backup og meta

ဝက်ခြံရှိသူတွေ အသုံးပြုနိုင်မယ့် သဘာဝ အသားအရေထိန်း ပစ္စည်းလေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံရှိသူတွေ အသုံးပြုနိုင်မယ့် သဘာဝ အသားအရေထိန်း ပစ္စည်းလေးတွေ

    ဝက်ခြံရှိတဲ့သူလေးတွေက အသားအရေထိန်းသိမ်းမှုတွေလုပ်ချင်ပေမယ့် ရှိရင်းစွဲ ဝက်ခြံတွေ ပိုဆိုးလာမှာစိုးတာကြောင့် မလုပ်ဖြစ်ကြတာများပါတယ်။ ဒါကြောင့် သဘာဝပစ္စည်းလေးတွေနဲ့ပဲ အသားအရေထိန်းမယ်ဆိုတော့လည်း တည့်ပါ့မလားများစွာနဲ့ အတွေးရခက်နေသူလေးတွေရှိလား… ဒါဆိုရင်တော့ ဝက်ခြံအတွက် အသင့်တော်ဆုံး သဘာဝပစ္စည်းလေးတွေကို တူတူကြည့်လိုက်ရအောင်လား…………..

    ဝက်ခြံနဲ့ အသင့်တော်ဆုံး သဘာဝ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းလေးတွေက ဘာတွေများလဲ……

    ဝက်ခြံလေးတွေ သက်သာပြီး ​ကြည်လင်တဲ့ အသားအရေ ပိုင်ဆိုင်နိုင်စေဖို့ဆိုရင်

    Tea tree oil

    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားဖြစ်တဲ့ P. acnes ကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။  ဝက်ခြံသက်သာစေသလို နာကျင်ရောင်ရမ်းမှုကို သိသိသာသာလျော့ကျစေနိုင်မှာပါ။  ဝက်ခြံသက်သာစေသလို ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    Jojoba oil

    ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည် ကျန်းမာလာစေပါတယ်။ အနာကျက်မြန်စေနိုင်ပြီး ဝက်ခြံအမာရွတ်တွေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ ဝက်ခြံရောင်ရမ်းတာကို သက်သာစေနိုင်သလို နီးမြန်းတာကိုလည်း လျော့ပါးစေနိုင်ပါတယ်။ ဝက်ခြံကို အထိရောက်ဆုံး သက်သာစေဖို့ဆိုရင် တစ်ပတ်ကို ၃ ကြိမ်လောက် အသုံးပြုပေးရုံပါ။

    ရှား​စောင်းလက်ပပ်

    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။  ဝက်ခြံတွေကို သက်သာစေနိုင်သလို ဝက်ခြံ ထပ်ဖြစ်မလာအောင်လည်း ကာကွယ်ပေးပါတယ်။ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ကျန်းမာစေပါတယ်။ ၂ လလောက်ပုံမှန်အသုံးပြုပေးမယ်ဆိုရင် ဝက်ခြံ သိသိသာသာသက်သာလာစေမှာပါ။

    ပျားရည်

    ဝက်ခြံအပါအဝင် အရေပြားပြဿနာအမျိုးမျိုးအတွက် ရှေးယခင်ကာလတွေကတည်းက အသုံးပြုခဲ့​ကြတာပါ။ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် အသားအရေကို ​ကြည်လင်စေပြီး ချွေးပေါက်တွေကို သန့်စင်ပေးပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး အနာကျက်စေသလို ဝက်ခြံတွေကို သိသိသာသာ သက်သာစေမှာပါ။

    ကြက်သွန်ဖြူ

    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ရောင်ရမ်းမှုကို သက်သာစေပြီး အရေပြားကို ကြည်လင်စေနိုင်ပါတယ်။ အရေပြားမှာ အသုံးပြုပေးတာက အရေပြားလောင်တာမျိုးဖြစ်နိုင်တာကြောင့် ဝက်ခြံကင်းပြီး အသားအရေကြည်လင်ချင်တယ်ဆိုရင် ကြက်သွန်ဖြူ များများစားပေးပါ။

    Green tea

    Green tea မှာ catechins လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆီတွေကို သန့်စင်ပေးနိုင်ပြီး မွှေးညှင်းပေါက်တွေကို သန့်စင်ပေးနိုင်ပါတယ်။ ဆဲလ်တွေကို ကျန်းမာစေပြီး အသားအရေကို ကြည်လင်စေပါတယ်။ ဝက်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

    အုန်းဆီ

    အုန်းဆီက ရောင်ရမ်းမှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး နီမြန်းရောင်ရမ်းတာကို သက်သာစေပါတယ်။ ဝက်ခြံကို မြန်မြန်သက်သာစေပြီး အမာရွတ်မကျန်အောင်လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ အုန်းဆီ စစ်စစ်ဖြစ်ဖို့လိုပါမယ်။

    တမာရွက်

    ဘက်တီးရီးယားတွေကိုသေစေနိုင်ပြီး ဝက်ခြံကိုသက်သာစေသလို နာကျင်ရောင်ရမ်းတာကို သက်သာစေပါတယ်။ ချွေးပေါက်လေးတွေကို သန့်စင်ပေးပြီး ကြည်လင်တဲ့ အသားအရေကို ရရှိစေမှာပါ။

    သခွားသီး

    ရေဓာတ်ဖြည့်ပေးပြီး အသားအရေကို ​ကြည်လင်စေပါတယ်။ ဝက်ခြံနဲ့ အသားအရောင်မညီတာကို သက်သာစေနိုင်ပါတယ်။

    ကဲ…ဝက်ခြံရှိတယ် အသားအရေထိန်းသိမ်းချင်တယ်။ ဘယ်သဘာဝပစ္စည်းသုံးရမလဲ မသိဘူးဆိုတဲ့သူလေးတွေရေ………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement