အရေပြားဆိုတာက ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အစိတ်အပိုင်းတစ်ခုပါ။ ခန္ဓာကိုယ်ကို ပြင်ပနေ ဝင်ရောက်လာမယ့် ရောဂါပိုးတွေနဲ့ ရေတွေ စိမ့်ဝင်မှု မဖြစ်စေဖို့ ကာကွယ်ပေးထားတဲ့ ခံတပ်ဆိုလည်း မမှားပါဘူး။
ထွက်မှာ သေချာပြီလား။
အရေပြားဆိုတာက ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အစိတ်အပိုင်းတစ်ခုပါ။ ခန္ဓာကိုယ်ကို ပြင်ပနေ ဝင်ရောက်လာမယ့် ရောဂါပိုးတွေနဲ့ ရေတွေ စိမ့်ဝင်မှု မဖြစ်စေဖို့ ကာကွယ်ပေးထားတဲ့ ခံတပ်ဆိုလည်း မမှားပါဘူး။
ခန္ဓာကိုယ် ကျန်းမာဖို့ဆိုရင် အရေပြား ကျန်းမာဖို့ အတော်လေး အရေးကြီးပါတယ်။။ အရေပြားဆိုတာက အရွယ်အစားကြီးမားပြီး ခိုင်ခန့်တဲ့ ခံတပ်ဆိုပေမယ့် သူ့မှာလည်း ကျန်းမာရေး ပြဿနာ အမျိုးမျိုး ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှာ ဖြစ်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်တဲ့ ဆိုရီရေးစစ် အရေပြားပြဿနာအကြောင်းကို အတူတူ ဖတ်ကြည့်ရအောင်နော်။
ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာက autoimmune disorder တစ်မျိုးပါ။ အရေပြားပေါ်မှာဖြစ်လို့ အရေပြားတစ်ထောက်စာကနေ စလာတဲ့ ရောဂါ မဟုတ်ပါဘူး။ ဒီရောဂါက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ စလာတာပါ။ T ဆဲလ်လို့ ခေါ်တဲ့ သွေးဖြူဆဲလ်တွေက စဖြစ်ပေါ်လာတာပါ။
ဒီအရေပြားပြဿနာက နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး အနေအထိုင်၊ အစားအသောက် တစ်ခုခု မှားယွင်းတာနဲ့ အချိန်မရွေး ပြန်ပေါ်လာနိုင်ပါတယ်။
မြင်သာတဲ့ လက္ခဏာ အနေနဲ့
ဒီအရေပြားပြဿနာက လက်မောင်း အပြင်ဘက်ခြမ်း၊ ဒူး၊ လက်ဖဝါး၊ ခြေဖဝါးစတာတွေမှာ ဖြစ်နိုင်သလို ဦးရေပြားနဲ့ လက်သည်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။
နာတာရှည်ဖြစ်တဲ့ ဆိုရီရေးစစ် အရေပြားပြဿနာဟာ အခုလို အခြေအနေတွေမှာ ပိုဆိုးလာနိုင်ပါတယ်။
ဆိုရီရေးစစ် အရေပြားပြဿနာ သက်သာစေဖို့ဆိုရင်
အရေပြား ခြောက်သွေ့မှုက ဆိုရီးရေးစစ် အရေပြား ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် အရေပြားကို အစိုဓာတ် ထိန်းဖို့ လိုပါမယ်။ ဒါကြောင့် အစိုဓာတ်ထိန်းစက် ဖွင့်ထားတာမျိုး လုပ်ပေးပါ။
ဆပ်ပြာတွေ အများစုမှာ အမွှေးနံ့တွေ ပါသလို ဆိုးဆေးတွေလည်း ပါပါတယ်။ ဒါတွေက အရေပြားကို မသက်မသာဖြစ်စေပါတယ်။ ဒီဆပ်ပြာတွေက အနံ့ကောင်းတာ မှန်ပေမယ့် ဆိုရီရေးစစ် ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။
ဒါကြောင့် ဆပ်ပြာ ရွေးချယ်တဲ့အခါ အမွှေးနံ့ ပြင်းလွန်းတာ၊ ဓာတုပစ္စည်းများလွန်းတာတွေကို ရှောင်ပါ။ “sensitive skin” အတွက်လို့ ထုတ်ထားတာကို ရွေးပေးပါ။
အစားအသောက်ကလည်း ဆိုရီရေးစစ်ကို ထိန်းချုပ်တဲ့ နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါကြောင့် အစားအစာ ရွေးချယ်တဲ့အခါ အနီရောင် အသား၊ ပြည့်ဝဆီ၊ သန့်စင်ထားတဲ့ သကြား၊ ကာဗိုဟိုက်ဒရိတ်၊ အယ်လ်ကိုဟော စတာတွေကို ရှောင်ပါ။ ဒီအစားအစာတွေက အရေပြားပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။
ငါး၊ အစေ့အဆန်၊ အခွံမာသီး၊ omega-3 fatty acids ကြွယ်ဝတာတွေကို စားပေးပါ။ ဒီအစားအစာတွေက ဆိုရီရေးစစ်ကို သက်သာစေနိုင်ပါတယ်။
သံလွင်ဆီက အရေပြားကို ကျန်းမာစေနိုင်ပါတယ်။ သံလွင်ဆီကို အရေပြားပေါ်မှာ လိမ်းပြီး ခပ်ဖွဖွလေး နှိပ်နယ်ပေးတာက အရေပြားကို ကျန်းမာစေပြီး ဆိုရီရေးစစ် ပြဿနာကို သက်သာစေနိုင်ပါတယ်။
ဆိုရီရေးစစ် အပါအဝင် ကျန်းမာရေး ပြဿနာ အများစုရဲ့ အရင်းခံက စိတ်ဖိစီးတာပါ။ စိတ်ဖိစီးတဲ့အခါ အရေပြားပြဿနာက ပိုဆိုးလာပါတယ်။ ဒါကြောင့် တရားထိုင်တာ၊ ယောဂလေ့ကျင့်တာမျိုး ပုံမှန် လုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။
အရက်ကလည်း ဆိုရီရေးစစ် ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ် ပြဿနာ ရှိမယ်ဆိုရင် အရက်မသောက်ပါနဲ့။ အယ်လ်ကိုဟောပါတဲ့ သောက်စရာကို ရှောင်ပါ။
နနွင်းက ရောဂါတွေကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်နေ့ကို နနွင်း ၁.၅ ဂရမ် ဒါမှမဟုတ် ၃.၀ ဂရမ် စားပေးတာက ဆိုရီရေးစစ်ကို သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
ဆေးလိပ် သောက်တတ်တယ်ဆိုရင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်က ဆိုရီရေးစစ် ပြဿနာကို ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ် အရေပြားပြဿနာကို သက်သာစေဖို့ဆိုရင် ဆေးလိပ် မသောက်ပါနဲ့။
ဆိုရီရေးစစ် အရေပြားပြဿနာဟာ ပြင်းထန်ပြီး နာတာရှည် အရေပြားပြဿနာတစ်ရပ်ဖြစ်တာကြောင့် သေချာလေးဂရုစိုက်ဖို့လိုပါမယ်။ အနေအထိုင်အစားအသောက်ကစလို့ နေ့စဉ်အသုံးပြုနေတဲ့ အသုံးအဆောင်တွေအဆုံး သေချာ ဂရုစိုက်ဖို့ လိုပါမယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Psoriasis https://medlineplus.gov/psoriasis.html Accessed Date 23 December 2020
About Psoriasis https://www.psoriasis.org/about-psoriasis/ Accessed Date 23 December 2020