Scrub လုပ်တိုင်း ကောင်းသလား………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 20, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

အသားအရေကို ​ကြည်လင်စေဖို့ Scrub လုပ်ကြတယ်နော်။ Scrub လုပ်တာက အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် Scrub ကို နည်းစနစ် မှန်မှန်လေး လုပ်တတ်မှလည်း အသားအရေက ကျန်းမာ​ကြည်လင်မယ်ဆိုတာ မမေ့ပါနဲ့။

Scrub လုပ်တာ အသားအရေကို ဘယ်လို အထောက်အကူပြုလဲ

အသားအရေကို ပုံမှန် Scrub လုပ်တာက အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။ ဆဲလ်သေတွေက အရေပြားပေါ်မှာ အလွှာတစ်ခုအနေနဲ့ ရှိနေကြပြီး အရေပြားရဲ့ အာဟာရစုပ်ယူနိုင်စွမ်းကို အဟန့်အတားဖြစ်စေနေပါတယ်။

ဆဲလ်သေတွေ အရေပြားပေါ်မှာ များလာတဲ့အခါ အသားအရေက ရေဓာတ်မပြည့်ဝတာအရွယ်မတိုင်ခင် အိုမင်းတာတွေ ဖြစ်လာနိုင်သလို အရေပြား ပိုးဝင်ကူးစက်လွယ်တာမျိုး ဖြစ်လာနိုင်ပါတယ်။

အရေပြား အပေါ်ယံလွှာ ကျန်းမာဖို့က အရေးကြီးပါတယ်။ ဒီလိုပြောရတာက အရေပြား အပေါ်ယံလွှာက ခန္ဓာကိုယ်ရဲ့ ရှေ့တန်းခံတပ်ပါ။ အရေပြားက အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ခံနိုင်ရည် နည်းလာပါတယ်။ ဒီလိုအခြေအနေမှာ အရေပြားက လိုအပ်တဲ့ အာဟာရတွေ စုပ်ယူနိုင်စေဖို့ အရေပြားကို သေချာလေး Scrub လုပ်ဖို့ လိုပါမယ်။

အရေပြားကို Scrub လုပ်တဲ့အခါ အသားအရေက

  • ချောမွေ့မယ်
  • နူးညံ့မယ်
  • အာဟာရစုပ်ယူမှု ကောင်းမယ်
  • သက်တောင့်သက်သာ ရှိမယ်
  • ချွေးပေါက်တွေ ပွင့်မယ်
  • အစိုဓာတ် ထိန်းပေးတယ် စတဲ့ အသားအရေကို အထောက်အကူပြုနိုင်တဲ့ အကျိုးကျေးဇူးကောင်း များစွာကို ရရှိစေနိုင်ပါတယ်။

Scrub လုပ်တိုင်းကောင်းရဲ့လား……….

Scrub က တစ်ပတ်ကို နှစ်ကြိမ်ဆိုတာက အများဆုံး လုပ်သင့်တဲ့အကြိမ်ပါ။ အသားကြည်တယ်ဆိုပြီး နေ့တိုင်းလုပ်တာက အသားအရေ ကြည်လင် ကျန်းမာစေဖို့ထက် အသားအရေကို ထိခိုက်စေဖို့ ပိုဖြစ်စေနိုင်ပါတယ်။
နောက်တစ်ချက် သတိထားရမှာက Scrub လုပ်ပြီးတိုင်း အသားအရေကို ပြန်လည် ရေဓာတ်ဖြည့်ဖို့ပါ။ ဒါမှ ဘေးကင်းပြီး အသားအရေကို ကျန်းမာစေနိုင်တဲ့ Scrub လေးဖြစ်တော့မှာပါ။ Scrub လုပ်တဲ့အခါမှာလည်း သဘာဝ ပစ္စည်းတွေနဲ့ လုပ်တဲ့ Scrub ရှိသလို ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့ Scrub တွေလည်းရှိပါတယ်။ ဘယ်လို Scrub အမျိုးအစားဖြစ်ဖြစ် တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ် အများဆုံး ၂ ကြိမ်က အလွန်ဆုံးပါ။ ဓာတုပစ္စည်းတွေပါဝင်တဲ့ Scrub တွေဆိုရင် တစ်ပတ်ကို တစ်ကြိမ် သူတို့ညွှန်တဲ့ အညွှန်းအတိုင်း လုပ်တာ အဆင်အပြေဆုံးပါ။
Scrub လုပ်တာက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားရာရောက်သလို ချွေးပေါက်တွေကို ပွင့်စေပြီး အသားအရေကို ​ကြည်လင်စေမှာပါ။ အသားအရေကို လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံး စုပ်ယူနိုင်အောင် ထောက်ပံ့ပေးမှာ ဖြစ်တာကြောင့် အသားအရေကို ကျန်းမာစေမှာပါ။ ဒါပေမယ့် ထပ်တစ်ခေါက်ပြောချင်တာက အသားအရေ ထိခိုက်မှုကင်းစေဖို့ တစ်ပတ်ကို ၂ ကြိမ်ထက်ပိုပြီး Scrub မလုပ်ကြပါနဲ့။

Scrub ကို လိုတာထက် ပိုလုပ်မိတဲ့အခါ

  • အရေပြား ပါးတာ
  • အသားအရေ လောင်တာ
  • အရေပြား နီမြန်းတာ
  • စပ်ဖျဉ်းဖျဉ်း ဖြစ်တာ
  • ခြောက်သွေ့တာ
  • အဖက်တွေ ကွာတာ
  • အရွယ်မတိုင်ခင် အိုမင်းတာ
  • ဝက်ခြံတွေ ထွက်တာ
  • ရှိပြီးသား ဝက်ခြံတွေ ပိုဆိုးလာတာ
  • အရေပြား ပိုးဝင်ကူးစက်တာ လိုမျိုး အရေပြားပြဿနာတွေ ဖြစ်လာနိုင်သလို အသားအရောင် ပြောင်းတာ၊ အမဲကွက်တွေ ဖြစ်တာလိုမျိုး ပြင်းထန်တဲ့ အရေပြား ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်သာ Scrub လုပ်ပါ။ Scrub လုပ်တဲ့အခါ လက်ချောင်းထိပ်လေးတွေ သုံးလို့ ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တာမျိုး မလုပ်ပါနဲ့။ Scrub လုပ်ပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးဖို့ သတိရပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Petroleum Jelly အကြောင်း သိသင့်သမျှ

ထိခိုက်ရှနာ အစိုဓာတ် အရေပြား အပူလောင်ဒဏ်ရာ moisturizer သေးခံလောင်ခြင်း မိတ်ကပ်ဖျက်ခြင်း ဆံပင် ဦးရေပြား ဓာတ်မတည့်ခြင်း ထိခိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အသားအရေအတွက် အကောင်းဆုံးဗီတာမင်များ

ဗီတာမင် D အသားအရေ ခရမ်းလွန်ရောင်ခြည် နေရောင်ခြည် ဗီတာမင် C Psoriasis ဗီတာမင်တွေ ဓာတ်တိုးဆန့်ကျင် ဗီတာမင် E

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အသားအရေအတွက် အကောင်းဆုံးအစားအစာများ

အသားအရေ အစားအစာ အာဟာရဓာတ် ဗီတာမင် E အဆီဓာတ်ကြွယ်ဝသောငါးများ ထောပတ်သီး သစ်ကြားသီး နေကြာစေ့ ကန်စွန်း ခရမ်းချဉ်သီး Green tea

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ပြည့်ဝမှန်ကန်မှုမရှိတဲ့အာဟာရနဲ့ အဖိုးအဖွားတွေရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး

အာဟာရတွေ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အသက်ရှူလမ်းကြောင်း တုပ်ကွေး ခန္ဓာကိုယ် အသက်ရှူစနစ် ဆီးချိုလေပြွန်ရောင်ရမ်းတာ အဆုတ်ရောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

မိုးရာသီမှာ အသားအရေလေး Glow စေဖို့ ဘာတွေစားမလဲ........

မိုးရာသီမှာ အသားအရေလေး Glow စေဖို့ ဘာတွေစားမလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 12, 2020

Mask ကြောင့် ထွက်တဲ့ ဝက်ခြံ ဘယ်လိုဖြေရှင်းရပါ့မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 12, 2020
မိုးရေ ချိုးခြင်း ရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား

မိုးရေ ချိုးခြင်း ရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 12, 2020
ရွှေဖရုံရွက် နဲ့ ကျန်းမာရေး

ရွှေဖရုံရွက် နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 12, 2020