ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်။ နေကောင်းနေချိန်မှာတောင် ဆီးသွား၊ ချွေးထွက်တာနဲ့ ဝမ်းသွားတာတွေကြောင့် ရဓာတ်ဆုံးရှုံးနိုင်ပါတယ်။ နေမကောင်းချိန်မှ ရေဓာတ်ဆုံးရှုံးမှုက ပိုမြန်ဆန်ပါတယ်။ အဖျား ၁၀၀.၂ ဒီဂရီဖာရင်ဟိုက်လောက်အထိ တက်သွားမယ်ဆိုရင် ရေဓာတ်ဆုံးရှုံးမှုက ၃ အောင်စလောက်အထိရှိပါတယ်။ ဒါက ချွေးထွက်တာ တစ်ခုတည်းကြောင့်ဖြစ်တဲ့ ဆုံးရှုံးမှုပါ။
ဖျားတာအပြင် အော့အန်မယ်၊ ဝမ်းသွားမယ်၊ နုံးချိပြီး စားချင်သောက်ချင်စိတ်ပါ ပျောက်မယ်ဆိုရင်တော့ ရေဓာတ်ဆုံးရှုံးမှုက ဒီထက်ပိုများနိုင်ပါတယ်။ ကိုယ်ခံအားကောင်းဖို့က ရေဓာတ်ပြည့်ဝဖို့ လိုတာကြောင့် ဒီလိုအခြေအနေက နေပြန်ကောင်းလာစေမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ရေဓာတ်မပြည့်ဝမှု ကိုယ်ခံအား အားပြန်ပြည့်ပြီး လုံးဝပကတိ ကျန်းမာလေဖို့ကို နှောင့်နှေးစေနိုင်ပါတယ်။
နေကောင်းခါစမှာ အာဟာရပြည့်ဝအောင် စားသုံးမှုနဲ့ ရေဓာတ်ပြည့်ဝအောင် သောက်သုံးပေးတာက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပြီး အမြန်ဆုံးပြန်လည် ကျန်းမာလာစေမှာပါ။ ဒါကြောင့် နေကောင်းခါစမှာ မစားချင်ရင်တေင် အစကြလွယ်မယ့် ဆန်ပြုတ်၊ စွပ်ပြုတ်၊ မြူစွမ်ပြုတ်တွေကို စားသုံးပေးရမှာဖြစ်သလို ရေဓာတ် ပြည့်ဝစေဖို့အတွက်လည်း ရေ၊ အုန်းစိမ်းရည်၊ ဓာတ်ဆားရည်၊ သစ်သီးဖျော်ရည်တွေ သောက်သုံးပေးရပါမယ်။ ရေမဆာရင်တောင်မှ ဆုံးရှုံးသွားတဲ့ ရေဓာတ် ပြည့်ဝစေဖို့ သောက်သုံးရပါမယ်။ ဒါမှ အစာခြေစနစ်၊ အသက်ရှူလမ်းကြောင်းတွေ ကျန်းမာပြီး ကိုယ်ခံအား မြန်မြန်အားပြည့်လာမှာပါ။
နေကောင်းပြီးစ အာဟာရပြည့်စေဖို့ ဘာတွေစားမလဲ……..
နေကောင်းစ လူတစ်ယောက်ဟာ အာဟာရပြည့်ဖို့ လိုအပ်တယ်ဆိုပေမယ့် အစားအစာတိုင်းကို စားလို့မဖြစ်ပါဘူး။ ဒါကြောင့် အာဟာရလည်းဖြစ် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေဖို့ဆိုရင်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။