ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 30, 2020 . 1 min read
Share now

တစ်နေ့တာလုံးမှာ အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့အခါ အိမ်ပြန်ရောက်ပြီဆိုရင် ဆံပင်ကို ခပ်မြင့်မြင့်လေးစည်း ဒါမှမဟုတ် ခပ်မြင့်မြင့်လေးထုံးပြီး ရေချိုး အနားယူပြီး ဒီအတိုင်း အိပ်ရာဝင်လိုက်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား။ မျက်နှာကို ဆံပင်တွေ ထိမိရင် ဝက်ခြံ ဖြစ်မှာလည်း စိုးတယ်။ ဆံပင်တွေနဲ့ လုံးထွေးပြီးလည်း မအိပ်ချင်လို့ပါ။ မနက်နိုးလာရင် ဆံပင်တွေ ရှုပ်ပွနေမှာကို မကြိုက်ဘူးလေဆိုတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဆံပင်ကို အိပ်ရာမဝင်ခင်မှာ စည်းပြီးမှ အိပ်တယ်၊ ထုံးပြီးမှ အိပ်တယ် ဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်ဖို့ လိုနေပါပြီ။

ညအိပ်တဲ့အခါ ဆံပင်စည်း မအိပ်သင့်ပါ

ညဘက် အိပ်တဲ့အခါ ဆံပင်စည်း မအိပ်သင့်ပါဘူး။ ဒီလိုပြောရတာက ဆံပင်ကို တင်းနေအောင် စည်းတာက ရေရှည်မှာ ဆိုးကျိုး များလို့ပါ။ နေ့ခင်းဘက်မှာ ကိုယ်တိုင်က ဆံပင်ချ ထားရတာကို မကြိုက်တာကြောင့်ဖြစ်ဖြစ်၊ အလုပ်ခွင် လိုအပ်ချက်ကြောင့်ဖြစ်ဖြစ်  ဆံပင်ကို ခပ်တင်းတင်း စည်းနှောင်ထားတာက ဆံသား နဲ့ ဦးရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ညအိပ်တဲ့အခါ ဆံပင်ကို ဖြန့်ချပြီး အိပ်တာက အသင့်တော်ဆုံးပါ။ ဆံပင်တွေကို လေဝင်လေထွက် ကောင်းစေသလို ဆံပင်ကျွတ်တာ၊ ဆံပင်အမြစ်တွေ ထိခိုက်တာ၊ ဦးရေပြား သွေးစီးဆင်းမှုကို ထိခိုက်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေး နိုင်တာကြောင့်ပါ။ ဆံပင်တွေ ကျိုးပျက်တာ၊ ပြတ်ထွက်တာတွေ မဖြစ်စေဖို့လည်း အထောက်အကူ ပေးနိုင်မှာပါ။

ဆံပင်ကို ချပြီး မအိပ်ချင်ဘူးဆိုရင်တော့ ဆံပင်ကို ခပ်ဖွဖွလေး စည်းထားတာမျိုး၊ ကျစ်ဆံမြီး ကျစ်အိပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ ဆံပင်ကို စည်းတယ်ဆိုတဲ့ နေရာမှာလည်း သားရေကြိုးတွေ၊ သတ္တုကြိုးတွေနဲ့ စည်းမယ့်အစား အဝတ်စထဲမှာ သားရေကြိုး ခပ်ပျော့ပျော့လေး ထည့်လုပ်ထားတာမျိုး နဲ့ စည်းပေးပါ။ အပွင့်အခက်တွေ၊ ကျောက်တွေ ကပ်ထားတာမျိုး မဟုတ်ဘဲ ရှင်းရှင်းလေး ဖြစ်တာမျိုး နဲ့ ခပ်လျော့လျော့လေး စည်းပေးပါ။

နောက်ဆုံး သတိထားရမှာ တစ်ချက်က  ညအိပ်ရာမဝင်ခင်မှာ ဆံပင်ကို အာဟာရ ဖြည့်ပေးနိုင်မယ့် အဆီတစ်မျိုးမျိုးကို ခပ်ပါးပါးလိမ်းလို့ ဆံပင်ကို သေချာလေး ဖြီးသင် ပေးဖို့ပါ။ ဒီလိုလုပ်ပေးတာက ဆံသားကို ကျန်းမာစေနိုင်သလို ဦးရေပြားကိုလည်း သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေတာကြောင့် ဆံသားနဲ့ ဦးရေပြားပြဿနာတွေ ဖြစ်ကြတဲ့ ဆံပင်ကျွတ်တာ၊ ဆံပင်အရှည်နှေးတာ၊ ဆံပင်ပါးတာ၊ ဆံပင်ဖြူတာ၊ ဗောက်ထတာ လိုမျိုး ပြဿနာတွေကို ကင်းစေမှာပါ။

ညအိပ်တဲ့အခါ ခန္ဓာကိုယ် သက်သောင့်သက်သာဖြစ်ပြီး ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အဝတ်အစားကို ချည်သား ပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ရသလို ဆံသားကိုလည်း လေဝင်လေထွက် ကောင်းစေဖို့ ဖြန့်ထားတာ၊ ခပ်ဖွဖွလေး စည်းပေးတာ၊ ကျစ်ဆံမြီး ကျစ်တာတွေ လုပ်ပေးပါ။ ဒါမှ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုကို ရရှိပြီး အသားအရေရော စိတ်ကျန်းမာ ကိုယ်ကျန်းမာမှာ ဖြစ်သလို ဆံသားလည်း ကျန်းမာ လှပမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ်ထွက်နိုင်ခြေ ...

ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ များသောအားဖြင့် ...

ရေးသားသူ Ye Myo Myat
အရေပြားကျန်းမာရေး, အလှအပ နိုဝင်ဘာ 30, 2020 . 3 mins read

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဒိန်ချဉ်ဟာ စျေးမကြီးတဲ့ အပြင် လွယ်လွယ်ကူကူလည်းရရှိနိုင်တဲ့ စားစရာတစ်ခုပါ။ ဒိန်ချဉ်သောက်ခြင်းကကောင်းကျိုးတွေ အများကြီး ပေးနိုင်တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

အောက်ခံဘောင်းဘီတွေ သေချာလျှော်ဖွတ်အခြောက်မခံဘဲ ဝတ်မိပြီဆိုရင်တော့ ယားယံတာ၊  အရေပြား မှိုရောဂါတွေဖြစ်ပွားစေနိုင်တာမို့ ဒါဟာပေါ့သေးသေး ကိစ္စတော့မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကိုယ်တိုင် ပျိုးထောင်ယူလိုက်ပါ။

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကိုယ်တိုင် ပျိုးထောင်ယူလိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 4 mins read
ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ကျန်းမာရေးအာနိသင်

ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ကျန်းမာရေးအာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read

ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေခြောက်နေရတဲ့ဘဝကို ဘယ်လိုလုပ်ရမလဲ…

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read