backup og meta

နွားနို့ကပေးတဲ့ အသားအရေ ကျန်းမာရေး

နွားနို့ကပေးတဲ့ အသားအရေ ကျန်းမာရေး

အသားအရေ လှပမှုက အများကြားမှာ ထင်းခနဲ လှနေစေတဲ့ အချက်တစ်ခုပါ။ အသားအရေလှပမှုက မွေးရာပါဆိုတာထက် ကိုယ်တိုင် ထိန်းသိမ်းယူလို့ ရပါတယ်။ ဒီတစ်ခေါက်တော့ အသားအရေ လှပစေဖို့ နွားနို့လေးက ဘယ်လို ထောက်ပံ့ပေးသလဲဆိုတာကိုပြောပြပေးမယ်နော်။

နွားနို့က အသားအရေကို ဘယ်လို ထောက်ပံ့ပေးသလဲ

ဒီအတိုင်းပဲသောက်သောက်၊ ကော်ဖီတွေ လက်ဖက်ရည်တွေထဲပဲ ထည့်ဖျော်ဖျော်၊ သစ်သီးတွေနဲ့ပဲ တွဲဖျော်ဖျော် သောက်ရ အရသာရှိတဲ့ နွားနို့လေးက ကျန်းမာရေး အာနိသင်များသလို အသားအရေ အတွက်လည်း များစွာ အထောက်အကူပြုပေးပါတယ်။

အရေပြားပေါ်က ဆဲလ်သေတွေ ဖယ်ရှားပေးတယ်

နွားနို့နဲ့ ရေချိုးတာက အရေပြားကို အကောင်းဆုံးအားဖြည့်ပေးနိုင်တယ်လို့ အီဂျစ်ဘုရင်မ တစ်ဦးဖြစ်တဲ့ ကလီယို ပတ်ထရာက လက်ခံ ယုံကြည်ခဲ့ပါတယ်။ တကယ်လည်း ဒီယူဆချက်က မှန်ကန်နေတာပါ။ နွားနို့ အစိမ်းနဲ့ ရေချိုးတာက အရေပြားကို နူးညံ့စေပြီး အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အသားအရေကို အာဟာရဖြည့်ပေးပြီး နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ နွားနို့မှာပါတဲ့ lactic acid ကအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ပရိုတင်း နဲ့ အဆီက အသားအရေ ကြမ်းတမ်းတာကို သက်သာစေသလို အရေပြားခြောက်သွေ့မှု ကင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ နှင်းခူ အပါအဝင် အရေပြားပြဿနာတော်တော်များများကို သက်သာစေနိုင်ပါတယ်။

ဝက်ခြံ သက်သာစေနိုင်တယ်

နွားနို့မှာ အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်နေပါတယ်။ နွားနို့မှာပါတဲ့ ဗီတာမင် A က အသားအရေခြောက်သွေ့မှုကို ကင်းစေပြီး ဝက်ခြံ သက်သာစေဖို့ အားဖြည့်ပေးပါတယ်။

နွားနို့က ချွေးပေါက်တွေထဲမှာ ပိတ်ဆို့နေနိုင်တဲ့ အဆီပို နဲ့ အညစ်အကြေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးသလို lactic acid က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ မျက်နှာကို နွားနို့လိမ်းပေးတာက ဝက်ခြံ သက်သာစေသလို ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုပါ သက်သာစေမှာပါ။

သေချာသန့်စင်ထားတဲ့ မျက်နှာပေါ်ကို နွားနို့ကို ဂွမ်းစနဲ့တို့ယူလို့ တို့လိမ်းပေးရုံပါ။ ခြောက်သွားရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

ချွေးပေါက်တွေကို သန့်စင်ပေးတယ်

နွားနို့ကို oatmeal နဲ့ ရောပြီး မျက်နှာကို လိမ်းပေးပါ။ ပြီးရင် လက်ချောင်းထိပ်လေးတွေ သုံးလို့ နှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးတာက မျက်နှာ အသားအရေပေါ်က ဆဲလ်သေတွ၊ အဆီပိုတွေ၊ အညစ်အကြေးတွေနဲ့ ချွေးပေါက်တွေထဲမှာ ပိတ်ဆို့နေတဲ့ ညစ်ညမ်းတဲ့အရာတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ရုံပါ။

အစိုဓာတ် ထိန်းပေးနိုင်တယ်

နွားနို့မှာပါတဲ့ lactic acid က အရေပြားပေါ်က အစက်အပြောက်တွေကို သက်သာစေနိုင်ပြီး အသားအရေခြောက်သွေ့မှုကို ကင်းစေပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်ပေးတဲ့အပြင် ဝက်ခြံနဲ့ နေလောင်တာတွေကို သက်သာစေနိုင်ပါတယ်။

သေချာသန့်စင်ထားတဲ့ မျက်နှာပေါ်ကို နွားနို့အစိမ်းကို လိမ်းပေးလို့ ၁၅ မိနစ်ထားပါ။ ပြီးရင် ရေအေးအေးနဲ့ဆေးချလိုက်ပါ။ အသားအရေ နူးညံ့ပြီး အစိုဓာတ်ပြည့်ဝတာကို ခံစားရမှာပါ။

ခြေဖ​နောင့်ကွဲတာကို သက်သာစေနိုင်တယ်

ခြေဖနောင့်တွေကွဲတာကြောင့် စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ခြေဖနောင့်ကွဲတာကြောင့် နာတာကို သက်သာစေဖို့ ရေဇလုံတစ်ခုထဲကို နွားနို့ ၂ ခွက် ၊ရေနွေး ၄ ခွက်ရောပါ။ ပြီးရင် ခြေထောက်ကို စိမ်လို့ ဖနောင့်ကွဲတဲ့နေရာတွေကို ​ကြေးတွန်းကျောက်နဲ့ ပွတ်တိုက်ပေးပါ။ ပြီးရင် အခြောက်ခံပြီး တဘက်စသန့်သန့်နဲ့ သုတ်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် လုပ်ပေးရုံနဲ့ သိသာတဲ့ ရလဒ်ကို ရမှာပါ။ ဖနောင့်ကွဲတာကို သက်သာစေရုံမက ခြေထောက်ကို အစိုဓာတ်ပြည့်ဝနေစေမှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Top 5 Skin Benefits of Raw Milk and Beauty Tips https://bellatory.com/skin/Top-5-Skin-Benefits-of-Raw-Milk-Beauty-Tips Accessed Date 4 May 2020

12 Wonderful Benefits Of Raw Milk On Your Skin https://www.stylecraze.com/articles/wonderful-benefits-of-raw-milk-on-your-skin/ Accessed Date 4 May 2020

Does Milk Have Any Benefits for Your Facial Skin When Applied Topically? https://www.healthline.com/health/milk-for-face Accessed Date 4 May 2020

ယခုပုံစံ

06/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ နွားနို့သောက်ပါလို့ ပြောရတဲ့ အကြောင်းအရင်း

ညမအိပ်ခင် နွားနို့တစ်ခွက် ပုံမှန်သောက်ပေးပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement