ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 10, 2020 . 3 mins read
Share now

ကြက်စွပ်ပြုတ်ဆိုတာ ချက်နည်းပြုတ်နည်း များများစားစားမလိုဘဲ အိမ်တိုင်း အလွယ်တကူချက်ပြုတ်လို့ရတဲ့ ဟင်းတစ်ခွက်ပါ။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း ကြက်စွပ်ပြုတ်သည် အစာကြေလွယ်စေပြီး ကိုယ်တွင်းအပူကျစေတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။ နေကောင်းတဲ့သူတွေအတွက်လည်း အာဟာရဖြစ်စေသလို နေမကောင်းတဲ့သူတွေအတွက်လည်း အဖျားတာတိုစေတဲ့ အာနိသင်ပါလို့ ရှေးယခင် နှစ်ပေါင်းများစွာကတည်းကနေ ယနေ့ခေတ်အထိ လူအများစုက ကြက်စွပ်ပြုတ်ကို အာဟာရဖြစ် ဆေးစာလို့ သတ်မှတ်ထားကြပါတယ်။

ခုလိုမိုးတွင်းကာလမှာဆိုရင် ဖျားနာတာ၊ ရောဂါဘယတွေ ဖြစ်လွယ်တဲ့အတွက် ကြက်စွပ်ပြုတ်ကို ပိုပြီးတောင် သောက်ပေးဖို့လိုအပ်ပါတယ်။ ခုဆိုရင် အပြင်မှာ ကိုဗစ်ကလည်း ဖြစ်နေတော့ မကြာခဏစျေးသွားဝယ်ဖို့ မလွယ်ကူနိုင်ဘူးဆိုပေမဲ့ တတ်နိုင်သလောက် တစ်ပတ်ကို တစ်ရက်လောက်ဖြစ်ဖြစ် ကြက်စွပ်ပြုတ်သောက်ပေးနိုင်ရင် တခြားအစားအစာကနေ လစ်ဟာသွားတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို အစားထိုးရရှိနိုင်ပါတယ်။

ဒါဆိုရင် ကြက်စွပ်ပြုတ်က ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုတာလဲ။

၁။ အူလမ်းကြောင်း ရှင်းပေးတယ်။ အစာကြေစေတယ်။

ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် အစာချေဖျက်ပေးနေတဲ့ အူလမ်းကြောင်း ကျန်းမာဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ်စားလိုက်တဲ့ မသန့်ရှင်းတဲ့ အစားအစာတွေ၊ အာဟာရမဖြစ်စေတဲ့ အရာတွေ၊ အဆိပ်အတောက်တွေဟာ အူလမ်းကြောင်းမှာ လာစုမိနေပြီး အချိန်ကြာလာတဲ့အခါ ဒဏ်ဖြစ်စေပါတယ်။ ကြက်စွပ်ပြုတ်ဟာ အူလမ်းကြောင်းကို သန့်စင်ပေးပြီး ကျန်းမာစေတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း အများအပြားပါဝင်တယ်။ ဝါးစရာမလိုတဲ့အတွက် အစာကြေလွယ်စေနိုင်ပါတယ်။ ဝမ်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၂။ အရိုးအဆစ်နာကျင်တာကို သက်သာစေတယ်။

ကြက်စွပ်ပြုတ်မှာ ပါဝင်တဲ့ glycosaminoglycans လို့ ခေါ်တဲ့ (ဂလူကိုစမင်းလို့ လူသိများတဲ့) ဓာတ်ပေါင်း တစ်မျိုးဟာ အရိုးအဆစ်တွေ နာကျင်ပြီး ရောင်ရမ်းတာကို သက်သာစေပြီး ပြုပြင်ပေးနိုင်တယ်။ ကော်လဂျင်ဓာတ်တွေ ထုတ်လွှတ်တဲ့ နေရာမှာလည်း အထောက်အကူပေးနိုင်တယ်။ ဒါကြောင့် အသက်အရွယ်မရွေး အရိုးအဆစ်ကျန်းမာရေးအတွက် ကြက်စွပ်ပြုတ်ဟာ ဆေးစာ တစ်လက်ပါပဲ။

၃။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။

ကြက်စွပ်ပြုတ်မှာ ပါဝင်တဲ့ အာဟာရဓာတ်ပေါင်းအများစုဟာ ကိုယ်ခံအားစနစ်နဲ့ အစာခြေစနစ်ကို မြှင့်တင်ပေးနိုင်လို့ ကိုယ်ခန္ဓာထဲ ရောဂါတွေ အလွယ်တကူ မဝင်လာနိုင်အောင် တားဆီးပေးနိုင်တယ်။ ကိုယ်တွင်းမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အဆီပိုတွေကို ကျစေနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာ အလုပ်လုပ်စေဖို့ အထောက်အကူပေးနိုင်ပြီး ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။

ဒါဆို မေးစရာရှိတာက ကြက်စွပ်ပြုတ်က ကိုဗစ်ကို ကာကွယ်ပေးနိုင်သလားဆိုပြီးပေါ်လာပါတယ်။ ကိုဗစ်ကာကွယ်ဆေးအနေနဲ့ ကြက်စွပ်ပြုတ်ဟာ အကျိုးမပြုပေးဘူးဆိုပေမဲ့ တခြားရောဂါတွေကို မဖြစ်အောင် ကာကွယ်တိုက်ထုတ်ပေးဖို့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတာဖြစ်ပါတယ်။ ကိုဗစ်ဖြစ်နေစဉ်ကာလမှာတောင် ကိုယ့်ပတ်ဝန်းကျင် လေထုထဲမှာ ကိုယ့်မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ အများအပြားရှိနေနိုင်တာကြောင့် တတ်နိုင်သလောက် ကိုယ်ခံအားကောင်းအောင်လုပ်ထားခြင်းက ခုလိုကပ်ဘေးကာလမှာ ကိုယ့်အိမ်မှာပဲ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ဖို့ ကူညီပေးနိုင်မှာပါ။

၄။ အရေပြားကို ကျန်းမာစေတယ်။

ကြက်စွပ်ပြုတ်ဟာ အရေပြား၊ ဆံသား၊ ဦးရေပြားနဲ့ ခြေသည်း၊ လက်သည်းတွေကို အံ့သြဖွယ်ကောင်းလောက်အောင် ကျန်းမာစိုပြေလှပစေနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ကြက်စွပ်ပြုတ်မှာ အဓိကပါဝင်တဲ့ ကော်လဂျင် – collagen ဓာတ်ဟာ အသားအရေကို ဝင်းမွတ်တောက်ပစေတယ်။ ဦးရေပြားကို ကျန်းမာစေပြီး အားဖြစ်စေနိုင်တယ်။ အနာကျက်မြန်စေလို့ အလှအပကို ဂရုစိုက်သူတွေ၊ ဆီးချိုရောဂါရှင်တွေ၊ အားကစားလိုက်စားသူတွေအတွက် အကောင်းဆုံး အာဟာရအစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အရေပြားဆိုတာ ကိုယ်ခံအားစနစ်ရဲ့ အပြင်ဘက်ဆုံးမှာရှိတဲ့ ခံစစ်အလွှာဖြစ်ပါတယ်။ ဒါကြောင့် အရေပြားက စိုစိုပြေပြေနဲ့ ကျန်းမာနေမှ ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲ မဝင်အောင် ကူညီပေးနိုင်မှာပါ။

၅။ အရိုးကြီးထွားသန်စွမ်းစေတယ်။

ကြက်စွပ်ပြုတ်မှာ ကိုယ်ခန္ဓာကြီးထွားစေဖို့ အသားဓာတ်တွေ၊ အရိုးသန်မာစေဖို့ ကယ်လ်စီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ဖော့စဖရပ်စ်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေလို မဟုတ်ပဲ အရိုး၊ အသားတွေကို ဆူပွက်နေတဲ့ ရေထဲ ထည့်ပြုတ်လိုက်တဲ့အခါ နဂိုရှိပြီးသား အာဟာရဓာတ်တွေကို အရည်တွေက စုပ်ယူသွားနိုင်ပါတယ်။ ဒါကြောင့် အသားကို စားရသလိုပဲ ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး အာဟာရလည်း ရှိစေတာပါ။

