အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းတွေလောင်တဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဓါတုပစ္စည်းလောင်တာမျိုးကဖြစ်ခဲတယ်ဆိုပေမယ့် လုံးဝမဖြစ်ဘူးလို့ဆိုနိုင်တဲ့အရာတော့မဟုတ်ပါဘူး။ တစ်ခါတလေ အခန့်မသင့်တဲ့အခါမျိုးမှာလည်း ဓါတုပစ္စည်းလောင်တာမျိုးဖြစ်နိုင်ပါတယ်။ ဓါတုပစ္စည်းတွေလာင်တဲ့အခါ အရေပြားက ကျိန်းစပ်စပ်ဖြစ်ပြီး အရေပြားတစ်ရှုးတွေပျက်စီးနိုင်ပါတယ်။ ဓါတုပစ္စည်းလောင်တာကိုနေအိမ်မှာဖြစ်နိုင်သလို လုပ်ငန်းခွင်နဲ့ကျောင်းတွေမှာလည်းဖြစ်နိုင်ပါတယ်။ ကိုယ်ထိလက်ရောက်စော်ကားခံရတာ နဲ့ မတော်တဆဖြစ်ရပ်တွေကြောင့်လည်း ဓါတုပစ္စည်းလောင်တာမျိုးခံစားရနိုင်ပါတယ်။ များသောအားဖြင့်တော့ ဓါတုပစ္စည်းလောင်တာကိုပြင်းထန်တဲ့ ထိခိုက်မှုအဖြစ်ယူဆကြပြီးဆေးကုသမှုခံယူဖို့ တိုက်တွန်းလေ့ရှိကြပါတယ်။

ဒါပေမယ့်ဖြစ်ဖြစ်ချင်းမှာ ကိုယ်တိုင်လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်။ ဒါကြောင့် ဓါတုပစ္စည်းတွေလောင်ကျွမ်းတဲ့အခါ ဘယ်လိုပြုစုမှုတွေလုပ်ရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေပြောပြပေးမယ်နော်။

ဒီအချက်တွေကြောင့် ဓါတုပစ္စည်းလောင်တာမျိုးဖြစ်နိုင်ပါတယ်

နေ့စဉ်အိမ်သန့်ရှင်းဖို့သုံးနေတဲ့အရာတွေ နဲ့ အမျိုးမျိုးသောပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတွေ အသုံးပြုနေတဲ့အရာတွေကြောင့် ဓါတုပစ္စည်းလောင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ကြိုတင်သတိထားနိုင်ဖို့ ဒီကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။

  • အစွန်းချွတ်ဆေးတွေ
  • ဘိလပ်မြေ
  • အိမ်သာသန့်စင်ဆေးရည်တွေ
  • သံသတ္တုတွေကိုချေးချွတ်ရာမှာသုံးတဲ့ဆေးရည်တွေ
  • ရေကူးကန်သန့်ရှင်းရေးအတွက်သုံးတဲ့ဆေးရည်တွေ
  • ဘက်ထရီအက်ဆစ်
  • ဓါတ်မြေသြဇာ
  • တင်ဒါဆေးရည် လိုမျိုးအရာတွေကြောင့် အရေပြားမှာလောင်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။

ဓါတုပစ္စည်းလောင်တဲ့အခါဖြစ်နိုင်တဲ့လက္ခဏာတွေက

များသောအားဖြင့်တော့ ဓါတုပစ္စည်းလောင်ကျွမ်းတာက မျက်နှာမျက်လုံးလက်မောင်း နဲ့ခြေတွေလက်တွေမျာ အဖြစ်များပါတယ်။ အချို့သောပစ္စည်းတွေက အပေါ်ယံအရေပြားလောက်ကိုပဲလောင်ကျွမ်းစေတာဆိုပေမယ့် အချို့သောအရာတွေကတော့ အရေပြားအတွင်းပိုင်းကတစ်ရှုးတွေအထိ ထိခိုက်ပျက်စီးနိုင် ပါတယ်။ အရင်ဆုံးဒဏ်ရာရဲ့ပြင်းထန်မှုကို သိအောင်လုပ်ဖို့လိုပါမယ်။

အရမ်းမပြင်းထန်တဲ့အခါ

အရမ်းပြင်းထန်တဲ့အခါ

တကယ်လို့ သင့်အနေနဲ့ ဓါတုပစ္စည်းလောင်တာက မျက်လုံး၊ ပါးစပ်အတွင်းပိုင်းမှာဖြစ်မယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံကို အမြန်ဆုံးသွားရောက်တာက အကောင်းဆုံးသောနည်းလမ်းပါ။

ဓါတုပစ္စည်းလောင်တဲ့အခါ သတိပြုရမယ့်အချက်တွေက

ကိုယ့်ကိုယ်ကို ကာကွယ်ပါ

  • ဓါတုပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ လက်အိတ်ဝတ်တာလိုမျိုး အကာအကွယ်ဖြစ်စေမယ့်အရာတွေကို ဝတ်ဆင်ပြီးမှ ကိုင်တွယ်ပါ။
  • ဓါတုပစ္စည်းတွေကို အရေပြားနဲ့ တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ပါနဲ့။

ထိခိုက်မိတဲ့နေရာကို သန့်စင်ဆေးကြောပေးပါ

  • ဓါတုပစ္စည်းလောင်သွားတဲ့နေရာကိုရေအေးအေးထဲမှာ အနည်းဆုံး မိနစ် ၂၀လောက်စိမ်ထားပေးပါ။ရေစိမ်ထားဖို့မလွယ်ရင်ရေအေးအေးနဲ့ လောင်းပေးလို့လည်းရပါတယ်။ အဆက်မပြတ်လောင်းပေးဖို့တော့လိုပါမယ်။
  • ဓါတုပစ္စည်းလောင်တဲ့နေရာကို ဆေးချလိုက်တဲ့ရေတွေက အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီကို မရောက်သွားစေဖို့ သတိပြုပါ။
  • ရေအားပြင်းတဲ့ ပိုက်ကရေနဲ့ မဆေးချမိပါစေနဲ့။
  • ဓါတုပစ္စည်းလောင်တဲ့အခါ လက်ဝတ်ရတနာနဲ့ အခြားဝတ်ဆင်ထားတဲ့ အဆင်တန်ဆာတွေကို ချက်ချင်းချွတ်ပစ်ပါ။ အသားထဲနစ်ဝင်တာကနေ ကာကွယ်နိုင်ဖို့ပါ။
  • အရေပြားကိုလောင်စေနိုင်တဲ့ ဓါတုပစ္စည်းတွေကို အရေပြားပေါ်မှာခြောက်သွားတဲ့အထိထားတာမျိုးမလုပ်ပါနဲ့။
  • ဓါတုပစ္စည်းလောင်တဲ့နေရာကိုantibiotic cream လုံးဝမလူးပါနဲ့။

ဓါတုပစ္စည်းလောင်တဲ့နေရာကို တစ်ခုခုနဲ့ဖုံးအုပ်ထားပေးပါ

ဓါတုပစ္စည်းလောင်သွားတဲ့နေရာကို ပိုးသတ်ထားတဲ့ခြောက်သွေ့သန့်ရှင်းသော ပတ်တီးစ ခပ်ပါးပါးလေးနဲ့ အုပ်ထားပေးပါ။ပြင်ပကရောဂါပိုးတွေ ဝင်ရောက်တာမျိုးမဖြစ်အောင်ကာကွယ်နိုင်ဖို့အတွက်ပါ။

အိမ်သန့်ရှင်းရေးနဲ့ အပေါ်မှာပြောခဲ့တဲ့ပစ္စည်းတွေကြောင့်ပဲ အရေပြားလောင်တာမျိုးတွေဖြစ်စေနိုင်တာမဟုတ်ပါဘူး။ ဆံပင်အသားအရေနဲ့ခြေသည်းလက်သည်းတွေအတွက် အသုံးပြုတဲ့ပစ္စည်းတွကို မှားယွင်းသုံးစွဲမိမယ်ဆိုရင်လည်း အရေပြားလောင်ကျွမ်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေပြားမှာ မတော်တဆလောင်ကျွမ်းတဲ့အခါ အရမ်းမပြင်းထန်ခင်သေချာဂရုစိုက်ပေးဖို့ပြောပါရစေနော်…

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

    စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံတွေ ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ

    ဝက်ခြံလို့ဆိုလိုက်ရင် လူတိုင်းက အရေပြားပေါ်က နီနီရဲရဲ နဲ့ ထိပ်နားမှာ ပြည်လိုလေး စုနေတဲ့ ဖုတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ

    မျက်နှာပေါ်မှာ အဖုသေးသေးလေးတွေ အများကြီး ပေါက်နေတယ်။ ဒါပေမယ့် ညှစ်လိုက်ရင် အဆံဖြူဖြူလေးတွေ ထွက်တယ်။ ဘာလေးတွေလဲ။ ဝက်ခြံလား။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ပြီးပြည့်စုံတဲ့ မျက်စိကျန်းမာရေးအတွက် ဘာတွေဂရုစိုက်သင့်သလဲ။

    မျက်စိအဆုံး နားအရှုံး ဖြစ်တာကြောင့် မျက်လုံးကို သေချာ ဂရုမစိုက်လို့ အမြင်ကွယ်ပြီး အသက်ဆုံးရှုံးသွားတဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    သင့်အတွက် ရွေးချယ်ထားသည်

    ဆံသားနဲ့ဦးရေပြားကို ထိန်းသိမ်းပါ

    ဆံသားနဲ့ဦးရေပြား ကို ထိန်းသိမ်းပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
    အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

    Lupus ရှိရင် ချင်း (ဂျင်း) စားပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
    အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

    အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 2 mins read
    ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

    ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 2 mins read