သင့်တော်တဲ့ အဝတ်အစားနဲ့ ဦးထုပ်ကို ရွေးချယ်ခြင်း – အဝတ်အစား ဝတ်ဆင်ခြင်းက အရေပြားကို ကာကွယ်ဖို့ ကောင်းမွန်တဲ့ နောက်ထပ် ရွေးချယ်စရာ ဖြစ်ပါတယ်။ ချည်နဲ့ ရက်လုပ်ထားတဲ့ အင်္ကျ ီလက်ရှည်၊ ဘောင်းဘီရှည်တွေကို ရွေးချယ်သင့်ပါတယ်။ ဒီအဝတ်အစားတွေက နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်တွေကို အကောင်းဆုံးကာကွယ်မှု ပေးပါတယ်။ ဒါ့အပြင် စိုတဲ့ တီရှပ်တွေက ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့နေရာမှာ ခြောက်တဲ့ တီရှပ်တွေထက် လျော့နည်းပါတယ်။ အရောင်ရင့်တာက အရောင်နုတာထက် ကာကွယ်မှု ပိုပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာ၊ ဦးခေါင်း၊ နား နဲ့ လည်ပင်းတို့ကို အရိပ်ရဖို့ လျှာထိုးကြီးကြီးနဲ့ ဦးထုပ်ကို ဆောင်းသင့်ပါတယ်။ canvas လိုမျိုး ချည်သားတွေက သင့်အရေပြားကို ခရမ်းလွန်ရောင်ခြည်တွေကနေ အကောင်းဆုံး ကာကွယ်ပေးပါတယ်။ နေရောင်ခြည် ဖောက်ဝင်နိုင်တဲ့ အပေါက်တွေပါတဲ့ ကောက်ရိုးဦးထုပ်တွေကို ရှောင်ပါ။
နေကာမျက်မှန်များ – နေကာမျက်မှန်တွေက သင့်မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်မထိအောင် ကာကွယ်ပေးရုံတင်မကပဲ သင့်မျက်လုံးပတ်လည်က နူးညံ့တဲ့ အရေပြား ဧရိယာတွေကို နေမလောင်အောင်လည်း ကာကွယ်ပေးပါတယ်။ ပတ်ပတ်လည် ကာထားတဲ့ နေကာမျက်မှန်တွေက UVA နဲ့ UVB ကို ၁၀၀% နီးပါး တားဆီးပေးပါတယ်။ UVA ရော UVB ပါ တားဆီးပေးနိုင်တဲ့ နေကာမျက်မှန်တွေက အကောင်းဆုံး အကာအကွယ်ကို ပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။