အရသာရှိသလို လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုလည်း တိုးတက်စေနိုင်ပါတယ်။ ဘလူးဘယ်ရီသီးလေးတွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကဆိုရင် ဦးနှောက်ထဲကို သွေးနဲ့
အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဘလူးဘယ်ရီစားသုံးပေးတာက မှတ်ဉာဏ်ကို တိုးတက်စေနိုင်သလို
အာရုံစူးစိုက်နိုင်စွမ်းကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
မနက်ခင်းမှာ နိုးနိုးချင်း လက်ဖက်စိမ်းရေနွေးကြမ်းလေး တစ်ခွက်လောက် သောက်လိုက်တာက တစ်နေ့တာလုံးမှာ လန်းဆန်းနေစေပြီး လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက မှတ်ဉာဏ်ကောင်းမွန်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေစေဖို့ အထောက်အပံ့ပေးပါတယ်။
အလုပ်ခွင်ထဲမှာ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေဖို့ စားပေးသင့်တဲ့ နောက်တစ်ခုကတော့ ထောပတ်သီးပါ။ ထောပတ်သီးမှာပါတဲ့ oleic acid က သွေးတွင်းကိုလက်စထရောကို ကျစေလို့ ခန္ဓာကိုယ်အနှံက အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ ဦးနှောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေပါတယ်။ထောပတ်သီးမှာပါတဲ့ အမျှင်ဓာတ်နဲ့ အဆီဓာတ်က အာရုံစူးစိုက်မှုကောင်းစေလို့ လုပ်ငန်းတာဝန်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အကူပြုပေးမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။