မသန့်ရှင်းတဲ့ရေထဲ ရေကူးမိတဲ့အခါ…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 21, 2020 . 2 mins read
Share now

ပုံမှန်အားဖြင့် အဆင့်မြင့်ရေကူးကန်တွေမှာ ရေကို သန့်စင်ဖို့နဲ့ ပိုးမွှားတွေကို သေစေဖို့ ကလိုရင်းတွေကို သတ်မှတ်ထားတဲ့ ပမာဏတစ်ခု ထည့်ပေးရပါတယ်။ ကလိုရင်းပုံမှန် ခတ်ပေးထားတဲ့ ရေကူးကန်မှာသာ လူမျိုးမရွေး ကူးခတ်သင့်ပါတယ်။

ကိုယ်ကူးနေတဲ့ ရေကန်က ကလိုရင်း သေချာမခတ်ထားတဲ့အခါ၊ ရေကူးကန်သန့်ရှင်းရေး၊ ထိန်းသိမ်းရေး မလုပ်တဲ့အခါ၊ မြစ်၊ ချောင်းတွေမှာ သွားကူးတဲ့အခါ ရေထဲက ကပ်ပါးပိုးမွှားများ အရေပြားမှာ ကပ်တွယ်ပြီး အဖုအပိမ့်များထွက်ကာ ယားယံခြင်းကို ဖြစ်စေနိုင်ပါတယ်။

ရောဂါရဲ့ ဇစ်မြစ်

ဒီရောဂါကို Cercarial Dermatitis လို့ခေါ်ပြီး ကပ်ပါးပိုးမွှားကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတစ်မျိုး ဖြစ်ပါတယ်။ တိရစ္ဆာန်တွေဟာ ရေနားမှာ ကူးခတ်ကျက်စားရာမှ ကပ်ပါးပိုးမွှားများကို ရေထဲ စွန့်ထုတ်ပါတယ်။ ကလိုရင်း ပုံမှန်ခတ်တဲ့ ရေတွေမှာ ဒီပိုးမွှားတွေဟာ ချက်ချင်းသေသွားတတ်ပြီး လူတွေကို ဒုက္ခပေးနိုင်စွမ်း မရှိပါဘူး။ ဒါပေမယ့် မသန့်ရှင်းတဲ့ ရေနေရာတွေမှာတော့ ကပ်ပါးပိုးမွှားများဟာ ကောင်းစွာ ရှင်သန်နိုင်ပြီး လူ့အရေပြားထဲ ထိုးဖောက်ဝင်ရောက်ရာမှ ယားယံခြင်း၊ အဖုအပိမ့်များကို ဖြစ်စေနိုင်ပါတယ်။

ငှက်၊ ဘဲ၊ တွင်းအောင်းသတ္တဝါ၊ ကြွက်၊ ဘဲ အစရှိတဲ့ တိရစ္ဆာန်တွေမှာ ဒီလိုကပ်ပါးပိုးမွှားများကို တွေ့ရတတ်ပါတယ်။ အစပိုင်းမှာ ရေထဲကို စွန့်ထုတ်ရာမှ ခရုကောင်တွေမှာ ကပ်တွယ်ပြီး ထိုမှတစ်ဆင့် ရေထဲမှာ ကူးခတ်နေတဲ့ လူတွေရဲ့ အရေပြားထဲကို  ဝင်ရောက်ပါတယ်။ သွေးကြော သို့မဟုတ် နက်ရှိုင်းတဲ့ တစ်ရှူးထဲထိ ထိုးဖောက်နိုင်ခြင်း မရှိဘဲ အပေါ်ယံအရေပြားကိုသာ ထိုးဖောက်တာ ဖြစ်တဲ့အတွက် အသက်အန္တရာယ်တော့ မရှိနိုင်ပါဘူး။

ရောဂါလက္ခဏာများ

ရေထဲမှာ ကူးခတ်နေစဉ် ကပ်ပါးပိုးမွှားများသည် လူ့ရဲ့အရေပြားထဲ ထိုးဖောက်ဝင်ရောက်ပြီး ယားယံခြင်းဝေဒနာကို စတင်ခံစားရပါတယ်။ ရေထဲကနေ ပြန်တက်လာပြီး နာရီအနည်းငယ်ကြာတဲ့အခါ ယားယံတာ၊ အင်ပျဉ်ထတာတွေ ခဏတာ ရပ်တန့်သွားပါတယ်။ စစချင်းယားယံချိန်မှ နောက် ၁၀ – ၁၅ နာရီအတွင်း ယားယံခြင်းဝေဒနာကို ထပ်ခံစားရပြီး အနီရောင် အဖုသေးသေးလေးတွေ ဆက်တိုက်ပေါက်လာပါတယ်။ ထိုအဖုမှသည် အရည်ကြည်ဖုသို့ ပြောင်းလဲသွားပြီး ယားယံတဲ့ ဝေဒနာ ပိုဆိုးသွားတတ်ပါတယ်။ ရက်အနည်းငယ်မှ တစ်ပတ်ကျော်လောက်ထိ ဒီဝေဒနာကို ခံစားရနိုင်ပါတယ်။

ဘယ်လိုအခြေအနေတွေမှာ ပိုဆိုးသွားနိုင်လဲ။

ပုံမှန်အားဖြင့် ဒီကပ်ပါးပိုးကောင်တွေဟာ လူ့အပေါ်ယံ အရေပြားကိုသာ ထိုးဖောက်ဝင်နိုင်ပြီး သွေးကြောထဲထိတော့ မဝင်ရောက်နိုင်ပါဘူး။ အကယ်လို့ ယားယံတဲ့နေရာကို လက်သည်းဖြင့် ကုတ်ဖဲ့ရင်း သွေးထွက် အနာတရ ဖြစ်သွားတဲ့အခါ နဂိုအရေပြားထဲမှာ အောင်းနေတဲ့ ပိုးမွှားများအပြင် လက်သည်းထဲက ဖုန်၊ အညစ်အကြေးတွေပါ သွေးကြောထဲ ဝင်သွားပြီး အနာရင်းတာ၊ ပြည်တည်တာ၊ အရေပြားရောဂါများဖြစ်တဲ့အထိ ဆိုးသွားနိုင်ပါတယ်။

သေချာသန့်ရှင်းမှု မလုပ်ထားတဲ့ ရေကူးကန်များ၊ မြစ်ချောင်းအင်းအိုင်များမှာ မကြာခဏ ရေကူးတဲ့သူတွေအနေနဲ့ ရောဂါပျောက်ချိန် ပိုကြာနိုင်ပြီး ယားယံတဲ့ဝေဒနာက တစ်ခါကူးပြီးသွားတိုင်း ပိုဆိုးလာတတ်ပါတယ်။ အရေပြားနုနယ်သူတွေ၊ ထိခိုက်လွယ် အသားအရေမျိုးရှိသူတွေအနေနဲ့ မသန့်ရှင်းတဲ့ ရေတွေကို လုံးဝထိတွေ့ခြင်း မပြုသင့်ပါဘူး။

ဘယ်လိုကုသနိုင်မလဲ။

ပုံမှန်အားဖြင့် ထိုကပ်ပါးပိုးမွှားတွေဟာ တိရစ္ဆာန်တွေမှာသာ ရှင်သန်နိုင်ပြီး လူ့အရေပြားပေါ်မှာ အချိန်ကြာမြင့်စွာ အသက်ရှင်သန်နိုင်ခြင်း မရှိပါဘူး။ တိရစ္ဆာန်မှ စွန့်ထုတ်ပြီး ရေထဲမှာ ရောက်နေစဉ် ထိုမသန့်ရှင်းတဲ့ရေမှာ ရေကူးမိတဲ့အခါမှသာ လူ့အရေပြားထဲ မတော်တဆ ဝင်ရောက်သွားတာဖြစ်ပါတယ်။

ဒီအတွက် အရမ်းစိတ်ပူစရာမလိုဘူးဆိုပေမဲ့ ယားယံတဲ့ဝေဒနာက မခံမရပ်နိုင်အောင် ခံစားရလာရင် ကုတ်ဖဲ့ပြီး ဝေဒနာက ပိုဆိုးသွားတတ်ပါတယ်။ ဒီအတွက် ကိုယ်က မသန့်ရှင်းတဲ့ရေထဲ ရေကူးပြီး အင်ပျဉ်၊ အဖုအပိမ့်များထလာတယ်၊ အလွန်အမင်း ယားယံလာတယ်လို့ ခံစားမိရင် အရေပြားဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။

ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးရာဇဝင်၊ သောက်ဆေးများ၊ နေထိုင်စားသောက်မှုပုံစံများကို မေးမြန်းပြီးသည်နှင့် ယားယံခြင်းကို သက်သာစေမယ့် ဆေးဝါးများနဲ့ လိမ်းဆေးကို ညွှန်းပေးမှာ ဖြစ်ပါတယ်။ ဆေးညွှန်းအတိုင်း နေ့စဉ်လိမ်းပေးမယ်ဆိုရင် ဒီပြဿနာကို အချိန်တိုအတွင်း သက်သာပျောက်ကင်းသွားစေနိုင်မှာပါ။ နောက်ပိုင်းတွေမှာ ထပ်မဖြစ်အောင် ကာကွယ်ဖို့ မသန့်ရှင်းတဲ့ မြစ်ချောင်းအင်းအိုင်များ၊ ကလိုရင်းသေချာမခတ်ထားတဲ့ ရေကူးကန်တွေမှာ ရေကူးတာမျိုး တတ်နိုင်သလောက် ရှောင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ

ဓာတ်မတည့်စာ ဓာတ်မတည့်လက္ခဏာ မိဘမျိုးရိုး ကိုယ်ခံအားစနစ် အရေပြား အစားအစာ ကလေး ကြက်ဥ အစေ့အဆန် ပဲအမျိုးမျိုး ပင်လယ်စာ နွားနို့ အသက်ရှူကျပ် အင်ပျဉ် အရေးပေါ်ကုသ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

ကြက်စွပ်ပြုတ် အာဟာရ မိုးတွင်း ကျန်းမာရေး ကိုယ်ခံအား ဗီတာမင် အစာကြေ အရိုးအဆစ် ရောဂါပိုး ကိုဗစ် ကပ်ဘေး ချက်ပြုတ်ပြင်ဆင် အရေပြား အအေးမိတုပ်ကွေး ဖျားနာ စျေးဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း

ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read