backup og meta

သွေးတိုးအတွက် အရေးပေါ်ပြုစုနည်း

သွေးတိုးအတွက် အရေးပေါ်ပြုစုနည်း

လူတော်တော်များများက ကိုယ်တိုင်မှာသွေးတိုးရှိနေမှန်းသိခဲကြပါတယ်။ ငါးပိ၊ငါးခြောက်တွေပါမှ စားလို့မြိန်တဲ့ ကျွန်မတို့မြန်မာလူမျိုးတွေအဖို့ကတော့သွေးတိုးဖို့က သိပ်ကိုလွယ်ကူလွန်းပါတယ်။ လူကြီးတွေမှာ အတွေ့ရများတာကသွေးတိုးဖြစ်လာနိုင်တာကြောင့် အငန်များတဲ့အစားအစာတွေမစားဖို့ ဆရာဝန်ကမှာပေမယ့် မနက်စာကို မုန့်ဟင်းခါး ချဉ်၊ငန်၊စပ်လေးစားလိုက်ရမှ၊နေ့လယ်စာဆိုရင်လည်း ငါးပိရည်၊တို့စရာ၊ ချဉ်ရည်ဟင်းလေးနဲ့မှ၊နေ့ခင်းနေ့လယ်ဆိုလည်း ငါးခြောက်ဖုတ်လေး၊ေရနွေးကြမ်းလေးနဲ့မှ ဒါမှမဟုတ် ပုဇွန်ခြောက်နိုင်နိုင်ထည့်ထားတဲ့ လက်ဖက်လေး၊ရေနွေးလေးစားလိုက်ရမှ ဆိုတာမျိုးပေါ့။ ညစာဆိုရင်လည်း အချို၊အငန်မျှတတဲ့ ဟင်းလေးတွေနဲ့မှ စားမြိန်ကြတာလေ။

တစ်နေ့တာမှာ အငန်ဓါတ်တွေက စားလိုက်သမျှ အစားအစာတိုင်းမှာပါနေရော။ ဒီလိုအခြေအနေက အလွယ်တကူသွေးတိုးစေတာပေါ့။သွေးတိုးတာက စိတ်ပူစရာမဟုတ်ဘူးလို့ထင်စရာရှိပေမယ့်သွေးတိုးကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုတွေကတော်တော်လေးတော့များပါတယ်။သွေးတိုးရောဂါကို ကမ္ဘာတလွှားမှာ အသံတိတ်လူသတ်သမားရယ်လို့တောင်ခေါ်ဝေါ်နေကြပါတယ်။ အမှန်တကယ်လည်းဟုတ်ပါတယ်။ လူတော်တော်များများက ကိုယ်တိုင်မှာသွေးတိုးရှိမှန်းမသိလိုက်ဘဲ အသက်အန္တရာယ်ထိခိုက်တာမျိုးထိတောင်ခံစားကြရတာတွေရှိပါတယ်။

သွေးတိုးတယ်ဆိုတာ

သွေးတိုးတယ်ဆိုတာကသွေးပေါင်ချိန် ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင်လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hgဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hgကျော်နေမယ်၊အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင်သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။သွေးအရမ်းတိုးတာကသွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။သွေးကြောတွေရောင်ရမ်းလာပြီးသွေးယိုစိမ့်တာ ဒါမှမဟုတ်သွေးရည်ကြည်လိုမျိုး အရည်တွေယိုစိမ့်တာမျိုးဖြစ်နီုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ နှလုံးကသွေးတွေကိုထိထိရောက်ရောက် ညှစ်မထုတ်နိုင်တော့ပါပဲ။

ဒီအချက်တွေကြောင့် ရုတ်တရက်သွေးပေါင်ချိန်တက်တာမျိုးဖြစ်နိုင်ပါတယ်

  • ပုံမှန်သောက်နေကျသွေးပေါင်ကျဆေးကိုသောက်ဖို့မေ့နေတာ
  • အငန်ဓါတ် အစားများတာ
  • စိတ်ဖိစီးမှုများတာ
  • လေဖြတ်ထားတာ
  • ရုတ်တရက်နှလုံးရပ်ရောဂါခံစားရဖူးတာ
  • နှလုံးထိခိုက်ထားတာ
  • ကျောက်ကပ်ထိခိုက်ထားတာ
  • ခန္ဓါကိုယ်ရဲ့ပင်မသွေးလွှတ်ကြော ထိခိုက်ထားတာ
  • ဆေးဝါးအချင်းချင်းဓါတ်ပြုတာ
  • ကိုယ်ဝန်ဆောင်သွေးတိုးခံစားနေရတာ
ရုတ်တရက်သွေးတိုးတဲ့အခြေအနေကို
urgent hypertensive crisis သွေးပေါင်ချိန်က အရမ်းကိုမြင့်တက်သွားပေမယ့် ခန္ဓါကိုယ် အစိတ်အပိုင်းတစ်ခုခု ထိခိုက်ပျက်စီးတာမျိုးမရှိတဲ့အခြေအနေ နဲ့
emergency hypertensive crisis –သွေးပေါင်ချိန် အရမ်းမြင့်တက်သွားပြီး ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခု ထိခိုက်ပျက်စီးသွားတဲ့အခြေအနေ ဆိုပြီးခွဲခြားထားပါ။ ဒီအခြေအနေမှာတော့သွေးပေါင်ချိန်မြင့်တက်မှုကြောင့် အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေရှိနိုင်ပါတယ်။

ဒီလိုလက္ခဏာတွေခံစားရနိုင်ပါတယ်

အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ ရုတ်တရက်သွေးပေါင်ချိန်မြင့်တက်မှုဖြစ်တဲ့အခါ

  • ရင်ဘတ်ထဲကပြင်းပြင်းထန်ထန်အောင့်တာ
  • စိတ်ရှုပ်ထွေးတာ၊ အမြင်ဝေဝါးတာတွေနဲ့အတူ မခံမရပ်နိုင်အောင်ခေါင်းကိုက်တာ
  • မအီမသာဖြစ်ပြီးအော့အန်တာ
  • စိတ်ဖိစီးမှုအရမ်းများတာ
  • အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်တာ
  • တက်တာ
  • ဘာမှမတုံ့ပြန်တာ
  • ခြေထောက်၊လက်နဲ့မျက်နှာတွေထုံနေတာ
  • ဆီးသွားနည်းလာတာ
  • ခြေလက်တွေထဲအားမရှိသလိုခံစားရတာ
  • ခန္ဓါကိုယ်တွေဖောရောင်လာတာမျိုးတွေခံစားရနိုင်ပါတယ်။

ဒီလိုအခြေအနေတွေဖြစ်တဲ့အခါသောက်နေကျဆေးရှိရင်ဆေးကိုမြန်မြန်သောက်သုံးဖို့လိုပါမယ်။ပြီးရင်တော့ အနီးဆုံးဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီးဆေးကုသမှုခံယူတာအကောင်းဆုံးပါ။

သွေးတိုးရောဂါခံစားနေရပြီဆိုရင် ဒါလေးတွေသတိထားပေးပါ

စစ်ဆေးကုသမှုအရသွေးတိုးရောဂါခံစားနေရပြီဆိုတာကို သိခဲ့မယ်ဆိုရင်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကနေရှောင်ရှားနိုင်စေဖို့အတွက် –

  • နေ့စဉ်သွေးပေါင်ချိန်ချိန်တာ
  • သောက်သုံးရမယ့်ဆေးဝါးကိုပုံမှန်သောက်သုံးတာ
  • ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကိုစားသုံးတာမျိုးတွေလုပ်ပေးတာ
  • အစာလည်းဆေး၊ဆေးလည်းအစာဆိုတဲ့စကားအတိုင်း ငှက်ပျောသီးလိုမျိုး ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီးသွေးပေါင်ချိန်ထိန်းညှိပေးနိုင်တဲ့ အစားအစာတွေကို စားသုံးပေးတာ
  • နေ့စဉ် စားသုံးတဲ့အစားအစာတွေထဲမှာ အချိုကဲ အငန်ကဲတာတွေကိုတတ်နိုင်သမျှလျှော့စားတာ
  • နေ့စဉ်အိပ်စက်ချိန်ြပည့်ဝအောင်အိပ်စက်တာ
  • စိတ်ဖိစီးမှုကင်းတဲ့ ဘဝနေထိုင်မှုပုံစံကို ဖန်တီးတာ
  • နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာ
  • ခန္ဓါကိုယ်မှာဖောရောင်နေတာတွေရှိ၊မရှိစစ်ဆေးတာ
  • ဆေးပုံမှန်သောက်တာမျိုးတွေလုပ်ပေးပြီးသွေးတိုးရောဂါကနေကာကွယ်လိုက်ပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Is Malignant Hypertension (Hypertensive Emergency)?https://www.healthline.com/health/malignant-hypertension Accessed Date 14 November 2018

High Blood Pressure and Hypertensive Crisishttps://www.webmd.com/hypertension-high-blood-pressure/guide/hypertensive-crisis Accessed Date 14 November 2018

Management of Hypertensive Urgency and Emergency https://www.mdedge.com/clinicianreviews/article/79156/nephrology/management-hypertensive-urgency-and-emergency Accessed Date 14 November 2018

ယခုပုံစံ

05/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးတိုးရောဂါ ကုသခြင်းတွင် သွေးကြောကျယ်ဆေးများ အသုံးပြုခြင်း

သွေးတိုးရောဂါအကြောင်း သိကောင်းစရာ



Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement