backup og meta

ဆံပင်အဖျား နှစ်ခွတွေကို ဒီလိုဖြေရှင်းပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင်အဖျား နှစ်ခွတွေကို ဒီလိုဖြေရှင်းပါ

    ဆံပင်ကလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဆံပင်ကို သေချာဂရုစိုက်မှာ ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ ဆံပင် အဖျားနှစ်ခွဖြစ်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။

    ဆံပင် အဖျားနှစ်ခွဆိုတာ ဘာလဲ…………….

    ဆံပင် အဖျားနှစ်ခွဆိုတာ ဆံသားရဲ့ အဖျားမှာ ဆံပင်က တစ်ခုထဲမဟုတ်ဘဲ နှစ်ခုကွဲနေတာမျိုး တစ်ခါတလေ ၃ ခွ၊ ​၄ ခွလောက်အထိ ကွဲနေတာမျိုးတွေတောင်ရှိတတ်ပါတယ်။ အဖျားတွေက ခြောက်ဖွာပြီး ဒီလိုလေးတွေ ကွဲနေတာကို ဆံပင် အဖျား နှစ်ခွဖြစ်တယ်၊ လို့ ခေါ်တာပါ။

    ဘာတွေကြောင့် ဆံပင် အဖျားနှစ်ခွ ဖြစ်ရတာလဲ…….

    ဆံပင် အဖျား နှစ်ခွဖြစ်ရတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနိုင်ပါတယ်။

    ဆံပင်အဖျားနှစ်ခွကို သက်သာစေဖို့

    ဆံပင်အဖျားနှစ်ခွကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့

    ကြက်ဥအကာ

    ကြက်ဥက ဆံသားကို အားဖြည့်ပေးသလို ဆံပင်အဖျားနှစ်ခွဖြစ်တာကိုလည်း သက်သာစေနိုင်မှာပါ။ ဆံပင်အရောင် မွဲခြောက်ခြောက်ဖြစ်တာကို သက်သာစေပြီး ဆံသားကို နက်မှောင် တောက်ပြောင်စေမှာပါ။ ကြက်ဥအကာက ဆံသားကို အရင်း ကနေ အဖျားအထိ ပရိုတင်း ပြည့်ဝအောင် ဖြည့်ပေးနိုင်ပါတယ်။ ဆံသားကို အစိုဓာတ် ထိန်းပေးပြီး conditioner အဖြစ် အသုံးပြုပေးလို့ ရပါတယ်။

    ဘီယာ

    ဘီယာက သောက်လို့ကောင်းရုံတင် မဟုတ်ပါဘူး။ ဆံပင်အမြစ်တွေကို အားဖြည့်ပေးပြီး ပျက်စီးနေတဲ့ ဆံပင်ကို ပရိုတင်း ဖြည့်ပေးပါတယ်။ အဖျား နှစ်ခွဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဆံပင်ထူထဲစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဆံပင်အတွက် conditioner အဖြစ် အသုံးပြုလို့ ရပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို ဘီယာ လောင်းချပြီး ၂ မိနစ် ကနေ ၃ မိနစ်လောက် ထားလိုက်ရုံပါ။

    ပျားရည်

    ပျားရည်က အသားအရေကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်သလို ဆံသားကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ပျားရည်က ဦးရေပြားကိုရော ဆံသားကိုပါ ထိန်းပေးနိုင် ပါတယ်။ ပျားရည်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို ဆံပင်ကိုလည်း အရင်းကနေ အဖျားအထိ အားဖြည့်ပေးပြီး ဆံပင် အဖျားနှစ်ခွ ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဦးရေပြားပြဿနာ ကင်းစေဖို့လည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။

    သံပရာရည်

    သံပရာရည်က သဘာဝ conditioner ပါ။ ဆံသားကို အစိုဓာတ်ထိန်းပေးပြီး ဆံပင်ကျိုးပျက်တာ၊ အဖျားနှစ်ခွ ဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ ရေတစ်ခွက်စာထဲကို သံပရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်လို့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို ဆေးချပေးရုံပါ။ ခေါင်းလျှော်တိုင်း လုပ်ပေးလို့ရပါတယ်။

    Rose water

    Rose water က ရနံ့ကတင် လန်းဆန်းစေတာ မဟုတ်ပါဘူး။ အနာကျက်စေနိုင်သလို အရေပြားကို ထိန်းသိမ်းပေးပြီး ဆံသားကျန်းမာရေးကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ ဆံပင် အဖျား နှစ်ခွ ဖြစ်နေတယ်ဆိုရင် Rose water  လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေ လက်ဖက်ရည်ဇွန်း ၈ ဇွန်း တို့ကို ရောပြီး ဆံပင်မှာလူးပါ။ တစ်နာရီလောက် ထားလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။

    ငှက်ပျောသီး

    ငှက်ပျောသီးက ပိုတက်ဆီယမ် ကြွယ်ဝပါတယ်။ ငှက်ပျောသီး အမှည့်ကို  အုန်းနို့ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး ဆံသားကိုရော ဦးရေပြားကိုပါ နှံ့စပ်အောင် လိမ်းပေးပါ။ ၁ နာရီလောက် ထားပြီး သဘာဝ ခေါင်းလျှော်ရည် တစ်မျိုးမျိုးနဲ့လျှော်ချလိုက်ရုံပါ။

    ပန်းသီးရှာလကာရည်

    ဆံသားကို ပျော့ပျောင်း နူးညံ့စေနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို ရေ ၅၀၀ မီလိ လီတာနဲ့ ရောပြီး ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို လောင်းချပြီး ၁၅ မိနစ်လောက် ထားပေးပါ။

    ဒိန်ချဉ်

    ဒိန်ချဉ်ကသဘာဝ moisturiser ပါ။ ဆံပင် ကျိုးပျက်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ။ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၄ ဇွန်းစာထဲကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ကို ရောပြီး ခေါင်းမှာ လိမ်းပေးပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ရုံပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement