backup og meta

တစ်ခုခုစားပြီးတိုင်း အိမ်သာပြေးနေရပြီဆိုရင်

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ခုခုစားပြီးတိုင်း အိမ်သာပြေးနေရပြီဆိုရင်

    အခုပဲ စားလို့ပြီးတယ်။ တော်ကြာအိမ်သာထဲမှာ သွားပြန်ထုတ်နေရတယ်ဆိုရင် သင့်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေနိုင်ပါတယ်။ ဆေးပညာအရတော့ ဒါကို Postprandial diarrhea (PD) လို့ ခေါ်ပါတယ်။ တစ်ခုခုစားပြီးတိုင်း အိမ်သာပြေးနေရပြီဆိုရင် ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ကြည့်ရအောင်။

    Postprandial diarrhea (PD) ဆိုတာ

    ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် တစ်ခါတလေ ဘာကြောင့် ဖြစ်လို့ ဖြစ်မှန်း ရောဂါရှာမရတာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့ကြာချိန်ပေါ်လိုက်ပြီး နှစ်မျိုး ခွဲထားပါတယ်။ ရက်ပိုင်းကနေ ၂ပတ်လောက်ပဲဆို  Acute ရက်တို ဝမ်းလျှောတာလို့ ခေါ်ပါတယ်။ ရက်သတ္တပတ်ကနေ လနဲ့ ချီကြာလာပြီဆိုရင်တော့ Chronic နာတာရှည် ဝမ်းလျှောတာလို့ သတ်မှတ်ပါတယ်။ ကြာချိန်ပေါ်လိုက်ပြီး ဖြစ်တဲ့အကြောင်းရင်းတွေလည်း မတူပါဘူး။

    တစ်ခုခုစားပြီးတိုင်း အိမ်သာပြေးနေရပြီဆိုရင် ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

    လတ်တလော ဝမ်းလျှောတာ၊ ဖြစ်တာမကြာသေးဘူးဆိုရင် ဖြစ်နိုင်တာတွေကတော့

    • တုပ်ကွေးဖြစ်တာ

    Stomach fluလို့ ခေါ်ပါတယ်။ ရာသီတုပ်ကွေးလိုပဲ အအေးမိ ဖျားနာတတ်သလို ဝမ်းလည်း လျှောတတ်ပါတယ်။ အထူးသဖြင့် အစားစားပြီးရင်ပေါ့။

    ကိုယ်နဲ့ ဓာတ်မတည့်တာ တစ်ခုခု ဒါမှမဟုတ် မသန့်တာ တစ်ခုခုစားမိရင် စားပြီး သိပ်မကြာဘူး ဝမ်းသွားတတ်ပါတယ်။ အန်လည်း အန်တတ်ပါတယ်။

    • လက်တို့စ် မချေဖျက်နိုင်တာ

    တချို့လူတွေက နို့သကြား လက်တို့စ်ကို ခံနိုင်ရည်မရှိပါဘူး။ ဒါကို သတိမထားမိဘဲ သောက်မိရင် ဝမ်းလျှောတတ်ပါတယ်။

  • ကပ်ပါးပိုးဝင်တာ
  • မသန့်ရှင်းတဲ့အစားအစာကို စားမိတဲ့အခါ ဖြစ်တတ်ပါတယ်။ ကပ်ပါးပိုးကို ကုသပြီးမှပဲ ဝမ်းသွားတာရပ်ပါတယ်။

    • ဖြည့်စွက်အားဆေးတွေ အသောက်များတာ

    ဖြည့်စွက်အားဆေးတွေ ဥပမာ ဗီတာမင် စီတို့၊ မဂ္ဂနီဆီယမ်တို့ အလွန်အကျွံသောက်မိရင်လည်း အစာစားပြီးတိုင်း ဝမ်းလျှောတာ၊ ဗိုက်ရစ်တာ၊ ပျို့တာတွေ ဖြစ်တတ်ပါတယ်။

    • ကလေးငယ်တွေမှာ ဖြစ်ရင်

    ကလေးငယ်တွေမှာ သကြားဓာတ်များလွန်းတဲ့ ဖျော်ရည်တွေသောက်ပြီးရင် ဝမ်းလျှောတတ်ပါတယ်။ သကြားဓာတ်က အူထဲကို ရေပိုရောက်စေလို့ ဝမ်းကပိုပျော့ပြီး ဝမ်းသွားတာပါ။

    ဒီလို ရက်တိုဝမ်းလျှောတာတွေက သိပ်စိုးရိမ်စရာ မရှိပါဘူး။ အူထဲမှာ ရှိတဲ့ မသန့်တဲ့ ပိုးတွေ ထွက်သွားရင် အလိုလို သက်သာသွားပါတယ်။

    နာတာရှည် စားပြီးတိုင်း ဝမ်းသွားနေမယ်ဆိုရင် ဖြစ်နိုင်တာတွေက

    ဒီအူလမ်းကြောင်း လှုပ်ရှားမှု ပုံမှန်မဟုတ်တဲ့ ရောဂါမှာ ဝမ်းလျှောတာအပြင်၊ တစ်ခါတလေ ဝမ်းချုပ်တာ ဖြစ်တတ်ပါတယ်။ ဗိုက်ရစ်တာ၊ ကြွက်တက်သလို အောင့်တာတွေလည်း ဖြစ်တတ်ပါတယ်။

    ခုခံအားစနစ် ပုံမှန်မဟုတ်တာကြောင့် အူလမ်းကြောင်း ရောင်ရမ်းတဲ့ရောဂါပါ။ စားပြီးတိုင်း ဝမ်းသွားတာက ရက်ရှည်ဖြစ်နိုင်တဲ့အပြင် ဗိုက်ရစ်တာ၊ ကိုယ်အလေးချိန်ကျသွားတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။

    • ဟော်မုန်းရောဂါတွေ

    သိုင်းရွိုက်ဟော်မုန်းများရင်လည်း အစာစားပြီးတိုင်း ဝမ်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ နာတာရှည် ဆီးချိုရောဂါမှာလည်း အူလမ်းကြောင်းက အာရုံကြောတွေ မကောင်းတော့တာကြောင့် ဒါမျိုးဖြစ်တတ်ပါတယ်။

    • Celiac disease ( ဂလူတန် မတည့်တဲ့ ရောဂါ)

    ခုခံအားကမောက်ကမ ဖြစ်တဲ့ရောဂါဖြစ်ပြီး ဂျုံမှာပါတဲ့ ဂလူတန်ဆိုတဲ့ ပရိုတိန်းကို ခံနိုင်ရည်မရှိပါဘူး။ ဒါကြောင့် ဂလူတန်ပါတာတွေ စားမိတိုင်းမှာ ဝမ်းလျှောတတ်ပါတယ်။

    • သည်းခြေအိတ်ထုတ်ထားတာ

    သည်းခြေအိတ် ထုတ်ထားရင် ပထမ တစ်လ နှစ်လအတွင်းမှာ အစာစားပြီးတိုင်း ဝမ်းသွားတတ်ပါတယ်။ အများစုကတော့ တဖြည်းဖြည်း သက်သာသွားပါတယ်။ တချို့ကတော့ နာတာရှည် ဖြစ်တတ်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲ။

    ရက်တို ဝမ်းလျှောတာကတော့ သိပ်မကြာခင်ပဲ သက်သာသွားတတ်ပါတယ်။ အောက်ကအချက်တွေရှိရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

    • ၃ပတ်နဲ့အထက် ဝမ်းလျှောရင်၊ တစ်ပတ်မှာ ၃ရက်ဆက်တိုက် စားပြီးတိုင်း ဝမ်းသွားရင်
    • ဝမ်းလျှောတာအပြင် ဖျားပါ ဖျားလာခဲ့ရင်
    • ဗိုက်တွေ ရစ်ပြီး နာနေရင်
    • ဝမ်းသွားလွန်းလို့ ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေ ဖြစ်လာရင်
    • ဝမ်းအရောင်က ပုံမှန်မဟုတ်တော့ဘဲ မည်းလာတာ၊ သွေးပါလာတာမျိုး ရှိရင် ဆရာဝန်နဲ့ ပြသသင့်နေပါပြီ။

    ရောဂါတွေ ရှာဖွေပြီး ထိရောက်တဲ့ ကုသမှုတွေ ခံယူသင့်ပါတယ်။

    အိမ်မှာ သက်သာအောင် ဘယ်လိုနေမလဲ။

    • မတည့်တာတွေ မစားပါနဲ့။ ဂလူတန် မတည့်တာတို့၊ နို့မတည့်တာတို့ဆို ရှောင်ပါ။ ကလေးကို သကြားပါတဲ့ အချိုရည်တွေ မတိုက်ပါနဲ့။
    • အစားအသောက်တွေကို သန့်သန့်ရှင်းရှင်း ချက်ပြုတ်ပြင်ဆင်ပါ။ မကြာခဏ လက်ဆေးပါ။
    • နည်းနည်းနဲ့ ခဏခဏ စားပါ။ အစာကို ကျေညက်အောင် ဝါးပါ။
    • စိတ်ဖိစီးမခံပါနဲ့။ စိတ်ဖိစီးရင် ဗိုက်ပိုအောင့်သလို၊ ဝမ်းပိုသွားပါတယ်။
    • ဝမ်းလျှောနေတဲ့အချိန်ဆို အာဟာရရှိတာတွေ စားပေးပါ။ ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်ပါ။
    • အပေါ်က အချက်တွေ ဖြစ်လာရင် ဆရာဝန်နဲ့ ပြသပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement