COVID-19 ဖြစ်ပွားနေစဉ်မှာ လက်ကို မကြာခဏ ဆေးကြောဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ တိုက်တွန်းထားပါတယ်။ ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို ကာကွယ်ရေးအတွက် ထိရောက်တဲ့နည်းလမ်းဖြစ်ပေမယ့် ဆပ်ပြာကို တိုက်လွန်း၊ လက်ကိုဆေးလွန်းအားကြီးရင်လည်း အရေပြားရဲ့ ကာကွယ်နိုင်စွမ်းကို လျော့ကျစေနိုင်ပါတယ်။