backup og meta

သင့်ကို ချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကို ချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ

    မိတ်ကပ်လှလှလေးလိမ်းချင်ပေမယ့် ချွေးပေါက်တွေ ကျယ်နေလို့ဆိုပြီး စိတ်ညစ်နေတဲ့လေဒီလေးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။

    သင့်ကို ချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ

    မျက်နှာအသားအရေကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခု ချွေးပေါက်ကျယ်တာပါ။ ဒါ့အပြင် သင့်ကို ချွေးပေါက်ကို ကျယ်စေတဲ့ အကြောင်းအရင်းက တစ်ခုမက ရှိနေနိုင်ပါတယ်။ သင့်ကို ချွေးပေါက်ကျယ်စေတဲ့ အချက်ကရော ဘယ်အချက် ဖြစ်နိုင်မလဲ။

    • အသက်အရွယ် ကြီးရင့်လာတာကြောင့်

    အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ချွေးပေါက်တွေ က ကျယ်လာနိုင်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးလာတာနဲ့အမျှ အရေပြားမှာရှိတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ (ကော်လာဂျင်) နည်းလာတာကြောင့်ပါ။ ဒါကြောင့် အသက် ၃၀ကျော်လာတဲ့အခါ ချွေးပေါက်တွေ ကျယ်နိုင်ခြေက အရင်ကထက်ပိုများလာနိုင်ပါတယ်။

  • အသားအရေ အမျိုးအစားကြောင့်

  • အဆီပြန်တတ်တဲ့အသားအရေရှိသူတွေက အခြားသူတွေထက်ချွေးပေါက်ပိုကျယ်နိုင်ပါတယ်။ အရေပြားပေါ်က အဆီပိုတွေနဲ့ ဆဲလ်သေတွေက ချွေးပေါက်တွေထဲ ပိတ်ဆို့ပြီး ချွေးပေါက်ကို ပိုကျယ်စေနိုင်ပါတယ်။ ပေါင်းစပ်အသားအရေပိုင်ရှင် ဖြစ်မယ်ဆိုရင်တော့ မျက်နှာ တစ်ပြင်လုံးမဟုတ်ဘဲ T-Zoneနေရာဖြစ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မေးစေ့တို့မှာ ချွေးပေါက်ကျယ် စေနိုင်ပါတယ်။

    • အယ်လ်ကိုဟောကြောင့်

    အယ်လ်ကိုဟော သောက်သုံးမှုက အသည်းကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ သွေးကြောတွေနဲ့ အဆီဂလင်းတွေကိုပါ ကြီးစေနိုင်ပါတယ်။ ဒီလိုကြောင့် မေးစေ့နဲ့ နှာခေါင်း တစ်ဝိုက်က ချွေးပေါက်တွေကို ကျယ်စေနိုင်ပါတယ်။

    ကဲ.. သင့်ကို ချွေးပေါက်ကျယ်စေတဲ့ အချက်ကရော ဘယ်တစ်ခုဖြစ်မလဲ။

    ချွေးပေါက်ကျယ်တာကို သက်သာအောင်လုပ်လို့ရလား………….

    ချွေးပေါက်ကျယ်တာကို သက်သာအောင် လုပ်လို့ရပါတယ်။ ချွေးပေါက်ကျယ်တာကို သက်သာစေဖို့ အခုပြောမယ့် အလေ့အထလေးတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။

    • အသားအရေကို ပုံမှန် သန့်စင်ပေးပါ -ချွေးပေါက်တွေထဲက ပိတ်ဆို့နေတဲ့ အဆီတွေနဲ့အညစ်အကြေးတွေကို သန့်စင်ဖို့အတွက် မျက်နှာကို ပုံမှန်သန့်စင်မှုတွေလုပ်ဆောင်ပေးဖို့လိုပါမယ်။
    • မိတ်ကပ်ကို သတိထား ရွေးပေးပါ – ချွေးပေါက်ကျယ် တဲ့သူတွေ အနေနဲ့က အဆီများတဲ့ မိတ်ကပ်တွေ သုံးလို့ အဆင်မပြေပါဘူး။ အဆီများတဲ့ အလှကုန်တွေကချွေးပေါက်တွေကို ပိုကျယ်စေနိုင်ပါတယ်။ ညအိပ်ရာ ဝင်ခါနီးတိုင်း မှာလည်း မျက်နှာကို သေချာလေး သန့်စင်ပေးဖို့ လိုပါမယ်။
    • မျက်နှာပေါ်က ဆဲလ်သေတွေကိုပုံမှန် ဖယ်ရှားပေးပါ – အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်လောက် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ဒီလိုလုပ်ပေးတာက ဆဲလ်သေတွေချွေးပေါက်မှာ ပိတ်ဆို့မှုကြောင့် ချွေးပေါက်ကျယ်တာတွေ မဖြစ်အောင် အထိရောက်ဆုံး တားဆီးပေးနိုင်မှာပါ။ ဒီနေရာမှာ သတိထားရမယ့် တစ်ချက်က ဆဲလ်သေ ဖယ်ရှားတာကို အလွန်အကျွံ မလုပ်မိဖို့ပါ။

    ချွေးပေါက်ကျယ်တာကို သက်သာစေမယ့်အရာတွေက ဘာတွေလဲ……..

    ချွေးပေါက်ကျယ်တာကို သက်သာစေဖို့ အိမ်တွင်းကုထုံးလေးတွေကို လုပ်ဆောင်ပေးလို့ရပါတယ်။

    • ရွှံ့စေးနဲ့မျက်နှာပေါင်းတင်ပါ – ရွှံ့စေးနဲ့ပေါင်းတင်းတာက အဆီပြန်ချွေးပေါက်ကျယ်သူတွေအတွက် ထိရောက်တဲ့ အသားအရေထိန်းသိမ်းမှုတစ်ခုပါ။ မျက်နှာကိုသေချာလေးသန့်စင်ပြီး ရွှံ့စေးပေါင်းတင်အနှစ်ကို လိမ်းပေးပါ။ခြောက်အောင်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလိမ်းပေးပါ။
    • ဒိန်ချဉ် – ဒိန်ချဉ်မှာ လက်တစ်အက်ဆစ်ပါဝင်နေတာကြောင့် ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီးချွေးပေါက်တွေကို တင်းရင်းစေနိုင်ပါတယ်။ သန့်စင်ထားတဲ့မျက်နှာပေါ်ကို ဒိန်ချဉ်လူးပေးပြီး မိနစ် ၂၀ ခန့်ထားပါ။ ပြီးရင်ရေဆေးချလိုက်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလူးပေးဖို့ မမေ့ပါနဲ့။
    • ပန်းသီးရှာလကာရည် -ချွေးပေါက်ကျယ်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကို ရေနဲ့ဆတူရောပြီး ဂွမ်းစလေးနဲ့တို့လို့ မျက်နှာ အနှံ့မှာလူးပေးပါ။ ချွေးပေါက်တွေကိုသန့်စင်ပြီး တင်းရင်းစေပါတယ်။
    • လိမ္မော်ခွံ – ဖလေဗာနွိုက်ပါဝင်နေတာကြောင့် အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် လိမ္မော်ခွံလတ်လတ်ဆတ်ဆတ်ကို မျက်နှာပေါ်မှာ ပွတ်ပေးပါ။ ၅ မိနစ် ၁၀ မိနစ်ထားပြီး မျက်နှာသစ်ချလိုက်ပါ။
    • သံပရာရည်ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ကျဉ်းစေနိုင်ပါတယ်။ သံပရာရည်နဲ့ရေကို ဆတူရောပြီး မျက်နှာကိုလိမ်းပေးပါ။ ချွေးပေါက်တွေကို သန့်စင်တင်းရင်းစေနိုင်ပါတယ်။
    • ကြက်ဥအကာ – အဆီပိုတွေ ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို သန့်စင်ပေးနိုင်ပါတယ်။ သန့်စင်ထားတဲ့မျက်နှာပေါ်မှာ သံပုရာရည်နဲ့ရောထားတဲ့ ကြက်ဥအကာကို လိမ်းပေးပါ။ မိနစ် ၃၀လောက်ထားပြီးရေဆေးချပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement