backup og meta

အိုမီဂါ ၃ ကြွယ်ဝသော အစားအစာများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိုမီဂါ ၃ ကြွယ်ဝသော အစားအစာများ

    အိုမီဂါ ၃သည်ဦးနှောက်ကျန်းမာရေးနှင့် ပတ်သက်သောသုတေသနအရထိပ်ဆုံးမှာရှိသောအရာပင်ဖြစ်ပါတယ်။ လေ့လာချက်တွေအရသင့်ဦးနှောက်အလေးချိန်ရဲ့ ၈%ဟာ အိုမီဂါ ၃နဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ သူ့ရဲ့ကောင်းကျိုးကိုရနိုင်ဖို့ ဘယ်အစားအစာတွေနဲ့ ဘယ်လောက်စားသုံးရမလဲဆိုတာသိရှိဖို့လိုအပ်ပါတယ်။

    အိုမီဂါ ၃ ရဲ့ အကျိုးကျေးဇူးများ

    အိုမီဂါ ၃ဟာ ဦးနှောက်ဆဲလ်အသစ်ဖြစ်ပွားမှုကိုအားပေးပါတယ်။ စိတ်ရောဂါတွေဖြစ်တဲ့ စိတ်ကျရောဂါ၊ အမေ့လွန်ရောဂါတွေကိုကုသနိုင်ပြီးတော့ သင့်စိတ်နဲ့ မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။ သို့သော်လည်းအရွယ်ရောက်ပြီးသားလူတွေမှာအိုမီဂါ ၃ လုံလောက်စွာမရရှိမှုတွေ ကြုံတွေ့နိုင်တယ်လို့ ယုံကြည်ရပါတယ်။ ၎င်းဟာ နှလုံးရောဂါ၊ ကင်ဆာ၊ အဆစ်ရောင်ရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေနဲ့ ဆက်စပ်မှုရှိပါတယ်။

    အိုမီဂါ ၃ ကိုဘယ်ကရမလဲ

    အိုမီဂါ ၃ကို အပင်နဲ့ တိရစ္ဆာန်တွေက ပြုလုပ်ရရှိတဲ့ အရာတွေမှာတွေ့ရပါတယ်။ Flax အစေ့၊ Flax အစေ့ဆီ၊ chia စေ့၊ မြေပဲ၊ ပဲပုပ်တို့ဟာအိုမီဂါ ၃ ကြွယ်ဝစွာပါဝင်ပါတယ်။ သို့သော်လည်းအခြားဟင်းသီးဟင်းရွက်ဆီတွေဖြစ်တဲ့ canola ဆီ၊ ပဲဆီနဲ့ နေကြာဆီတွေမှာအိုမီဂါ ၆ အဓိကပါဝင်ပါတယ်။ အိုမီဂါ ၆ဟာလည်း ကောင်းမွန်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ သို့သော်လည်းအိုမီဂါ ၃နဲ့နှိုင်းယှဉ်ရင် သူ့ကို ၃:၁ လောက်သာစားသုံးသင့်ပါတယ်။ အိုမီဂါ ၆ အများအပြားစားသုံးခြင်းဟာနာတာရှည် ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

    အိုမီဂါ ၃ ကိုအဓိကအားဖြင့် ပင်လယ်သမုဒ္ဒရာထဲကဖမ်းမိတဲ့ရေငန်ငါးတွေ (ဆယ်မွန်ငါး၊ ဟဲလိဗတ်ငါး၊ ငါးသေတ္တာ၊ မက်ကရယ်ငါးနဲ့ ငါးသလောက်)တွေမှာအကြွယ်ဝဆုံးတွေ့ရပါတယ်။ ဒီနေ့ဈေးကွက်မှာတော့ ရေငန်ငါးလို့ လေဘယ်တပ်ထားပေမယ့် မိမိခြံမှာမွေးမြူထားတဲ့ ငါးပေါင်းမြောက်များစွာရှိပါတယ်။ ထို ခြံထွက်ငါးတွေဟာပိုးသတ်ဆေးတွေနဲ့ အထိအတွေ့ရှိပြီးတော့ အိုမီဂါ ၃အစား အိုမီဂါ ၆ ပိုမိုပါဝင်ပါတယ်။ ဒါပေမယ့်လည်းဆရာဝန်တွေကတော့ ဘေးထွက်ဆိုးကျိုးထက် ကောင်းကျိုးပိုရှိတဲ့အတွက်ငါးကိုတစ်ပတ်အနည်းဆုံး နှစ်ကြိမ်ကနေသုံးကြိမ်စားသုံးဖို့ တိုက်တွန်းထားပါတယ်။

    နိဂုံးချုပ်ရရင် နေ့စဉ်ပုံှမှန်အစားအသောက်ကနေအိုမီဂါ ၃လုံလောက်စွာ ရရှိနိုင်ခြေမရှိကြောင်းကိုအိုမီဂါ ၃ မလုံလောက်သောရောဂါများကသက်သေပြနေပါတယ်။ အများလက်ခံထားတဲ့ အိုမီဂါ ၃ဖြည့်စွက်စာကတော့ ငါးကြီးဆီဖြစ်ပါတယ်။ ငါးကြီးဆီဟာလည်း ADHD ရောဂါ လက္ခဏာတွေနဲ့၊ စိုးရိမ်မှု၊ စိတ်ကျရောဂါ၊ မှတ်ဉာဏ်အားနည်းခြင်းနဲ့ စိတ်အတက်အကျမြန်သောရောဂါတွေကိုလျော့ကျစေနိုင်ပါတယ်။ ငါးကြီးဆီဟာလေဖြတ်ခြင်းနဲ့ အသက်ကြီးတဲ့ လူတွေမှာတွေ့ရတတ်တဲ့ စိတ်ရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement