သွေးအုပ်စုအလိုက် ဆင်ခြင်စားသုံးသင့်သော အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 20, 2020 . 2 mins read
Share now

ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁)

လူ့ခန္ဓာကိုယ်မှာ သွေးတွေစီးဆင်းနေကြတယ်ဆိုပေမယ့် သွေးအုပ်စုတွေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။

ဒီနေ့မှာတော့ လူအများစုသိရှိထားတဲ့ အေသွေး , ဘီဘေး , အိုသွေး, အေဘီအသွေးတို့ပါဝင်တဲ့ ABO သွေးအုပ်စုစနစ်အပေါ်မှာအခြေခံပြီး သွေးအုပ်စုအလိုက် ဆင်ခြင်စားသုံးသင့်တဲ့ အစားအစာတွေအကြောင်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။

သွေးအုပ်စုအခြေခံ အစားအသောက်ပုံစံဆိုတာ ဘာလဲ ?

သွေးအုပ်စုအပေါ်အခြေခံတဲ့ စားသောက်မှုပုံစံတွေက လွန်ခဲ့ဆယ်စုနှစ်စုလောက်စပြီး လူသိများလာခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာ အမေရိကန်ဆရာဝန် Dr. Peter J. D’Adamo ရေးသားထုတ်ဝေခဲ့တဲ့ ကိုယ့်သွေးအုပ်စုအလိုက် မှန်ကန်စွာစားပါလို့ အဓိပ္ပာယ်ရတဲ့ ‘ Eat Right 4 Your Type ‘ စာအုပ်ဟာ အုပ်ရေသန်းနဲ့ချီရောင်းချခဲ့ရပြီး အရောင်းအများဆုံးစာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သွေးအုပ်စုအခြေခံ စားသောက်မှုအပေါ်လူတွေအာရုံစိုက်လာကြပါတယ်။

စမ်းသပ်မှုတွေအရလည်း သွေးအုပ်စုပုံစံအပေါ်မူတည်ပြီး အချို့သောရောဂါဖြစ်ပွားနိုင်မှုတွေ ကွာခြားနေတာတွေ တွေ့ရှိရပါသေးတယ်။

အိုသွေးပိုင်ရှင်တွေက ပုံမှန်ထက် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ပိုလျော့နည်းတယ် ဒါပေမယ့် အစာအိမ်ရောဂါဖြစ်ပွားနိုင်ခြေတော့ နည်းနည်းပိုများပါတယ်။

အေသွေး၊ ဘီသွေးနဲ့ အေဘီသွေးပိုင်ရှင်တွေကတော့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေပိုများသလို အာရုံကြောဆိုင်ရာပြဿနာအချို့ကြုံတွေ့ရနိုင်ခြေလည်းပိုများနေပါတယ်။

အေသွေးပိုင်ရှင်တို့အတွက် အစားအသောက်ပုံစံများ

အေသွေးပိုင်ရှင်တွေက ကစီဓာတ်နဲ့ အသီးအရွက်တွေကိုပိုပြီး လွယ်လွယ်ကူကူချေဖျက်နိုင်ပြီး အသားဓာတ်နဲ့ အဆီတွေကို ချေဖျက်ရာမှာတော့ အချိန်ကြာတယ်လို့ Dr. D’Adamo ကရေးသားထားပါတယ်။

အေသွေးပိုင်ရှင်တွေ ပိုပြီးစားသုံးသင့်တာတွေကတော့

ပရိုတိန်းဓာတ်ပြည့်ဝတဲ့ ပဲနို့၊ တို့ဖူး

– ဂျုံထွက်ပစ္စည်းတွေဖြစ်တဲ့ မုယောစပါး၊ ဘာလီနဲ့ ပေါင်မုန့်

– အခွံမာစေ့တွေဖြစ်တဲ့ မြေပဲစေ့၊ သစ်ကြားစေ့နဲ့ ဖရုံစေ့

– သံလွင်ဆီ

– ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီးတို့လို အသီးတွေ

– ပဲတောင့်ရှည်၊ ပဲပိစပ်တို့လို ပဲအမျိုးမျိုး

– ဆာဒင်းငါး၊ ဆယ်လမွန်ငါးအပါအဝင် ရေချိုငါးအမျိုးမျိုး

– ကြက်သား၊ ကြက်ဆင်သား အစရှိသည်တို့ကိုပိုမိုစားသုံးပြီး အမဲသား၊ ဝက်သားနဲ့ ရေငံငါးအများစု၊ ဆီကြော်တွေကိုတော့ ရှောင်ကြဉ်သင့်တယ်လို့ဆိုပါတယ်။

A သွေးပိုင်ရှင်တွေအတွက်ကတော့ အသီးအရွက်နဲ့အသီးအနှံတွေကိုအဓိကထားစားသုံးရမယ်လို့ဖော်ပြထားပါတယ်။

ဘီသွေးပိုင်ရှင်တွေအတွက် စားသောက်မှုပုံစံ

– ဥအမျိုးမျိုးကို စားသုံးသင့်ပါတယ်။

– အစိမ်းရောင်အသီးအရွက်များ

– အမဲသား၊ ဆိတ်သား

– နို့ထွက်ပစ္စည်းများကို ပိုမိုစားသုံးပြီး ဂျုံထွက်ပစ္စည်းများ၊ ခရမ်းချဉ်သီး၊ အစေ့အမျိုးမျိုးကိုတော့ လျှော့စားသင့်ပါတယ်လို့ဆိုပါတယ်။

B for balance လို့အတိုချုံးလေးမှတ်ထားပြီးတော့ အစာအုပ်စုသုံးခုကို မျှတအောင်စားရမယ်လို့လညိး အကြံပေးထားပါသေးတယ်။

အိုသွေးပိုင်ရှင်တို့အတွက် အစားအသောက်ပုံစံ

အိုသွေးပိုင်ရှင်တွေ ပိုမိုစားသုံးသင့်တာကတော့

– အသားအမျိုးမျိုး

– ငါးအမျိုးမျိုး ( ပင်လယ်စာအပါအဝင် )

– ပန်းဂေါ်ဖီ၊ မုန်ညှင်းရွက်နဲ့ အစိမ်းရောင်အရွက်အများစု

– အသီးအနှံများ

– သံလွင်ဆီ

ဒါ့အပြင် အိုသွေးပိုင်ရှင်တွေက ပုံမှန်လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်ပြီး အသားဓာတ်အဓိကလိုအပ်ပြီး အဆီများတဲ့အစားအစာတွေကို ရှောင်ကျဉ်သင့်တယ်လို့လည်း ဖော်ပြထားပါသေးတယ်။

အိုသွေးပိုင်ရှင်တွေကတော့ အသားဓာတ် ( ပရိုတိန်းဓာတ် ) ပါဝင်တဲ့အစားအသောက်တွေကို ပိုမိုစားသုံးသင့်ပါတယ်လို့လည်းဆိုပါတယ်။

အေဘီသွေးပိုင်ရှင်တို့အတွက် အစားအသောက်ပုံစံ

အေဘီသွေးပိုင်ရှင်တို့အတွက်ကတော့

– အသီးအနှံတွေ၊ တို့ဖူး၊

– နို့ထွက်ပစ္စည်းတွေ

– အသားငါးအမျိုးမျိုးတို့ကိုစုံလင်စွာ စားသင့်ပါတယ်။

အေဘီသွေးပိုင်ရှင်တွေကတော့ ပြောင်းဖူး၊ ပဲအချို့နဲ့ အခွံမာသီးတွေကလွဲရင် အာဟာရစုံအောင်ရောနှောစားသင့်တယ်လို့ဖော်ပြထားပါတယ်။

အချုပ်ပြောရမယ်ဆိုရင်တော့ သွေးအုပ်စုအလိုက် အစားအစာတွေခွဲခြားစားသုံးခြင်းဟာ လုံးဝမှန်ကန်ကြောင်းကိုတော့ လက်ရှိချိန်ထိ ငြင်းခုန်နေကြဆဲဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ မတူညီတဲ့အတွက်လည်း လူတိုင်းနဲ့လည်းကိုက်ညီခြင်မှ ကိုက်ညီမှာပါ၊ ဒါပေမယ့် ၄အုပ်စုလုံးအတွက် အစားအစာတွေဟာ ကျန်းမာရေးနဲ့လျော်ညီစွာ စားသုံးမှုတွေကိုအားပေးတဲ့အတွက် ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေနိုင်ကြောင်းကိုတော့ လေ့လာမှုတွေအရတွေ့ရှိထားရပါတယ်။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကြက်သွန်နံ့ကို ဘယ်လိုဖျောက်မလဲ

ကြက်သွန်နီ ကြက်သွန်ဖြူ ခံတွင်း ရေသောက်ပါ တံတွေး သွားတိုက်ပါ Green Tea အသီးအနှံ ပီကေဝါးပါ ခံတွင်းသန့်ဆေး ပန်းသီးရှာလကာရည် လျှာကို ပွတ်တိုက်သန့်စင်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သွေးတိုးရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် စားသောက်နည်းလမ်းညွှန်

သွေးတိုးရောဂါ ကိုယ်ဝန်ဆောင် ကျန်းမာရေးပြဿနာ ကိုယ်ဝန်ဆောင်မေမေ နာတာရှည် သွေးတိုးရောဂါ မိခင် ကလေး သွေးပေါင်ချိန် ကျန်းမာတဲ့ စားသောက်မှုပုံစံ သလဲသီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Collagen (သို့) နုပျိုခြင်းရဲ့ သော့ချက်

collagen အလှအပပိုင်းဆိုင်ရာ အသားအရေတင်းရင်းစိုပြေ ပရိုတင်းဓာတ် အရေးအကြောင်း ခရမ်းလွန်ရောင်ခြည် ဆေးလိပ်သောက် အချိုဓာတ် ဗီတာမင် C အရိုးပြုတ်ရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အမျိုးအစား ၁ ဆီးချိုအတွက် စားသောက်မှုပုံစံ

အမျိုးအစား ၁ ဆီးချို သွေးတွင်းသကြားဓာတ် စားသောက်မှုပုံစံ ကိုယ်ခန္ဓာ ပဲအမျိုးမျိုး ဟင်းသီးဟင်းရွက် အဆီဓာတ် ကြက်သွန်နီ ကြွက်သား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးသေစေတဲ့ သဘာဝအစားအစာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read
နဂါးမောက်သီး နဲ့ အသားအရေ Glow ကြမယ်

နဂါးမောက်သီး နဲ့ အသားအရေ Glow ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 29, 2020 . 2 mins read
ကောင်းတဲ့အဆီ၊ မကောင်းတဲ့အဆီဆိုတာ

ကောင်းတဲ့အဆီ၊ မကောင်းတဲ့အဆီဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 24, 2020 . 2 mins read
ခြေသည်း မှိုစွဲတဲ့အခါ

ခြေသည်း မှိုစွဲတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 23, 2020 . 2 mins read