
Share now

ခုကာလ နေထိုင်မကောင်းရင်တောင် နေမကောင်းဘူးလို့ ကျယ်ကျယ် မညည်းတွားရဲဘူး။ အကြောင်းကတော့ ဖျားနာနိုင်တဲ့ အကြောင်းအရင်း အမျိုးမျိုး ရှိပေမယ့် ဖျားတယ်ဆိုရင် လူအများ သတ်မှတ်လိုက်တာက ကိုဗစ်လေလားဆိုတဲ့ ခန့်မှန်းမှုကိုး။

ဒီလိုဆိုတော့ ဖျားနေရင်တောင် အသံမထွက်ရဲဘူးလေ။ ကိုယ်တိုင်လည်း ငါ ကိုဗစ်များ အကူးခံရတာလားဆိုပြီး စိုးရိမ်နေတော့တာပေါ့။ တကယ်က အဖျားရှိတာ၊ နေမကောင်းတာက ကိုဗစ်ကြောင့် မဟုတ်တဲ့ အခြား အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီကာလမှာဆိုရင် ရာသီတုပ်ကွေး ရှိနိုင်သလို သာမန်ဖျားနာတာမျိုးလည်း ရှိနိုင်ပါတယ်။ ဖျားတိုင်း ကိုဗစ်မဟုတ်ပါဘူး။ ဒီတော့ ဖျားနာတဲ့အခါ ကိုဗစ်သံသယလူနာရယ်လို့ အထင်မှား မခံရစေဖို့ ဘယ်လိုအချက်လေးတွေကို လိုက်နာရမလဲဆိုတာ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားမယ်နော်။

ဖျားနေပြီဆို မြန်မြန် သက်သာစေဖို့

လူတစ်ယောက်ကို ဖျားစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးပါ။ ကိုဗစ်ကြောင့် ဖျားနိုင်သလို စိတ်ဖိစီးတာပင်ပန်းမှုဒဏ်၊ ရာသီတုပ်ကွေးဗိုင်းရပ်စတာတွေကြောင့်လည်း ဖျားနိုင်ပါတယ်။ ဒီတော့ ဖျားချင်သလိုလို ဖြစ်လာပြီဆိုရင်

ရေများများ သောက်ပါ

ရေသောက်တာက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် ရေကို တတ်နိုင်သမျှ များများသောက်ပါ။ ရေများများသောက်တဲ့အခါ ဆီးများများသွားပြီး သာမန်အဖျားဆိုရင် သိပ်မကြာခင်မှာ ကျသွားစေမှာပါ။

အာဟာရ ပြည့်ဝအောင် စားပါ

နေထိုင် မကောင်းဘူးဆိုရင် အလိုလို ခံစားလာရတာက မစားချင်တာပါ။ မစားချင်ပေမယ့်လည်း ကိုယ်ခံအားကို အားဖြည့်ပေးဖို့ ဒီအနေအထားမှာ မဖြစ်မနေ လိုပါတယ်။ ဒါကြောင့် ဖျားချင်သလိုလို ဖြစ်နေပြီဆိုရင် အာဟာရ ပြည့်ဝအောင် စားပါ။

ကြေခဲတာတွေ၊ အဆီများတာတွေကိုရှောင်လို့ ပျော့ပျောင်းပြီး ကြေလွယ်မယ့် အစားအစာတွေ၊ အာဟာရ ဖြစ်စေမယ့် အစားအစားတွေ စားပါ။

ရေနွေးသောက်ပါ

ရေနွေးနွေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။ ချွေးထွက်စေနိုင်တာကြောင့် မြန်မြန် အဖျားကျစေပြီး နေရတာ ပေါ့ပါးစေမှာပါ။

ကြက်စွပ်ပြုတ် သောက်ပါ

ကြက်စွပ်ပြုတ်ကို ကြက်သွန်ဖြူငရုတ်ကောင်းစတာတွေထည့်ပြီး သောက်ပေးတာကလည်း ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေပြီး ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ ပရိုတင်းကလည်း ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တာကြောင့် မြန်မြန် သက်သာလာပါလိမ့်မယ်။

အိပ်ရေးဝဝအိပ်ပါ

တစ်ခါတလေမှာ ဖျားတာက ခန္ဓာကိုယ်က အနားတောင်းတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အခါမျိုးမှာ အိပ်ရေး ဝဝအိပ်တာ၊ ပြည့်ပြည့်ဝဝ အနားယူတာကလည်း ကိုယ်ခံအားကို အားဖြည့်ရာရောက်ပြီး မြန်မြန်နေကောင်းစေနိုင်တာကြောင့် ဖျားနေတယ်လိုပ ခံစားရရင် အိပ်ရေး ဝဝအိပ်ပါ။

စိတ်ဖိစီးမှု လျှော့ပါ

စိတ်ဖိစီးမှုကလည်း ကိုယ်ခံအားကို ဒုက္ခပေးပြီး သင့်ကို အဖျားဝင်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး ဖြေလျှော့ပါ။ ဒါမှ မြန်မြန် နေကောင်းမှာပါ။

ဆေးသောက်ပါ

ဖျားနာမှုတွေအတွက် ထုတ်ထားတဲ့ OCT ဆေးတွေကို ဆေးညွှန်းအတိုင်း သောက်ပေးတာကလည်း အဖျား သက်သာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ အာဟာရ ပြည့်ဝအောင် စားပြီး ဆေးကိုလည်း မှန်မှန် သောက်ပေးပါ။

ကွန်ပျူတာနဲ့ ဖုန်း အသုံးပြုတာကို လျှော့ပါ

နေထိုင်မကောင်းဘူးဆိုရင် ပြည့်ပြည့်ဝဝ အနားယူပါ။ ဖုန်း၊ ကွန်ပျူတာတွေကို မသုံးပါနဲ့။ ဒီလို အသုံးပြုတာက အာရုံကြောတွေကို အနားမရစေဘဲ ကိုယ်ခံအားပြည့်စေဖို့အတွက် အရေးပါတဲ့ အိပ်စက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

နောက်ဆုံတစ်ခုကတော့ မတ်ခ်တပ်ဖို့ပါ။ ဘာကြောင့် ဖျားဖျား ကိုယ့်ဆီက အဖျား အခြားသူဆီ ကူးစက်မသွားစေဖို့ ဖျားနာပြီဆိုရင် မတ်ခ်တပ်ပါ။ နှာချေ၊ ချောင်းဆိုးရင် တစ်ရှူးနဲ့ အုပ်ပါ။ ပြီးရင် တစ်ရှူးကို သေချာ စွန့်ပစ်ပါ။

ဒီလို ဂရုစိုက်ပေးမယ်ဆိုရင် သာမန်အဖျားက ၂ ရက်လောက်ဆို သက်သာသွားမှာပါ။ တကယ်လို့ ၂ ရက် ဒါမှမဟုတ် ၃ ရက်ဆက်တိုက် ဖျားနေမယ်။ အဖျားမကျဘူးဆိုရင်တော့ သက်ဆိုင်ရာ Fever clinic တွေကို သွားရောက် သတင်းပေး ကုသမှုခံယူဖို့ ပြောပါရစေ။

COVID-19 Outbreak updates
Country: Myanmar
Data

41,008

Confirmed

21,144

Recovered

1,005

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလအတွက် အသင့်တော်ဆုံး သားဆက်ခြားနည်း

ကိုဗစ်ကာလ Stay Home သန္ဓေတားနည်း တားဆေး ထိုးဆေး သောက်ဆေး သားကြော အရေးပေါ်ကွန်ဒုံး သားဆက်ခြားနည်း သုက်ရည် လိင်ဆက်ဆံ မိန်းမကိုယ် သားအိမ် IUD Covid-19

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 20, 2020 . 2 mins read

ကိုဗစ်ကာလမှာ ဘယ်လို သားဆက်ခြားမယ် စိတ်ကူးလဲ။

ကိုဗစ်ကာလမို့  တားဆေးသောက်နေတယ်၊ ဆေးကကုန်သွားပြီ ထပ်ဝယ်လို့မရဘူးဆိုတဲ့ ပြဿနာ၊ ထိုးဆေးက ရက်ပြည့်ပြီ ပြန်ထိုးဖို့ကျ ဆေးခန်းက မဖွင့်လို့ ဆိုတဲ့ ပြဿနာ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 20, 2020 . 2 mins read

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

အခုလို ကိုဗစ်ကာလမှာ ကိုယ်ခံအားကို ပြည့်ဝ ကောင်းမွန်နေစေဖို့ ဘယ်လို အာဟာရတွေ မှီဝဲသင့်လဲဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 20, 2020 . 2 mins read

ကိုဗစ်ကနေ ပြန်လည် သက်သာလာတဲ့အခါ

ကိုဗစ် တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နေတဲ့ ကပ်ရောဂါကြီးပေါ့။ မြန်မြန်သိ မြန်မြန်ကုသနိုင်ရင် ကိုဗစ်က ပျောက်ကင်းနိုင်ခြေ များပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 20, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 3 mins read
ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား

ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 2 mins read