backup og meta

မုတ်သုံရာသီမှာ ဆံပင်လေးတွေ ပုံကျလှပစေချင်တယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မုတ်သုံရာသီမှာ ဆံပင်လေးတွေ ပုံကျလှပစေချင်တယ်ဆိုရင်

    မိုးတွေရွာရင် ပျော်စရာကောင်းတယ်နော်။ မိုးရာသီက စိုက်ပျိုးရေးကို အားထားရတဲ့ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ရာသီတစ်ခုပေါ့။ မုတ်သုံစဝင်ရင် အရင်ဆုံးခံစားမိတာတစ်ခုက နွေရာသီတလျှောက် ပူပြင်းခဲ့သမျှ အပူဒဏ် သိသိသာသာ လျော့ကျသွားတာပါ။ မိုးရာသီက အနုပညာသမားတွေအတွက်တော့ တွေးလို့ကောင်း၊ ဆွေးလို့ကောင်းတဲ့အချိန်ပေါ့။ စိတ်ကူးယဉ်ဆန်တဲ့ လေဒီတို့အတွက်လည်း ပျော်စရာကောင်းတဲ့ အခိုက်အတန့်ပါ။

    ဒါပေမယ့် တိုးတက်လာမှုနဲ့အတူ ကပ်ပါလာတဲ့ လေထုညစ်ညမ်းမှုတွေကြောင့် မိုးရေတွေရဲ့ သန့်စင်မှု ကလည်း အားနည်းသွားခဲ့ပါပြီ။ ဒါကြောင့် မိုးရာသီမှာ စိတ်ကူးယဉ်ဆန်ဆန်နဲ့ မိုးရေထဲ ထီးမဆောင်း ဘာမဆောင်းနဲ့ လျှောက်မသွားဖို့ ပြောပါရစေ။ မိုးရေထဲမှာပါလာတဲ့ ဓာတ်အချို့က ဆံသားတွေကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့်ပါ။ခေါင်းကို မိုးရေစိုရင် ချက်ချင်းဖြစ်လာနိုင်မယ့် အကျိုးဆက်က ဆံပင်ကျွတ်တာပါ။ မိုးရေတွေ ဦးရေပြားကို ထိတွေ့တဲ့အခါ ဦးရေပြားကိုခြောက်သွေ့မှုဖြစ်စေပြီး ဆံပင်ကျွတ်တာကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုလိုမျိုး မိုးတွေရွာနေတဲ့ မုတ်သုံရာသီမှာ ဆံပင်လေးတွေ ကို ဂရုစိုက်ပေးသင့်ပါတယ်။

    မုတ်သုံနဲ့ ဆံပင်လေးတွေ ကျန်းမာရေး

    စိတ်ကူးယဉ်စရာကောင်းတဲ့ မုတ်သုံမှာ လတ်ဆတ်သင်းပျံ့တဲ့ရနံ့လေးရှိတဲ့ ဆံပင်လေးတွေ ပိုင်ဆိုင်ချင်ကြလားလေဒီတို့… ဒီလိုဆိုရင်တော့ အရင်ဆုံးလုပ်ရမှာက ဆံသားတွေကို မိုးမစိုအောင်ထိန်းသိမ်းရမှာပါ။ မုတ်သုံမှာ ဆံကေသာကို အခြားရာသီတွေထက် ပိုဂရုစိုက်ပေးဖို့လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ မုတ်သုံရာသီမှာ စိုစွတ်နေတဲ့မိုးရေက ဦးရေပြားကို သန့်ရှင်းမှုအားနည်းစေပြီး ဦးရေပြားကိုလည်း ခြောက်သွေ့စေနိုင်ပါတယ်။

    ဒီလိုအခြေအနေက ဦးရေပြားမှာ ဗောက်ထတာ၊ ဆံပင်ကျွတ်တာနဲ့ ခေါင်းကအနံ့ဆိုးထွက်တာ၊ ဦးရေပြားအဆီပြန်တာအပြင် အမျိုးမျိုးသော ဆံသားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မုတ်သုံရာသီတစ်ခုလုံးမှာ အနံ့ဆိုးကင်းပြီး ပုံကျလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့ဆိုရင် အခုပြောပြမယ့်နည်းတွေက အသုံးတည့်မှာပါ။

    လတ်ဆတ်သင်းပျံ့လှပနေတဲ့ ဆံကေသာပိုင်ရှင် လေဒီလေးဖြစ်ဖို့

    • Antibacterial shampoo သုံးပြီးခေါင်းလျှော်ပါ

    မိုးရာသီမှာ ဦးရေပြားက အဆီထွက်တာကြောင့် ဆံပင်တွေက စီးကပ်နေတာမျိုး၊ ဦးရေပြားမှာ ကပ်နေတာမျိုး ကြုံရနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းက ဆံပင်ကို ပုံမှန်လျှော်ပေးဖို့ပါ။ မိုးရေကြောင့် ဦးရေပြားမှာ မှိုပိုးကူးစက်တာနဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုးမဖြစ်စေဖို့အတွက်ဆိုရင် antibacterial shampoo သုံးပြီး တစ်ပတ်ကို နှစ်ကြိမ်ခေါင်းလျှော်ပေးပါ။

  • ခေါင်းလျှော်ပြီးတိုင်း Conditioner သုံးပေးပါ
  • မိုးရေထဲမှာ အက်ဆစ်ဓာတ် ပါဝင်နေနိုင်သလို ဖုန်မှုန့်နဲ့ အညစ်အကြေးတွေလည်း ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးတိုင်း conditioner သုံးပေးပါ။ ဆံသားကို သဘာဝ ဒဏ်တွေကနေ ကာကွယ်ပေးနိုင်စေဖို့ပါ။ မိုးရေကြောင့် ဆံသားပျက်စီးမှုကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတစ်ခုပေါ့။ ဆံသားကို ကာကွယ်ပေးရုံတင်မက ဆံသားရဲ့ ရနံ့ကိုပါ ကောင်းမွန်စေမှာပါ။ သတိထားရမှာ တစ်ချက်က conditioner သုံးပြီးတိုင်း ဆံပင်ကို တတ်နိုင်သမျှ သဘာဝအတိုင်း အခြောက်ခံပါ။

    • ဆံသားနဲ့သင့်တော်မယ့် ဘီးကိုရွေးချယ်ပါ

    မိုးရာသီမှာ ဆံပင်ကို ဘီးကျဲနဲ့ ဖြီးသင်တာက အကောင်းဆုံးပါ။ ရှုပ်ထွေးနေတဲ့ ဆံပင်ကို ရှင်းလင်းဖြီးသင်ရာမှာ အဆင်ပြေသလို ဆံပင်ကျွတ်တာကို သက်သာစေမှာပါ။ ဒါကြောင့် ဆံပင်ကို ဘီးကျဲနဲ့ ဖြီးသင်ပါ။

    • အာဟာရမျှတအောင် စားသုံးပေးပါ

    ဆံပင်တွေ ကျန်းမာသန်စွမ်းစေဖို့အတွက် အစာအာဟာရကိုလည်း သင့်တင့်မျှတအောင် စားသုံးပေးဖို့လိုအပ်ပါမယ်။ ခန္ဓာကိုယ်က အာဟာရကို လိုအပ်သလို ဆံပင်လေးတွေ ကျန်းမာဖို့လည်း ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလိုမျိုး အာဟာရဓာတ်တွေကို လိုအပ်မှာပါ။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ မက်ကာရယ်၊ ဆယ်လ်မွန်၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ သစ်ကြားသီး လိုမျိုး အစားအစာတွေကို ပါဝင်အောင်စားသုံးပေးရင် အသင့်တော်ဆုံးပါ။

    မိုးရာသီမှာ ဆံပင်လေးတွေ ကျန်းမာလှပစေဖို့ လိုက်နာရမယ့် အချက်အချို့

    • ဆံပင်တွေ ရေစိုလာရင် ပြန်လျှော်ပါ။
    • ဦးရေပြားကို မိုးရေစိုအောင် မထားပါနဲ့။
    • ဆံပင်ကို စိုနေတုန်း စည်းနှောင်တာမျိုး မလုပ်ပါနဲ့။
    • ရေများများသောက်ပြီး ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပါ။
    • တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ် အများဆုံး ၃ ကြိမ်ခေါင်းလျှော်ပေးပါ။
    • ဆံပင်နည်းနည်းလောက်ကျွတ်တာကို မစိုးရိမ်ပါနဲ့။ ဆံပင်တွေက နည်းနည်းတော့ ကျွတ်စမြဲပါ။
    • မိုးရေထဲသွားတဲ့အခါ ထီး၊ မိုးကာဆောင်းဖို့ မမေ့ပါနဲ့။
    • မိုးရာသီမှာ ဆံပင်ဖြောင့်တာ၊ ကောက်တာတွေကို ဖြစ်နိုင်ရင်မလုပ်ပါနဲ့။ ဆံသားထိခိုက်မှုက အခြားအချိန်တွေထက် ပိုဆိုးနိုင်လို့ပါ။
    • ခေါင်းမလျှော်ခင်မှာ ခေါင်းကို ဆီလိမ်းပြီး နှိပ်နယ်ပေးပါ။
    • ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေစားသုံးပေးပါ။
    • ဆံပင်စိုနေတုန်း ခေါင်းမဖြီးပါနဲ့။
    • ဆံပင်ကို အပူချိန်မြင့်တဲ့ Dryers သုံးပြီး အခြောက်ခံတာမျိုးမလုပ်ပါနဲ့။

    အခုပြောခဲ့တဲ့ အချက်လေးတွေအတိုင်း လိုက်လုပ်ကြည့်ပြီး စိတ်ကူးယဉ်စရာကောင်းတဲ့ မိုးရာသီမှာ သင်းပျံ့တဲ့ ဆံနွယ်လေးတွေနဲ့ စတိုင်ကျကျလှပနိုင်ကြပါစေလေဒီလေးတို့ရေ……

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement