ရှုဆေးရှုတိုင်း ကောင်းရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ယနေ့ခေတ် အပြင်ထွက်လိုက်တာနဲ့ကိုရှောင်လွှဲလို့မရတမ်း ရင်ဆိုင်နေရတာက ညစ်ညမ်းမှုပါ။ လျင်မြန်စွာပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေရယ်၊ ညစ်ညမ်းမှုရယ်ပေါင်းလိုက်တဲ့အခါမှာတော့ အလွယ်တကူဖျားနာလာရပါတော့တယ်။ ဒီလိုဖျားနာတဲ့အခါ အရင်ဆုံးခံစားရတာက နှာခေါင်းပိတ်မယ်ခေါင်းကိုက်မယ်၊နေရထိုင်ရမအီမသာဖြစ်တာတွေပေါ့။ နှာခေါင်းပိတ်တာနဲ့ခေါင်းကိုက်တာကရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် အလုပ်ထဲမှာ အာရုံစိုက်လို့မရတဲ့အထိဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အမြဲလိုလိုဖြေရှင်းနေကျ နည်းလမ်းလေးတစ်ခုရှိတယ်နော်။တော်တော်များများလည်း သုံးကြတယ်လေ။ ရှုဆေးလေးထုတ်ရှုလိုက်တာမျိုးပေါ့။ ဒါမှမဟုတ်လည်း ပရုတ်ဆီကို လက်မှာပွတ်ပြီး ရှုလိုက်တာမျိုးပါ။ ဒီလိုရှုလိုက်တဲ့အခါ သက်သာသွားတယ်ဆိုပေမယ့် ကျန်းမာရေးအတွက် တကယ်ရောကောင်းရဲ့လားလို့တွေးကြည့်ဖူးလား။ မတွေးကြည့်ဖူးသေးရင်ကောင်း၊မကောင်းကို ဒီဆောင်းပါးလေးထဲမှာ တူတူဖတ်ကြည့်ရအောင်နော်။

နှာခေါင်းပိတ်ခြင်းနဲ့ရှုဆေးရှုခြင်း

နှာခေါင်းပိတ်ရင် အရင်ဆုံးခံစားရမယ့်လက္ခဏာတစ်ခုက အသက်ရှုရခက်တာပါ။ တစ်နေ့တာလုံး အသက်ရှုရခက်မယ်၊နေရထိုင်ရမသက်မသာဖြစ်မယ်၊ အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်ရခက်တာမျိုးဖြစ်မယ်။ ဒီလိုဖြစ်တာက နှာခေါင်းအတွင်းပိုင်းနံရံထဲမှာရှိတဲ့သွေးကြောလေးတွေရောင်ရမ်းလာတာေကြာင့်ပါ။ ဒီလိုမျိုးရောင်ရမ်းလာတဲ့အခါ ချွဲတွေဖြစ်လာပါတယ်။ ဒီလိုဖြစ်တော့ နှာခေါင်းတွင်းမှာ ပိတ်ဆို့ပြီး အသက်ရှုရခက်ေတာ့တာပေါ့။ နှာခေါင်းပိတ်တဲ့အခါ အသက်ရှုရခက်တာအပြင် ပါးတွေ၊ နဖူး နဲ့ မျက်လုံးနှစ်ခုကြားမှာရောင်ရမ်းနာကျင်မှုကိုပါခံစားရနိုင်ပါတယ်။ နှာခေါင်းထဲမှာ ချွဲတွေပိုများလာလေလေ၊ ဘက်တီးရီးယားေတွပေါက်ဖွားနိုင်ခြေပိုများလေလေပါ။ ဒီလိုဖြစ်မှုကရောဂါတွေကူးစက်ခံရနိုင်ခြေကိုပိုများသွားစေနိုင်ပါတယ်။ ဒီလိုအခြေအနေကို ချွဲတွေ အစိမ်းရောင်၊ ဒါမှမဟုတ် အဝါရောင်ဖြစ်နေတာတွေကနေတဆင့် သိရှိနိုင်ပါတယ်။

ဒီလိုဖြစ်တဲ့အခါဆေးခန်းသွားတာမျိုး၊ဆေးသောက်တာမျိုးမလုပ်ခင် အလွယ်တကူဝယ်လို့ရတဲ့ ရှုဆေးကိုရှုလိုက်ကြတာပါပဲ။ အချို့ဆိုအိတ်ထဲမှာတောင် အလွယ်တကူဆောင်ထားတတ်ကြပါသေးတယ်။ ရှုဆေးရှုလိုက်တဲ့အခါ ချက်ချင်းနှာခေါင်းပွင့်သွားပြီး အသက်ရှုရချောင်သွားပေမယ့် ဒီသက်သာမှုက ကာလတိုပါပဲ။ ဒီလိုအသက်ရှုရချောင်သွားတာကလည်း ရှုဆေးမှာပါတဲ့ ဓါတုပစ္စည်းတွေကြာင့် ရောင်နေတဲ့ သွေးကြောလေးတွေ ကျုံ့သွားတာကြောင့်ပါ။ နောက်ပိုင်းမှာတော့ ရှုဆေးမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် နှာခေါင်းပိတ်တာက ပိုဆိုးလာတာမျိုးတောင်ရှိတတ်ပါတယ်။

ရှုဆေးရှုတိုင်းကောင်းရဲ့လား

နှာခေါင်းပိတ်တဲ့အခါ၊ခေါင်းကိုက်တဲ့အခါ အလွယ်တကူရှုတတ်တဲ့ ရှုဆေးက အချိန်တိုအတွင်းမှာ သက်သာသွားစေတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလိုပေါ့ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိပါတယ်။ ရှုဆေးရှုတဲ့အခါ ပါဝင်ပစ္စည်းတွေကြောင့် တစ်ခါတလေမှာအခုလိုမျိုး ဆိုးကျိုးတွေကိုတွေ့ရနိုင်ပါတယ်။

ဒါကြောင့်နှာခေါင်းပိတ်တဲ့အခါ ရှုဆေးမရှုခင်ရေနွေးငွေ့ခံတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာကဘေးကင်းကင်းနဲ့ နှာခေါင်းပိတ်တာကို သက်သာစေတဲ့နည်းလမ်းတစ်ခုပါ။နောက်တစ်ချက်ကတော်ရုံလေးစိတ်ရှုပ်တာကြောင့်ဖြစ်လာတဲ့အခြေအနေလေးတစ်ခုကို ရှုဆေးအနံ့ပြင်းပြင်းတွေရှုတာမျိုးမလုပ်ပါနဲ့။ သင့်အနေနဲ့ ရှုဆေးရှုရတာကို နှစ်သက်တယ်ဆိုခဲ့ရင်လည်း သဘာဝအဆီတွေဖြစ်ကြတဲ့ စပါးလင်အဆီလိုမျိုး ဓါတုဆေးမပါတာမျိုးကိုရှုပေးပါ။ ကိုယ့်ကျန်းမာရေးကိုစောင့်ရှောက်ဖို့ တာဝန်အရှိဆုံး ကိုယ်တိုင်ပါ။ ကဲ ရှုဆေးက ရှုတိုင်းကောင်းလား၊ မကောင်းဘူးလား ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါနော်…….

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင့်အသားအရေအတွက် အကောင်းဆုံးအဆီများ

အသားအရေစိုပြည်စေဖို့ အရေပြား အစိုဓာတ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း သဘာဝအဆီများ အုန်းဆီ ဗီတာမင် E Rosehip အလှအပ နေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ပျားရည်၏ အာနိသင် ၆ မျိုး

ပျားရည် ဆေးဖက်ဝင် အာဟာရဓာတ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဘက်တီးရီးယား အနာကျက်မြန်စေခြင်း အစာအိမ်အူလမ်းကြောင်း အအေးမိတုပ်ကွေး သံပုရာသီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ငွေဝင်တော့မယ့် လက်ဖဝါးနုနု ယားယံနေပြီလား

လက် အရေပြား ယားယံခြင်း အသားအရေ အသားခြောက် ဓာတ်မတည့် ဓာတုပစ္စည်း အရေပြားရောဂါ မှိုစွဲခြင်း အစိုဓာတ် လေထု ဆပ်ပြာ ဆီးချိုရောဂါ လိမ်းဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သမိုင်းဆိုးနဲ့ ပလိပ်ရောဂါပိုး တရုတ်တွင်တွေ့ပြန်

Bubonic Plague၊ ပလိပ်ရောဂါ၊ တရုတ်ပြည်၊ အတွင်းမွန်ဂိုးလီးယား၊ ကူးစက်၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ အအေးမိတာ၊ ပျို့အန်တာ၊ အကျိတ်၊ အဖုအပိမ့်၊ ဘက်တီးရီးယား၊ ဥရောပ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 1 min read
ပိုးကောင်ကိုက်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

ပိုးကောင်ကိုက်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 1 min read
နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 1 min read
အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ။

အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 2 mins read