အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဗီတာမင် D အကြောင်းတစေ့တစောင်း

ဗီတာမင် D ကျန်းမာရေးအတွက်တော်တော်လေး အထောက်အကူပြုပေးတဲ့ ဗီတာမင် တစ်ခုပေါ့။ နေရောင်ခြည်ကပေးတဲ့ ဗီတာမင်လို့လည်းခေါ်ကြပါတယ်။ ဗီတာမင် D ကို အခြားဗီတာမင်တွေလိုမျိုး အစားအသောက်တွေကနေတဆင့်ရရှိနိုင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ အရေပြားကို နေရောင်နဲ့ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က တုံ့ပြန်ပြီး ဗီတာမင် D ထွက်လာတာပါ။ ဗီတာမင် D ဆိုတာ ဗီတာမင် D ကအမည်ကသာ ဗီတာမင် D တကယ်တော့ pro-hormone ပါ။ ဗီတာမင် စစ်စစ်ကြီးမဟုတ်ပါဘူး။ ဗီတာမင်ဆိုတာက အာဟာရဓာတ်တွေပါ။ ခန္ဓာကိုယ်က မထုတ်နိုင်ပါဘူး။ အာဟာရတွေကနေတဆင့် ရယူရတာပါ။ ဗီတာမင် D ကတော့နေရောင်နဲ့ အရေပြားထိတွေ့တဲ့အခါ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ ဓာတ်တစ်မျိုးပေါ့။ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ၅ မိနစ်ကနေ ၁၀ မိနစ်လောက်နေရောင်ခြည်နဲ့ထိတွေ့ပေးမယ်ဆိုရင် လုံလောက်တဲ့ ဗီတာမင် D ပမာဏကိုရရှိစေမှာပါ။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစာမကြေဖြစ်တတ်သူတွေအတွက် စားပေးသင့်တဲ့အရာတွေ

အစာမကြေတာက ပြောတော့သာဘာမှမဟုတ်တယ်။ တော်တော်လေးတော့ခံရခက်တယ်နော်။ အစာမကြေတိုင်း အစာကြေဆေးတွေ၊ လျက်ဆားတွေ စားပြန်တော့လည်း သွေးကတိုးဦးမယ်နော်။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အစားအသောက်လေးတွေရှိပါတယ်။ အစာမကြေတတ်သူတွေ စားပေးသင့်တဲ့ အစားအစာတွေ တကယ်လို့ သင်က အစာကြေခဲတယ်ဆိုရင်တော့ ဒီအစားအစာလေးတွေကို စားသုံးပေးရင် အဆင်ပြေမှာပါ။ ဒိန်ချဉ် နို့ကို အချဉ်ဖောက်ထားတာဖြစ်ပြီး လက်တစ်အက်ဆစ်ဘက်တီးရီးယားတွေပါဝင်နေပါတယ်။ အစာခြေလမ်းကြောင်းတလျှောက်က အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို တိုးစေနိုင်ပါတယ်။ အစာချေဖျက်မှုဖြစ်စဉ်ကိုတိုးစေနိုင်ပါတယ်။ ပန်းသီး ပန်းသီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တစ်မျိုးပါဝင်နေပါတယ်။ အစာခြေလမ်းကြောင်းတလျှောက်မှာ အစာတွေကို အဆင်ပြေပြေစီးဆင်းသွားစေပြီး အူမကြီးရောင်ရမ်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပင်ပွားစေ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ စားစရာတစ်ခုပါ။ အစာခြေလမ်းကြောင်းတလျှေက်မှာ အကျိုးပြုဘက်တီးရီးယားတွေကို တိုးစေနိုင်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းကိုကောင်းမွန်စွာလှုပ်ရှားစေပြီး အစာကြေစေနိုင်ပါတယ်။ သင်္ဘောသီး သင်္ဘောသီးမှာ ပါပါအင်လို့ခေါ်တဲ့ အစာခြေအင်ဇိုင်းတစ်မျိုးပါဝင်နေပါတယ်။ ဒါ့အပြင် သင်္ဘောသီးမှာပါတဲ့ အမျှင်ဓာတ်က အစာကြေစေဖို့အထောက်အကူပြုပေးပါတယ်။ ဝမ်းမချုပ်အောင်ကူညီပေးသလို အစာကြေစေဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။ ချင်း (ဂျင်း) ချင်းက အစာကြေစေသလို မအီမသာဖြစ်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ရင်ပူတာ၊ ဗိုက်ထဲမှာ မအီမသာဖြစ်တာမျိုးကိုပါ သက်သာစေနိုင်ပါတယ်။ အစာကြေခဲသူတွေအနေနဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသီးစားတာနဲ့ ပက်သက်တဲ့ ဆိုရိုးတွေအားလုံးက မှန်လား။

အသီးအနှံတွေဆိုတာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ပစ္စည်းတွေဖြစ်တယ်ဆိုတာ လူတိုင်းက ယုံကြည်ထားကြပါတယ်။ တစ်ချို့ကြားဖူးတာလည်းရှိမှာပါ။ ဘယ်အသီးဆိုဘယ်လိုစားမှ ပိုကောင်းတာ၊ ဘယ်အချိန်မှာ စားရင် မသင့်တော်တာ၊နဲ့ အခြား ပြောနေကြတဲ့ ယုံတမ်းတွေ အများကြီး ကြားဖူးကြမှာပါ. ဒါတွေအားလုံးက တကယ် အမှန်ပဲလား။ ။ ထမင်းစားပြီးပြီးချင်း အသီးမစားရဘူး။ အစာမကြေဖြစ်တတ်တယ်။ လေအောင့်တတ်တယ်။ ထမင်းစားပြီးပြီးချင်း အသီးစားရင် အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့်ဖြစ်စေတယ် ဆိုတာမျိုးတွေသင်ကြားဖူးမှာပါ။ တစ်ချို့မှန်တာတွေလည်း ရှိသလို မမှန်တာတွေလည်းရှိပါတယ်။ ထမင်းစားပြီးပြီးချင်း အသီးစားရင် အစာမကြေစေတာမဟုတ်ပါဘူး။ အသီးတွေမှာပါတဲ့အမျှင်ဓါတ်ေကြာင့် အစာခြေတဲ့အချိန်ကြာသွားတာဖြစ်ပါတယ်။ အချိန်တစ်ခုကြာရင်တော့ စားလိုက်တဲ့အစားတွေ အားလုံးကြေသွားမှာဖြစ်ပါတယ်။ အသီးကြောင့်လေထိုးလေအောင့်ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ်စားလိုက်တဲ့ အစားအစာတွေမှာလေစာတွေပါသွားမှသာ လေထိုးလေအောင့်ဖြစ်တာပါ။ သစ်သီးခြောက်တွေက လတ်လတ်ဆတ်ဆတ်အသီးတွေလောက် အာဟာရမရှိဘူး။ သစ်သီးခြောက်တွေဆိုတာ ရေဓါတ်ကိုပဲထုတ်ထားတာဖြစ်လို့ သူ့မှာရှိသင့်တဲ့ အာဟာရေတွကတော့ အကုန်ရှိနေပါသေးတယ်။ ကျန်းမာရေးကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရွယ်တင်နုပျိုချင်ရင် ဒါတွေစားပေးပါ

အရွယ်တင်နုပျိုစေဖို့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေသုံးတာတင်မဟုတ်ဘဲ အစားအသောက်တွေစားပြီးတော့လည်း အရွယ်တင်နုပျိုအောင်လုပ်လို့ရပါတယ်။ စိုပြည်လှပတဲ့အသားအရေ၊ အရေးအကြောင်းကင်းပြီး ကျန်းမာတဲ့ အသားအရေလေးပိုင်ဆိုင်ဖို့ ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာက ဒီဆောင်းပါးလေးကနေတဆင့် Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေ။ အရွယ်တင်နုပျိုချင်ရင် ဒီအစားအစာလေးတွေ စားပေးပါ ကဲ..... အရွယ်တင်နုပျိုစေဖို့ ဒီအစားအသောက်လေးတွေစားပေးပါနော်။ ခန္ဓါကိုယ်ကို အကာင်းဆုံးအားဖြည့်ပေးပြီး အရွယ်တင်နုပျိုစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ အစားအသောက်တွေကတော့- ကန်စွန်းရွက် - ကန်စွန်းရွက်ကရေဓါတ်ရော၊ အာဟာရဓါတ်ပါ အပြည့်အဝပါဝင်နေတဲ့ အစိမ်းရောင် အရွက်တစ်မျိုးပေါ့။ ကန်စွန်းရွက်မှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနိ၊ဖော့ဖရပ်စ်၊ ဗီတာမင် A၊ C၊ K၊ B1 နဲ့ B2 တို့ပါဝင်နေပါတယ်။ ကန်စွန်းရွက်မှာ အရေပြားအတွင်းပိုင်းကရောဂါပိုးတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်သလို ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီကို သတ္တုဓါတ်တွေရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကfree radicalsတွေကြောင့် အရေးအကြောင်းတွေဖြစ်တာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။နေ့စဉ် ကန်စွန်းရွက် လက်တစ်ဆုပ်စာ စားပေးပါ။ ငရုတ်ပွ- ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ အစားအသောက်တစ်ခုပေါ့။ ဒါ့အပြင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆောင်းရာသီရဲ့ နေ့လည် အပူချိန်ကို အံတုဖို့ အတွက် အသင့်တော်ဆုံး ဖျော်ရည် ၅ မျိုး။

ဆောင်းရာသီဆိုတာ ရေဓါတ်ပြည့်ဝနေဖို့လိုတဲ့ရာသီတစ်ခုပါ။ နဂိုတည်းက အသားခြောက်တဲ့ရာသီဖြစ်တဲ့အပြင် နေ့ခင်းပိုင်းဆိုပိုပူတတ်တဲ့အတွက် အပူဒဏ်ကြောင့် ပင်ပန်းတာကို ပြန်လန်းဆန်းစေဖို့နဲ့ ရေဓါတ်ပြည့်ဝနေဖို့ အရမ်းလိုအပ်ပါတယ်။ ဒါဆို့ ဘာတွေကို ရွေးသောက်ရမှာလဲ။ ကျန်းမာချင်တဲ့သူတွေကတော့တွေ့ရာ တွေ့ရာဖျော်ရည်တွေကို ဝယ်မသောက်ဘဲ ဓါတုပစ္စည်းတွေမပါတဲ့ သဘာဝဖျော်ရည်တွေကိုသာ သောက်ချင်ကြမှာပါ။ ဒါကြောင့် ဆောင်းတွင်းနေ့ခင်း အပူဒဏ်ကို အံတုမယ့် အကောင်းဆုံး ဖျော်ရည်တွေ အကြောင်းပြောပြပေးချင်ပါတယ်။ ၁ ။ ရေအေးအေးလေးတစ်ခွက်။ ။ ကိုယ့်အနီးအနားမှာ အလွယ်တကူရနိုင်တဲ့ အရိုးရှင်းဆုံး အရာတစ်ခုနဲ့ အရင်စလိုက်ရအောင်။ အေးမြတဲ့ရေတစ်ခွက်ဟာ ရေဓါတ်ကိုလည်းဖြည့်ပေးတယ်၊ လူကိုလည်းလန်းဆန်းစေပါတယ်။ ရိုးရိုးရေအေး သောက်နေရတာ ပျင်းလာရင် ရေထဲကို ခြမ်းထားတဲ့ သံပုရာသီးစိတ်၊ လိမ္မော်သီးစိတ်ေလးတွေထည့်ပြီး သောက်ပေးပါ။ ရေပိုက်ခေါင်းကကျလာတဲ့ရေသောက်ရင်တော့ သန့်စင်ပြီးသားရေဖြစ်နေဖို့ လိုတဲ့အတွက် ရေစစ်တွေကို ဝယ်သုံးတာမျိုးလုပ်ဖို့လိုပါတယ်။ ၂ ။ ရေထဲကို သဘာဝအရသာတွေထည့်ပြီးသောက်ပါ။ ဒီလိုအရသာတွေ ထည့်ထားတဲ့ရေဆိုတာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသည်းအတွက်လိုအပ်မယ့် ဗီတာမင်တွေက

တစ်နေ့တာမှာ အရေးကြီးတဲ့လုပ်ငန်းတာဝန်ပေါင်း ၄၀၀ကျော်လုပ်ပေးရင်း ခန္ဓါကိုယ်ကို ကျန်းမာနေအောင်လုပ်ဆောင်ပေးနေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုရှိနေပါတယ်။ ဒီလိုမျိုးခန္ဓါကိုယ် ကျန်းမာနေအောင် မနားမနေလုပ်ဆောင်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းလေးက ဘယ်အင်္ဂါအစိတ်အပိုင်းလို့ထင်လဲ။ ဒီအင်္ဂါအစိတ်အပိုင်းလေးကသွေးတွင်းပရိုတင်းတွေကိုထုတ်ပေးတယ်။ ကိုယ်ခံအားကောင်းအောင်လုပ်ပေးတယ်။ အကျိုးပြုကိုလက်စထရောထုတ်ပေးတယ်။ သည်းခြေရည်ထုတ်ပေးတယ်၊သွေးနီဥဆဲလ်တွေအတွက် သံဓါတ်ကိုထုတ်ပေးတယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေဖယ်ရှားပေးတယ်။ ဒီလောက်ဆိုရင်တော့ တစ်ကိုယ်လုံးရဲ့ အလုပ်အရှုပ်ဆုံးအင်္ဂါအစိတ်အပိုင်းက ဘာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ အသည်းလေ။ ဒီတော့ ကျန်းမာပျော်ရွှင်ချင်တယ်ဆိုရင် အသည်းကိုကျန်းမာအောင်ဂရုစိုက်ဖို့လိုပါမယ်။ ဒီတော့မေးစရာရှိလာတာက အသည်းကျန်းမာအောင် ဘာတွေလိုအပ်မလဲ။ ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာပေါ့။ အဖြကတော့ ရိုးရှင်းပါတယ်။ အသည်းကျန်းမာဖို့လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွြေပည့်ဝအောင်နေထိုင်စားသောက်ဖို့လိုအပ်ပါမယ်။ အသည်းကျန်းမာစေဖို့အတွက် လိုအပ်မယ့် ဗီတာမင်တွေက ဗီတာမင် B-12 - ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ကို ထုတ်ပေးပါတယ်။ အသည်းရောဂါတွေကို ကာကွယ်ရာမှာအရေးပါတဲ့ ဓါတ်တွေကို အသည်းကနေထုတ်လုပ်ပေးနိုင်ဖို့အတွက်လည်း ဗီတာမင် B-12 ကလုပ်ဆောင်ပေးပါတယ်။ ဗီတာမင် မင် B-12 ကို အပင်တွေဆီကနေမရရှိနိုင်ပါဘူး။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရက်နာမကျအောင် ဘယ်လိုအထာကျကျ အရက်သောက်မလဲ

ဒီဘက်ခေတ်ကြီးထဲမှာ အရက်ကို မသောက်ဖူးတဲ့သူဆိုတာ သိပ်ကိုရှားသွားပါပြီ။ လူငယ်တွေ အထူးသဖြင့် ယောက်ျားလေးတွေ အပေါင်းအသင်းတွေ စုံလာတဲ့အချိန်ဆိုရင် အရက်က ဝိုင်းကို ပိုအသက်ဝင်လာစေတဲ့ ဆေးတစ်ခွက်လို့လည်း ဆိုနိုင်ပါတယ်။ မိန်းကလေးတွေဆိုရင်လည်း နောက်ပိုင်းမှာ အရက်ကို အရင်ကထက် ပိုသောက်လာကြတာ တွေ့ရတယ်။ လူကြီးတွေဆိုရင်လည်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းရှင်ပါတနာတွေနဲ့ တွေ့ရတဲ့အခါမျိုးမှာ အများကြီးမဟုတ်တောင် တစ်ခွက်လောက်တော့ မော့ကြတာပါပဲ။ ဒီတော့ မရှောင်နိုင်ဘူးဆိုရင် အရက်နာကျခြင်း ညလုံးပေါက် အပြတ်ကဲပြီးလို့ မနက်နိုးလာပြီဆိုရင် အရင်ဆုံးကြုံရတဲ့ ပြဿနာကတော့ အရက်နာကျတာပါပဲ။ လူတိုင်းမဟုတ်တောင် လူတော်တော်များများမှာ ဖြစ်တတ်ပါတယ်။ အရက်ကို အလွန်အကျွံသောက်မိတာကြောင့်ရော၊ အရက်သောက်နည်း မမှန်ကန်တာကြောင့် မနက်ခင်းမှာ အရက်နာကျတဲ့ ပြဿနာတွေ့ရတာပါ။ အရက်နာကျတဲ့ လက္ခဏာတွေကတော့ မောပန်းတာ၊ အားနည်းတာ ရေအလွန်ငတ်တာ၊ ပါးစပ်ခြောက်တာ ခေါင်းမူး၊ ခေါင်းကိုက်တာ၊ ကိုယ်လက် ကြွက်သား ကိုက်ခဲတာ မူးဝေတာ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လမ်းဘေးစာများ စားသင့်သလား

လမ်းဘေးစာဆိုတာကတော့ လှုပ်ရှားသွားလာသူများ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်အောင် ချက်ပြုတ်ကြော်လှော်ရောင်းချနေတဲ့ အစားအစာများကို အလွယ်ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြမယ့် လမ်းဘေးစာဆိုတဲ့ အသုံးအနှုန်းဟာလည်း အဆင့်အတန်းခွဲခြားတဲ့သဘောနဲ့ သုံးနှုန်းခြင်းမဟုတ်ဘဲ မြင်လွယ်အောင်သာ ဖော်ပြခြင်းသက်သက်ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Street food လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံသာမက နိုင်ငံအသီးသီးမှာ တွေ့ရတတ်တဲ့ ရောင်းဝယ်ဖောက်ကားမှုပုံစံမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်ပိုးပြင်ဆင်မှု၊ ကျန်းမာရေးနဲ့ညီညွတ်မှု၊ သန့်ရှင်းလတ်ဆတ်မှု စတာတွေမှာတော့ ဆိုင်ရာလူမှုပတ်ဝန်းကျင်အလိုက် ကွာခြားသွားမှာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ လမ်းဘေးစာများရဲ့ အကျိုးသက်ရောက်မှုများကို စုစည်းဖော်ပြသွားမှာ ဖြစ်ပါတယ်။   လမ်းဘေးစာဆိုတာ ရှိသင့်သလား အဖြေကတော့ ရှိသင့်ပါတယ်။ လမ်းပေါ်မှာလှုပ်ရှားသွားလာပြီး စားသောက်ဆိုင်ကောင်းကောင်းတွေမှာ ဝယ်စားဖို့ ငွေကြေးမလုံလောက်တဲ့အခါ၊ အချိန်မရတဲ့အခါ လမ်းဘေးစာများဟာ အားကိုးရာတခုဖြစ်ပါတယ်။ ဆိုင်ကြီးတွေမှာလို ကိန်းကြီးခန်းကြီးမနိုင်ဘဲ ချက်ချင်းမှာယူ စားသုံးနိုင်၊ ထုတ်ပိုးသယ်ဆောင်သွားနိုင်ပါတယ်။ တခါတရံမှာ လမ်းဘေးစာရောင်းချတဲ့ ဆိုင်တွေမှာတောင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြက်ဥ/ဘဲဥစားသင့်တဲ့ အချက်ငါးချက်

ကြက်ဥ/ဘဲဥဟာ ဈေးပေါတဲ့ အစားအစာတမျိုးဖြစ်သလို စွယ်စုံအသုံးတော်ခံတဲ့ သုံးပန်လှဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ကြက်ဥ/ဘဲဥ လုံးဝမစားသူတွေရှိသလို မကြိုက်တဲ့အတွက် မဖြစ်မနေမှ စားသူတွေလည်း ရှိပါတယ်။ အချို့ ကိုယ်ခန္ဓါလှပချင်သူ၊အားကစားလုပ်သူတွေကလည်း ကြက်ဥ/ဘဲဥတွေဟာ ကယ်လိုရီတက်တဲ့အတွက် စားဖို့တွန့်ဆုတ်တတ်ကြပါတယ်။ သင်ဟာ ကြက်ဥ/ဘဲဥနဲ့ ရန်ဖြစ်ထားသူဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ။ စားချင်စိတ်ပိုဖြစ်လာဖို့ အာမခံပါတယ်။ အကယ်၍ သင်ဟာ ကြက်ဥ/ဘဲဥ ကြိုက်တတ်သူဆိုရင်လည်း ဖတ်ကြည့်လိုက်ပါဦး။ စားရတာ အားပိုတက်လာမှာပါ။   ၁။ သူတို့ဟာ ဈေးအပေါဆုံး ပရိုတိန်းရင်းမြစ် ဖြစ်ပါတယ်   သင့်အနေနဲ့ ဘယ်လိုဥမျိုးကိုပဲစားစား ပရိုတိန်းဓါတ်ကြွယ်ဝစွာ ရရှိပါမယ်။ ကြက်ဥ/ဘဲဥတလုံးဟာ ယေဘုယျအားဖြင့် ငွေတရာပတ်လည်သာ တန်ဖိုးရှိပေမယ့် အရည်အသွေးမြင့်မားတဲ့ ပရိုတိန်းဓါတ် ခြောက်ဂရမ် ပေးစွမ်းနိုင်ပါတယ်။ ဆိုလိုတာက အစားအစာကနေ ရရှိသင့်တဲ့ အမိုင်နိုအက်ဆစ်ဓါတ်အားလုံးကို ကြက်ဥ/ဘဲဥဆီကရနိုင်တယ်လို့ ပြောချင်တာပါ။ ဒါဟာ အသားက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျိုးသွားသောအရိုး မြန်မြန်ပြန်ဆက်အောင် စားသင့် မစားသင့်သည်များ

လူခန္ဓါကိုယ်တစ်ခုတည်ဆောက်ရာတွင် အရိုးများဖွဲ့စည်းပုံသည် အလွန်အရေးပါလှသည်။ အဓိက ပင်မဖြစ်သော အရိုးများ ကျိုးသွားလျှင် အလွန်နာ၍ပြန်ဆက်ရန်လည်း အချိန်တစ်ခုယူရသည်။ ဆရာဝန်များသည် ကျိုးသွားသော အရိုးများပြန်ဆက်ရန်ကျောက်ပတ်တီးစည်းပေးခြင်း၊ စတီးချောင်းများထည့်ပေးခြင်းများပြုလုပ်ပေးမည်ဖြစ်သည်။ လူနာများဘက်ကလည်းနေ့စဉ်စားနေသော အစားအစာများတွင်အေက်ဖော်ပြပါ အစားများအား စားပေးခြင်းဖြင့် ကျိုးသွားသော အရိုးများကိုမြန်မြန်ပြန်ဆက်စေမှာဖြစ်ပါသည်။ စားသင့်သော အစားအစားများ ပရိုတင်း(အသားဓါတ်) သင့် အရိုးများဖွဲ့စည်းရာတွင် ပရိုတင်း ( အသားဓါတ်) သည် မပါမဖြစ်ပါဝင်သည်။ သင်အရိုးများကျိုးသောအခါ ပြန်ဆက်ရန် အရိုးအသစ်ဆဲလ်များပြန်တည်ဆောက်ရာတွင် ပရိုတင်း ပါရပေသည်။ ပရိုတင်းသည် အရိုးဆဲလ်အသစ်များ တည်ဆောက်ခြင်းအတွက်သာမက အရိုးများအတွက် အဓိကလိုအပ်သော ကယ်စီယမ် ( calcium ) ကို စုပ်ယူခြင်းနှင့် အသုံးပြုခြင်း နေရာတွင် လည်း အရေးပါလှသည်။ ပရိုတင်းဓါတ်ကြွယ်ဝသော အစားအစာများမှာ - အသားငါးများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး၊ အစေ့အစံများ၊ ပဲပိစပ်မှထွက်သော အစားအစာများ။ ကယ်လ်စီယမ် အရိုးများတည်ဆောက်ရန်နှင့် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း