၆။ အအေးမိတုပ်ကွေး၊ ဖျားနာဝေဒနာကိုလည်း အမြန်ဆုံးသက်သာစေတယ်။

အပေါ်မှာပြောခဲ့သလိုပါပဲ။ ခုကာလက ကိုဗစ်ပိုးတွေ လျင်မြန်စွာပျံ့နှံ့နေတဲ့ကာလဆိုပေမယ့် တခြားရောဂါပိုးတွေက ပျောက်ကွယ်သွားတာမဟုတ်ပါဘူး။ အရင်အတိုင်းပဲ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေဆဲပါပဲ။ ဒါကြောင့် ခုလိုကပ်ဘေးကာလ ကိုယ့်အိမ်မှာပဲ ကိုယ်အေးချမ်းစွာနေထိုင်နေတဲ့အချိန်မှာ ကိုဗစ်မဟုတ်တဲ့ တခြားဖျားနာတာ၊ ရောဂါတွေကို မဖြစ်စေဖို့ ကြိုတင်ကာကွယ်ထားတာ၊ ဖြစ်လာခဲ့ရင်လည်း ဝေဒနာကို အမြန်ဆုံးသက်သာစေနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

ကြက်စွပ်ပြုတ် ​ပြုတ်တဲ့အခါ ဘာတွေသိထားသင့်လဲ။

အဓိကလိုအပ်တာက ကြက်သားတစ်ကောင်လုံးပါ။ အသားပါ ထည့်ပြုတ်လို့ရသလို အသားမပါဘဲ အရိုး၊ ခေါင်းသီးသန့်ထည့်ပြုတ်လို့လည်း ရပါတယ်။ မီးပြင်းပြင်းနဲ့ အချိန်တိုပြုတ်တာထက် မီးနည်းနည်းနဲ့ အချိန်ကြာကြာ (ညလုံးပေါက်ဆိုရင် ပိုအရသာကောင်းပါတယ်) ပြုတ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

သိထားဖို့လိုတာက ကြက်သားမှာ သူ့ရဲ့မူလအရသာများ ပါဝင်နေပြီး ဆား၊ ငံပြာရည် စတာတွေကို အနည်းအကျဉ်းသာ ထည့်ပေးရပါမယ်။ လုံးဝမထည့်ဘဲ အရသာပေါ့ပေါ့လေး ပြုတ်လို့လည်း ရပါတယ်။ အချိုမှုန့်၊ ကြက်သားမှုန့်၊ အရသာခဲ၊ အမွှေးခဲတွေ လုံးဝမထည့်ပါနဲ့။ ကြက်စွပ်ပြုတ်ကို တစ်နေ့ တစ်ခွက်မှသည် ထမင်းစားပြီးတိုင်း တစ်ခွက် (စုစုပေါင်း ၃ခွက်) လောက် သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ မသောက်ခင်မှာ အမြဲတမ်းနွှေးပေးပြီး ပူနေတဲ့ ဟင်းရည်ကိုပဲ သောက်ပေးပါ။ ကြက်သားကိုလည်း ရောဖက်စားပေးပါ။

ခုလိုကိုဗစ်ကာလမှာ စျေးလည်းခဏခဏ ထွက်မဝယ်နိုင်ဘူး၊ အိမ်မှာလည်း သိပ်မချက်ချင်ဘူးဆိုရင် နီးစပ်ရာစားသောက်ဆိုင်ကနေ မှာစားတာဖြစ်စေ၊ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ ကိုယ့်အိမ်မှာပဲ ကြက်စွပ်ပြုတ်လုပ်တာဖြစ်စေ ကိုယ့်အတွက် အဆင်ပြေသလို လုပ်ပေးနိုင်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးချိုအနာများ အကျက်မြန်စေရန်

ဆီးချိုရောဂါဟာ သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်တဲ့ခါ ဖြစ်ပွားပြီး အာရုံကြောများ၊ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Pfizer ကာကွယ်ဆေးနဲ့ Moderna ကာကွယ်ဆေး ဘာကွာသလဲ။

pfizer ကာကွယ်ဆေးနဲ့ moderna ကာကွယ်ဆေးက ရလဒ်ကောင်းပြီး အပြိုင်အဆိုင်ဖြစ်နေပေမယ့် တစ်ခုစီမှာ အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီရှိနေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ကမ္ဘာတစ်လွှားမှာ ကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်နေရသလို ဆုံးရှုံးနေရတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ကိုဗစ် ကပ်ဘေး Gym Mask ပိုးသန့်စင် ရောဂါပိုး ကူးစက် အရက်ပြန် အသက်ရှူ အလေးတုံး လေ့ကျင့်ခန်း ရေချိုး ချောင်းဆိုး နှာချေ နည်းပြဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 2 mins read
Probiotics နှင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး

Probiotics နှင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read