မျက်နှာကို ထိရောက်စွာ ဘယ်လိုချေးချွတ်ကြမလဲ။
မျက်နှာကို ထိရောက်စွာ ဘယ်လိုချေးချွတ်ကြမလဲ။
AHA (glycolic နဲ့ lactic acid တို့လိုမျိုး alpha hydroxyl acid) သို့မဟုတ် BHA (salicylic acid လို့သိကြတဲ့ beta hydroxy acid)တွေနဲ့ ကောင်းမွန်စွာဖော်စပ်ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို နေ့စဉ်သုံးစွဲခြင်းက ကောင်းကျိုးတွေ ဖြစ်စေနိုင်တယ်ဆိုတာတော့ မေးစရာ မလိုပါဘူး။ ဒီပစ္စည်းတစ်ခုချင်းစီဟာ အိုမင်းရင့်ရော်တဲ့ လက္ခဏာနဲ့ ဝက်ခြံ တွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းတွေ အပါအဝင် ကောင်းကျိုးတွေ အများကြီးပေးနိုင်ပါတယ်။
အသားအရည်ဟာ သဘာဝအားဖြင့် နေ့တိုင်းသန်းနဲ့ချီတဲ့အရည်ပြားဆဲလ်တွေကို ခွာချပေးပါတယ်။ နေရောင်ခြည်ကြောင့် ေ သာ်လည်းကောင်း၊ ခြောက်သွေ့ခြင်း၊ အဆီပြန်ခြင်း၊မျိုးရိုး၊သို့မဟုတ် အခြားသော အရည်ပြားပြဿနာတွေကြောင့် ဒီသဘာ၀ ဖြစ်စဉ်နှေးကွေးသွားခဲ့ရင် သို့မဟုတ် ရပ်တန့်သွားခဲ့ရင်ဖြစ်လာမယ့် အကျိုးဆက်တွေကတော့အသားအရည် ညစ်လာတာခြောက်လာ တာနဲ့ ချွေးပေါက်ပိတ်ခြင်း၊ ဖုထစ်တွေဖြစ် လာခြင်း၊အဖြူဖုတွေပေါက်ခြင်း(white bumps) စတဲ့မညီညာတဲ့အသားအရည်တွေကို ဖြစ်စေတာ အပြင် အသား ရောင်မညီတာကိုပါ ဖြစ်စေနိုင်မှာ မလွဲပါဘူး။ ချေးချွတ်ခြင်းဟာ အရာအားလုံးကို ပြန်လည်ညီမျှကာင်းမွန် သွားအောင် လုပ်ဆောင်နိုင်ပါတယ်။ စုပုံလာတဲ့ အရည်ပြားဆဲလ်တွေကို ညင်သာစွာ ဖယ်ရှားပေးခြင်းက ချွေးပေါက်ပိတ်တာ ပြန်ပွင့်စေခြင်း၊ ဝက်ခြံထွက်တာရပ်သွားခြင်း၊ အရေးအကြောင်း မရှိ ချောမွတ်စေခြင်းနဲ့ခြောက် သွေ့တဲ့အသားအရည်ကိုတောင်ဒါက အရင်ကပါလို့ ပြောလို့ရနိုင်တဲ့အထိ အကျိုးရှိစေပါတယ်။
AHA နဲ့ BHA ချေးချွတ်ဆေးတွေက (exfoliants) ဘာတွေကွာခြားတာလဲ။
သေချာစနစ်တကျ ဖော်စပ်ထားတဲ့ AHA ရော BHA ရောဟာ အသားအရည်ကို ချေးချွတ်တဲ့နေရာမှာ တကယ်ကောင်းတဲ့ ပစ္စည်းတွေပါပဲ။ ၂မျိုးလုံးဟာ အရေးအကြောင်းတွေကိုလျှော့ချပေးခြင်း၊ ကော်လာဂျင်တွေကို လှုံ့ဆော်ပေးခြင်းနဲ့ အသားအရည်ပြန်လည်တင်းရင်းစေခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။ တစ်ခုချင်းစီမှာတော့ သူ့ထူးခြားချက်နဲ့သူ ရှိတာမို့ သင်ဘာကိုအသုံးပြုသင့်တယ်ဆိုတာ ဆုံးဖြတ်နိုင်ဖို့ တစ်ခုချင်းစီရဲ့ လုပ်ဆောင်ချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။
တကယ်လို့သင့်အသားအရည်ဟာ နေလောင်ခံထားရပြီး သင့်မှာဝက်ခြံတွေရှိနေတယ် ချွေးပေါက်တွေပိတ်နေတယ်ဆိုရင် သင်လုပ်နေကျ အသားအရည်ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်တွေထဲမှာ BHAကို ထပ်ထည့်လိုက်ပါ။ AHA နဲ့ BHA နှစ်မျိုးလုံးကို တစ်ပြိုင်နက်သုံးကြည့်ချင်တယ် ဆိုရင်တကယ်တမ်းတော့ ဒါကမလိုအပ်ပါဘူး။ လူအချို့ကတော့ တစ်ပြိုင်နက်သုံးလည်း အဆင်ပြေတယ် လို့ဆိုနေပေမယ့် သင် စမ်းကြည့်မယ် ဆိုအကောင်းဆုံး နည်းလမ်းကတော့ တစ်မျိုးကို နေ့ဘက်မှာလိမ်းပြီး တစ်မျိုးကိုညဘက်မှာလိမ်းခြင်းအားဖြင့် ခွဲလိမ်းလိုက်တာပါပဲ။
AHA သို့မဟုတ် BHA ချေးချွတ်ဆေးတွေကို ဘယ်လိုအသုံးပြုရမလဲ။
ချေးချွတ်ဖို့အတွက် ချေးချွတ်ပစ္စည်း (scrub)ကိုအသုံးပြုသင့်သလား။
Scrub ဆိုတာလည်း အသားအရည်ကိုချေးချွတ်ပေးနိုင်တာပါပဲ။ ဒါပေမယ့် သူ့မှာ အကန့်အသတ်တွေရှိတာကြောင့် AHA/BHA ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဒါကိုစိုးရိမ်စရာမရှိပါဘူး။ Scrubs တွေဟာ အသားအရည်ရဲ့ အပေါ်ဆုံးက superficial အလွှာကိုသာ သန့်စင်ပေးတာကြောင့် အခြားသော မကျန်းမာတဲ့ဆဲလ်တွေ စုပုံနေတဲ့အရည်ပြားဆဲလ် တွကိုတော့ scrubs က လက်လှမ်းမှီနိုင်မှာ မဟုတ်ပါဘူး။ တကယ့်ပြဿနာကတော့ scrubs တော်တော်များများဟာ ခပ်ကြမ်းကြမ်းဖြစ်နေတာမို့ ပွတ်တိုက်လိုက်တဲ့အခါ သေးငယ်တဲ့ စုတ်ပြဲမှုတွေဖြစ်စေပြီး အရည်ပြားကို ကာကွယ် ထားတဲ့အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ scrubs တွေဟာ များသောအားဖြင့် ပြဿနာကိုဖြေရှင်းပေးနိုင်တာထက် ပိုဆိုးစေတာက များပါတယ်။
တကယ်လို့ Manual scrub တွေကို သုံးချင်တယ်ဆိုရင် နေ့စဉ်သုံးနေကျ မျက်နှာသစ်ဆေးနဲ့ နူးညံ့တဲ့သဘက်စ(washcloth)လေးကို အသုံးပြုခြင်း က cosmetic scrub တွေလုပ်ပေးနိုင်သလိုပဲ အသားအရည်မျက်နှာပြင်ကို ချေးချွတ်ပေးနိုင်ပါတယ်။ ပိုပြီးကောင်းတာက washcloths တွေဟာ ပိုပြီးနူးညံ့တဲ့အပြင် သူ့မှာ အဆီပြန်ပြီး ဝက်ခြံပေါက်တဲ့အသားအရည်တွေမှာ မလိုအပ်တဲ့ ချွေးပေါက်ပိတ်စေမယ့် ပစ္စည်းတွေ မပါဝင်တာပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။