အခြေခံလိုအပ်သောအာဟာရအားလုံးပါဝင်စေမည့် ကျန်းမာသောစားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

-အစားအစာများ သည် သင်၏စိတ်ရောကိုယ်ပါကျန်းမာ ဖို့ အတွက် အာဟာရမျိုးစုံကို ထောက်ပံ့ပေးသည်။ အမျိုးစုံလင်လှသော အစားအသောက်များကို သင့်တော်သော အချိုးအစား နှင့် ပေါင်းစပ်စားသုံးခြင်းသည် သင့်ကျန်းမာရေးကို မြှင့်တင်ပြီး ရောဂါများကို ကာကွယ်နိုင်ဖို့ အတွက် အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည်။

ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံ

ကျန်းမာရေးနှင့်ညီညွတ်အောင်မည်သို့စားမည်နည်း။ အာဟာရဓါတ်အမယ်စုံကို အချိုးအစားမျှတစွာ စားသုံးတတ်ရပါမည်။ အစားအသောက် တစ်ခုချင်းစီတွင် အကျိုးအာနိသင်အသီးသီးရှိကြသည့် အတွက် အမယ်စုံအောင် စားမှသာလျှင် ခန္ဓါကိုယ်အတွက်လိုအပ်သော အာဟာရကိုရရှိနိုင်မည်။ ထို့ပြင် အာဟာရဓါတ်များစုံလင်အောင် စားသုံးပေးခြင်းဖြင့် အရသာနှင့်ပြည့်စုံစေပြီး ငြီးငွေ့ခြင်းမရှိဘဲ အမြဲတမ်းခံတွင်းကောင်းနေမည်ဖြစ်သည်။

ပါဝင်သင့်သောအစာအုပ်စုကြီး (၅)မျိုး

(၁)ဟင်းသီးဟင်းရွက်နှင့်ပဲအမျိုးမျိုး

အရန်ဟင်းအနေဖြင့် မုန်လာဥနီကြော် ၊ တရုတ်နံနံစသည်တို့ကိုအသုံးပြုနိုင်သည်။ နေ့လည်စာနှင့်ညစာတွင် အသီးအရွက်ကြော်၊ အရွက်သုပ် ၊ အစိမ်းကြော် ၊ ဟင်းရွက်ဟင်းချို စသည်တို့ကိုစားပေးနိုင်သည်။ ဟင်းသီးဟင်းရွက်များသည် အာဟာရဓါတ်ပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သည့်အတွက် လူတိုင်းစားပေးသင့်ပါသည်။

(၂)အသီးအနှံများ

အသီးအနှံများကို အဆာပြေသာမက အစားအသောက်များနဲ့ပါ တွဲဖက်စားသုံးနိုင်သည်။ နံနက်စာ ကွေကာအုပ် နဲ့ ငှက်ပျောသီး ၊ နံနက်ခင်း လက်ဖက်ရည် အတွက်ပန်းသီး၊ ဒိန်ချဉ် ထဲမှာ ဘယ်ရီသီး ထည့်စားခြင်း စသည်ဖြင့် သင် စားဖူးပါသလား။ မစားဖူးရင် ယခုပဲ စမ်းစားကြည့်ပါ။

(၃)အသား၊ ငါး ၊ ကြက်ဥ ၊ တို့ဖူး

အထက်ဖော်ပြပါ အစားအစာများမှာ ပရိုတိန်းဟုခေါ်သော အသားဓါတ်ကြွယ်ဝသည့်အတွက် မဖြစ်မနေစားပေးသင့်ပါသည်။ ပဲအမျိုးမျိုး ကို အဓိက အစာထဲမှာ ထည့်ချက်ပြီး မြေပဲ လက်တစ်ဆုပ်ကို သားရေစာ အဖြစ်စားခြင်းဖြင့် ပရိုတိန်းဓါတ် အစုံရရှိစေပါသည်။

(၄)အစေ့အဆန်များ (ဆန်၊ပြောင်း၊ဂျုံ အစရှိသည့်)

ထမင်း၊ ပါစတာ ၊ ခေါက်ဆွဲစသည်တို့ သည် ဆန်၊ပြောင်း၊ဂျုံ စသည့် အစေ့အဆန်မှရသော အစာများဖြစ်သည်။ သူတို့သည် ခန္ဓါကိုယ်အတွက်လိုအပ်သော စွမ်းအင်ကို အဓိကပေးသည်။ အစေ့အဆန်မှ ရရှိသော အစားအစာများ (ဥပမာ – ထမင်း )သည် အခြားအသား ၊ ငါး ၊ အသီးအရွက်တို့နှင့်စားသုံးပါက တစ်နပ်ကောင်းစွာ ရရှိပါသည်။ ဆန်လုံးညို ၊ ပေါင်မုန့်ကြမ်း၊ အမျှင်ဓါတ် ကြွယ်ဝသော ပေါင်မုန့် ဖြူ စသည်တို့ကိုလည်းစားပေးပါ။ ထိုအစားအစာများသည် အမျှင်ဓါတ် ၊ ဗီတာမင်နှင့် သတ္ထုဓါတ်များပါ ကြွယ်ဝသည်ကိုတွေ့ရသည်။

(၅)နို့ ၊ ဒိန်ချဉ် ၊ ဒိန်ခဲနှင့် အဆီလျှော့ထားသောနို့ထွက်ပစ္စည်းများ

သင်၏မနက်စာတွင် နို့တစ်ခွက် ၊ ဒိန်ခဲညှပ်ပေါင်မုန့် စသည်တို့ကိုထည့်စားပေးပါ။ ဟင်းသီးဟင်းရွက်ကြော် ၊ အသုပ်များထဲတွင်လည်းဒိန်ခဲကိုအသုံးပြုနိုင်သည်။

ရှောင်ရှားသင့်သော (သို့မဟုတ်) ရံဖန်ရံခါသာစားသင့်သောအစားအစာများ

ပြည့်ဝဆီ ၊ ဖြည့်စွက်သကြားပါသောအစားအစာများနှင့် ငန်သောအစားအစာများ ၊ အရက်နှင့် အာဟာရဓါတ်နည်းပါးသော အစားအစာများကိုရှောင်ကြဉ်သင့်သည်။ တစ်ခါတစ်ရံအနည်းငယ် စားနိုင်သော်လည်း ပင်မအစားအစာအဖြစ် မစားသင့်ပါ။ ဥပမာ-

  • ချိုလွန်းသောဘီစကစ်မုန့် ၊ ကိတ်မုန့် ၊ အချိုမုန့်များ
  • ကြက်ကြော် ၊ ဘာဂါ စသောအမြန်စား အစားအစာများ
  • အချိုဓါတ်ဖြည့်ထားသောနွားနို့
  • ရေခဲမုန့်
  • အာလူးကြော်နှင့် ဆီကြော်မုန့်များ
  • ခရင်မ် နှင့် ထောပတ်
  • အချိုရည်များနှင့် အရက်တို့ဖြစ်ကြသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဝက်ခြံဖြစ်လွယ်သူတွေအတွက် အသားအရေကို အထိရောက်ဆုံး ထိန်းပေးနိုင်မယ့် သဘာဝပစ္စည်းလေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့...........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေပိုင်ဆိုင်ဖို့ စားသုံးရမဲ့အစားအသောက်တွေသိရှိရုံနဲ့မပြီးသေးပါဘူး။ အရိုးကိုတဖြည်းဖြည်းအားနည်းစေနိုင်တဲ့ အစားအသောက်တွေရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အစားအသောက်တွေကနေ သင့်ဆီကို ဘာရောဂါပိုးတွေ ရောက်လာနိုင်သလဲ။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 4 mins read
ကလေးထိန်းပြီး ဝိတ်ချမလား

ကလေးထိန်း ပြီး ဝိတ်ချမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
သွေးတိုးရောဂါ (Hypertension)

သွေးတိုးရောဂါ (Hypertension)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 2 mins read