ဆိုရီယေးစစ်လား အရေပြားကင်ဆာ လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 5, 2020 . 3 mins read
Share now

အရေပြားယားယံတာကို လူတိုင်းကြံဆုံဖူးကြပါတယ်။ အကြောင်းအရင်းအမျိုးမျိုးကြောင့် အရေပြားပေါ်မှာ အဖုအပိမ့်တွေ၊ အကွက်တွေပေါ်ထွက်လာပြီး ယားယံတတ်ပါတယ်။ အများစုကတော့ သာမန်ယားနာရောဂါတွေကြောင့်ပါ။ ဒါပေမယ့် သာမန်မဟုတ်တဲ့ အခြေအနေတွေလည်း ရှိပါသေးတယ်။ ဆိုရီယေးစစ် ဒါမှမဟုတ် အရေပြားကင်ဆာ တို့လို အခြေအနေတွေကြောင့်ဆိုရင်ပေါ့။

အရေပြားမှာ အကွက်တွေ၊ ယားယံစေတဲ့ အင်ပြင်လိုအရာတွေရှိလာတယ်ဆိုရင် ဘာဖြစ်လို့ဖြစ်မှန်းမသိစိုးရိမ်မိတတ်ကြတယ်မဟုတ်လား။ ပြီးတော့ လူတကာရှေ့မှာ ဟိုကုတ်ဒီကုတ် ကုတ်နေဖဲ့နေရတာကလည်း အမြင်မတင့်တယ်လှဘူးလေ။

ဒီလိုမျိုးဆိုရင် ကိုယ်ဘာဝေဒနာခံစားနေရတာလဲဆိုတာကို သေချာဆန်းစစ်နိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ မှန်ကန်တဲ့ကုထုံးတွေနဲ့ ကုသနိုင်မယ်ဆိုရင် ဝေဒနာမဆိုးရွားအောင် ကာကွယ်နိုင်ပြီပေါ့။

ဘာဝေဒနာလဲဆိုတာကိုသိဖို့ဆိုရင် ဆိုရီယေးစစ်နဲ့ အရေပြားကင်ဆာအကြောင်းကို အရင်ဆုံးနားလည်ထားဖို့ လိုအပ်မှာပါ။

ဆိုရီယေးစစ်ဆိုတာ

ဆိုရီယေးစစ် (Psoriasis) ဆိုတာ အရေပြားရောဂါတစ်မျိုးပါ။ အကြောင်းရင်းမရှိဘဲ ရုတ်တရက် အရေပြားမှာ အကွက်တွေပေါ်လာပြီး ယားယံတတ်ပါတယ်။ ဖြစ်လိုက်ပျောက်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးသလို အမြစ်ပြတ်ပျောက်အောင် ကုလို့လည်းမရသေးပါဘူး။ ဒါပေမယ့် လက္ခဏာသက်သာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေတော့ အများကြီးရှိပါတယ်။

အရေပြားဆဲလ်တွေ ပုံမမှန်ပွားတာကြောင့် အရေပြားမျက်နှာပြင်မှာ ဆဲလ်တွေစုပုံလာပြီး ထူထူကြီးဖြစ်လာတာပါ။ အင်ပျဉ်ထတာနဲ့ ပုံစံတူပါတယ်။ ယားယံပြီး စပ်ဖျဉ်းဖျဉ်းဖြစ်ပါတယ်။ နာတာရှည်အရေပြားရောဂါပါ။

အမျိုးအစား ၇ မျိုးလောက်ရှိပြီးတော့ ဒါက ခုခံအားကမောက်ကမဖြစ်တာ(Autoimmune)နဲ့ မျိုးရိုးဗီဇကြောင့်လို့ ယူဆကြပါတယ်။ ယောကျ်ားနဲ့ မိန်းမဖြစ်နှုန်းအတူတူပါပဲ။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ၁၅-၃၅ နှစ်ကြားက အဖြစ်အများဆုံးပါ။ မကူးစက်နိုင်တဲ့ရောဂါတစ်မျိုးပါ။

အရေပြားကင်ဆာဆိုတာ

အရေပြားကင်ဆာကတော့ ကင်ဆာရောဂါအမျိုးအစားတစ်မျိုးဖြစ်ပြီး အရေပြားဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကြီးထွားပွားများလာခြင်းဟာ အရေပြားကင်ဆာရဲ့ ဝိသေသလက္ခဏာတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ မကြာခဏထိတွေ့ရတဲ့ အရေပြားနေရာတွေမှာ ကင်ဆာဖြစ်နိုင်ချေပိုများလေ့ရှိပေမယ့် နေရောင်ခြည်နဲ့မထိတွေ့ရတဲ့ နေရာတွေမှာလည်း အရေပြားကင်ဆာ ဖြစ်နိုင်ပါတယ်။

အရေပြားကင်ဆာမှာ မျက်နှာ၊ လည်ပင်း စတဲ့ နေရောင်ခြည်နဲ့ ကြာရှည်ထိတွေ့ရတဲ့ နေရာတွေမှာ အများဆုံးဖြစ်လေ့ရှိတဲ့ Basal cell carcinoma ၊ နေရောင်ခြည်နဲ့ ထိတွေ့ဖန်များတဲ့နေရာတွေမှာ ဖြစ်တတ်တဲ့ Squamous cell carcinoma နဲ့ Melanoma ခေါ် မှဲ့ကင်ဆာဆိုပြီး အမျိုးအစား ၃ မျိုးရှိပါတယ်။

အရေပြားကင်ဆာလား? ဆိုရီယေးစစ်လား?

တစ်ခါတစ်လေကျ ကိုယ့်ခန္ဓာကိုယ်မှာ ယားယံတာ၊ အင်ပြင်လို အကွက်တွေထတာ၊ အဖုအပိမ့်ထတာတွေ ကြုံဆုံရတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ဘယ်လိုရောဂါမျိုးဖြစ်နေတာလဲဆိုတာကို ရောဂါလက္ခဏာတွေကိုကြည့်ပြီး ဆန်းစစ်သုံးသပ်လို့ရပါတယ်။ ဘာတွေကပိုဆိုးစေတာလဲ။ ရောဂါလက္ခဏာတွေက ဘယ်လိုတွေလဲဆိုတာကို လေ့လာကြည့်ရအောင်။

ဆိုရီယေးစစ်ရဲ့ လက္ခဏာတွေကတော့

  • အနီကွက်တွေထတာ၊
  • အရေပြားအရောင်ပြောင်းပြီး ဖြူစွတ်လာတာ
  • ခြောက်သွေ့ကွဲအက်ပြီး တစ်ခါတစ်ရံ သွေးယိုစိမ့်တာ
  • အပြင်းအထန်ယားယံတာ၊ နာကျင်မှုဝေဒနာခံစားရတာ
  • ခြေသည်းချိုင့်ဝင်ပျက်ယွင်းတာတွေပါပဲ။

အရေပြားကင်ဆာရဲ့ လက္ခဏာတွေကတော့ ရုတ်တရက် စမ်းသပ်စစ်ဆေးရခက်ပါတယ်။ ဒါပေမယ့် အကြမ်းဖျဉ်းသိနိုင်စေမယ့် လက္ခဏာတွေကတော့

  • အရေပြားအရောင်ပြောင်းလဲလာတာ (အဖြစ်အများဆုံးလက္ခဏာမျိုးပါ)
  • အရေပြားပေါ်မှာ ပုံမှန်မဟုတ်တဲ့ အစက်အပြောက်တွေ ပေါ်လာတာ၊
  • အရေပြားက ပြောင်ပြောင်ချောချောကြီးဖြစ်လာတတ်တာ၊
  • အရေပြား တင်းတင်းမာမာကြီးဖြစ်လာတာ၊
  • ခရမ်း၊ အဝါ၊ အပြာစတဲ့အရောင်အကွက်တွေ ပေါ်ထွက်လာတာ၊
  • အသား မာကြွပ်လာတာ၊
  • အရေပြားကနေ သွေးယိုလာတာ
  • မှဲ့ဆိုရင်လည်း ရုတ်တရက် အရာင်ပြောင်းလာတာ၊ အရွယ်အစားကြီးလာတာ စတာတွေပဲဖြစ်ပါတယ်။

ဖြစ်ပေါ်တဲ့နေရာတွေပေါ် မူတည်ပြီးလည်း ရောဂါကို အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။

ဆိုရီယေးစစ်ဟာ ခန္ဓာကိုယ်အနှံ့မှာဖြစ်ပေါ်နိုင်ပေမယ့် အများဆုံးဖြစ်ပေါ်တာကတော့ မျက်ခုံး၊ ဒူး၊ ဦးရေပြားနဲ့ နောက်ကျော၊ လက်တို့မှာပါပဲ။ ဆိုရီယေးစစ်ဟာ လက္ခဏာပေါ်လိုက်မပေါ်လိုက်ဖြစ်နေတတ်ပြီး တစ်ခါတစ်ရံ အချိန်အတန်ကြာ သူ့ဘာသာပျောက်သွားတတ်ပါတယ်။ ခန့်မှန်းရခက်တဲ့ရောဂါတစ်မျိုးပါ။

အရေပြားကင်ဆာကတော့ နေရောင်ခြည်နဲ့အထိများတဲ့နေရာတွေမှာ အဖြစ်များပြီး ဦးခေါင်း၊ မျက်နှာ၊ လည်ပင်း၊ ရင်ဘက်၊ လက်မောင်းနဲ့ လက်ချောင်းတွေမှာ အဖြစ်များပါတယ်။ အရေပြားကင်ဆာ ဟုတ်မဟုတ်ကိုတော့ အချိုးအစားမညီညာမှု၊ နယ်နိမိတ်၊ အရောင်၊ အကျယ်အဝန်းနဲ့ သက်ရောက်မှုတွေအပေါ်မူတည်ပြီးတွက်ချက်တယ်လို့ဆိုပါတယ်။

ဘယ်လိုကုသနိုင်မလဲ

ဆိုရီယေးစစ်ဟာ Autoimmune disease တစ်မျိုးဖြစ်တာကြောင့် ကုသလို့မရနိုင်ပါဘူး။ သက်သာအောင်ပဲ ကုစားလို့ရပါလိမ့်မယ်။ အကောင်းဆုံးကတော့ မတည့်တာတွေကို ရှောင်ကြဉ်တဲ့နည်းလမ်းဖြစ်ပါတယ်။

ဆိုရီယေးစစ်ကို သက်သာအောင်လုပ်နိုင်တဲ့ အချက် ၃ ချက်ရှိတယ်လို့ဆိုပါတယ်။

  • လိမ်းဆေးလူးတာဖြစ်ပြီး ဘယ်လိုဆေးမျိုးနဲ့သင့်လျော်တယ်ဆိုတာကို ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
  • Light therapy ဆိုတာကတော့ သဘာဝနေအလင်းရောင် ဒါမှမဟုတ် Special Ultraviolet (UV) အလင်းရောင်ကို အသုံးချပြီး ကုသတာပါ။
  • တတိယနည်းလမ်းကတော့ ဆေးထိုး၊ ဆေးသောက်တာလိုမျိုးနည်းလမ်းတွေနဲ့ ကုစားတာပါ။

ဒါပေမယ့် ဒီနည်းလမ်းတွေအားလုံးဟာ ရေတိုအတွက်ပဲ အဆင်ပြေနိုင်မှာဖြစ်ပြီးတော့ ရေရှည်အတွက်ဆိုရင်တော့

  • အရေပြားကို ထိခိုက်အနာတရဖြစ်တာတွေရှောင်ကြဉ်တာ (ထိခိုက်တာ၊ ပိုးမွှားကိုက်တာ၊ နေလောင်တာ)
  • စိတ်ဖိစီးမှုလျော့ပါးအောင်နေတာ
  • ဆေးလိပ်၊ အရက် ဖြတ်တာ
  • ဗီတာမင် D မချို့တဲ့အောင် ဂရုစိုက်နေထိုင်တာ
  • ကိုယ်အလေးချိန်လျှော့ချတာ
  • ရေပုံမှန်ချိုးတာ
  • အစိုဓာတ်ဖြည့်ကရင်မ် (Moisturizer) သုံးတာစတဲ့နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

အရေပြားကင်ဆာကိုတော့ စောစီးစွာသိရှိမယ်ဆိုရင် ကုစားလို့ရပါတယ်။

  • ခွဲစိတ်ကုသတာ၊
  • ဓာတ်ရောင်ခြည်ပြ ကုစားတာ၊
  • Chemotherapy လို့ခေါ်တဲ့ ဓာတုကုထုံးနဲ့ ကုသတာ၊
  • Photodynamic therapy (PDT) လို့ခေါ်တဲ့ အလင်းရောင်ကိုအသုံးပြုပြီး ဆဲလ်သေတွေကို ဖယ်ရှားတဲ့နည်းနဲ့ ကုသတာ၊
  • Biologic therapy လို့ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားကိုမြှင်တင့်ပေးတဲ့နည်းနဲ့ ကုစားတာတွေပါပဲ။

ရောဂါနှစ်မျိုးလုံးဟာ စောစောသိပြီး စောစောကုစားဖို့လိုအပ်တဲ့ရောဂါတွေဖြစ်ပြီး အချိန်ကြာလေလေ ကုစားရခက်လေလေဖြစ်တာမို့ ဘယ်လိုဝေဒနာမျိုးဖြစ်စေ စောလျှင်စွာကုစားဖို့ တိုက်တွန်းပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

အသားလေး ဖြူရင် ဘာဝတ်ဝတ်လှတယ်။ သူက ချစ်စရာလေးနော်။ အသားအရေလေး လှတာကိုး ဆိုတဲ့ စကား ငယ်ငယ်ကတည်းက ကြားဖူးမယ် ထင်တယ်နော်။ အသားအရေကျန်းမာစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သွေးလေးဖက်နာရောဂါနဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်တွေက ဘာတွေလဲ။

သွေးလေးဖက်နာ လေးဖက်နာရောဂါ အရိုးအဆစ်တွေပုံပျက် အရိုအဆစ်အမြစ်တွေရောင်ရမ်း Autoimmune အဆစ်တွေတောင့်တင်း ဆေးလိပ်သောက် အဝလွန်ခုခံအားကမောက်ကမဖြစ် နာတာရှည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လူမှုဆက်ဆံရေးကိစ္စရပ်များကို ကြောက်ရွံ့စိုးရိမ်တတ်ခြင်း

လူမှုရေးကိစ္စတွေကို စိုးရိမ်ပူပန်မှုများတဲ့ အခြေအနေကို Social Anxiety Disorder လို့ ခေါ်ဝေါ်ပါတယ်။ မိမိ မနှစ်ခြိုက်တဲ့ ပတ်ဝန်းကျင်ကို ရှောင်ရှားလိုတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ

နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read
ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ

သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read