အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစပ်ကြိုက်သူများနှင့် ငရုတ်သီးမှို အန ္တရာယ်

မြန်မာ့ဟင်း မြန်မာ့စားဖွယ်လို့ဆိုလိုက်တာနဲ့ ငရုတ်သီးအစပ်ဟင်းဆိုတာ လုံးဝပြေးမလွတ်ပါဘူး။ မြန်မာလူမျိုးတော်တော်များများက ငရုတ်သီး အင်မတန်ကြိုက်ကြတဲ့ လူမျိုးတွေဖြစ်ကြပါတယ်။ တစ်နေ့တစ်နေ့ ဘာဟင်းပဲချက်ချက် အနည်းဆုံး အစပ်ဟင်းလေးတစ်ခွက်ကတော့ ပါလိုက်ရမှ။ ငရုတ်သီးတောင့် ၊ ငရုတ်သီးလေးစိပ်ခွဲ၊ အလှော်မှုန့် ၊ အစိမ်းမှုန့် ၊ အရောင်တင်မှုန့် စတာတွေကို ဆိုင်ကဝယ်စားရင်စား၊မဟုတ်ရင်လည်း အိမ်မှာသိမ်းထားပြီး စားတတ်ကြပါတယ်။ ဒါကြောင့် နေ့စဉ်ဟင်းချက်ရာမှာမပါမဖြစ် ဖြစ်တဲ့ ငရုတ်သီးမှာ ကပ်နေတတ်တဲ့ မှိုရောဂါ အကြောင်းကိုတော့ သိထားသင့်ဖို့လိုပါတယ်။ မိသားစုတစ်စုရဲ့ ကျန်းမာရေးကို အဓိကတာဝန်ယူရတာက မီးဖိုချောင်ဖြစ်တာကြောင့် ကျန်းမာရေးအန္တရာယ်တွေပေးနိုင်တဲ့ ငရုတ်သီးမှိုအကြောင်းနှင့် ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို ဒီဆောင်းပါးလေးမှာ ဆက်လက်ဖတ်ရှုကြည့်ရအောင်။ ငရုတ်သီးမှို(Aflatoxin) ဆိုတာဘာလဲ။ ငရုတ်သီးမှို(Aflatoxin) ဆိုတာက လူတွေကို ခြောက်လှန့်နေတဲ့ "ကင်ဆာရောဂါ"ကို အဓိကဖြစ်စေတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။ ငရုတ်သီးမှို(Aflatoxin) အမျိုးအစားပေါင်း ၁၃ မျိုးရှိတဲ့အထဲမှာ Aflatoxin B1 […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုလက်စထရောတက်နေချိန်မှာ ဘယ်အသားတွေ စားလို့ရနိုင်မလဲ

ကိုလက်စထရောဟာ ခန္ဓါကိုယ်အတွက် အရေးပါတဲ့ဓါတ်တစ်မျိုး ဖြစ်ပေမယ့် လိုတာထက်လွန်ကဲလာရင်တော့ သွေးကြောတွေကို ပိတ်ဆို့နိုင်ပြီး နှလုံးတိုက်ခိုက်ခံရနိုင်ချေနဲ့ လေဖြတ်နိုင်ချေကို မြင်ေ့စပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓါကိုယ်က သဘာဝအလျောက် ကိုလက်စထရောထုတ်လုပ်ပေမယ့် ခန္ဓါကိုယ်မှာရှိတဲ့ ကိုလက်စထရောအများစုရဲ့ အဓိကအရင်းမြစ်ဟာ ပြည့်ဝဆီတွေပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်ထွက်စားသောက်ကုန်တွေ အထူးသဖြင့် အဆီများတဲ့အသားတွေမှာ ပြည့်ဝဆီပါဝင်မှု အများဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ကိုလက်စထရောတက်နေတိုင်း အသားလုံးဝမစားဘဲ ရှောင်နေစရာမလိုပါဘူး။ ကိုလက်စထရောတက်နေသူတွေ အသားစားသုံးရမယ့် နည်းစနစ်ပုံစံတွေအကြောင်း ဒီဆောင်းပါးမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။ အဆီဓါတ်ကြွယ်ဝတဲ့ငါး အဆီဓါတ်ကြွယ်ဝတဲ့ငါးမှာ မကောင်းတဲ့ကိုလက်စထရော LDL ကို လျော့ချနိုင်ပြီး ကောင်းတဲ့ကိုလက်စထရော HDL ကို မြှင့်တင်ပေးနိုင်တဲ့ omega-3 fatty acid ပါဝင်တယ်လို့ Maryland တက္ကသိုလ်ဆေးပညာဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။ ဆယ်လ်မွန်၊ မက်ကရယ်ငါး၊ albacore တူနာငါး၊ မြောက်အတ္တလန္တိတ်ဒေသထွက် ငါးသလောက်၊ ဆာဒင်းနဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကင်ဆာဆေးသွင်းပြီးချိန် ပျို့အန်မှုများမဖြစ်စေဘဲ အာဟာရပြည့်ဝနေစေမည့် နည်းလမ်း (၁၁)ခု

ကင်ဆာဆေးသွင်းပြီးချိန် ပျို့အန်မှုများမဖြစ်စေဘဲ အာဟာရပြည့်ဝနေစေမည့် နည်းလမ်း (၁၁)ခု ကင်ဆာဆေးသွင်းပြီးချိန်တွင် လူနာအများစုတွင် ပျို့အန်ခြင်း၊ အစာစားချင်စိတ်ပျောက်ခြင်း စသည့်ဝေဒနာတို့ကို ခံစားရလေ့ရှိပါသည်။ ထိုအခါ အစားစားချင်စိတ်ပျောက်သည့်အတွက် အစာများကိုရှောင်ရှားခြင်း၊ အစာလျော့စားခြင်းပြုလုပ်ပါက ခန္ဓါကိုယ်တွင် အာဟာရဓါတ်နည်းပါးသည့်အတွက် ကင်ဆာဆေးဒဏ်ကို ခံနိုင်ရည်ကျဆင်းနိုင်ပါသည်။ ထိုသို့ ပျို့အန်ခြင်းကို တွန်းလှန်ပြီး အစာများကိုစားနိုင်ရန် အောက်ပါအချက်တို့ကို လိုက်နာသင့်ပါသည်။ ၁။ အာဟာရဖြစ်သည့်မည်သည့် အစာမဆို (သန့်ရှင်းလတ်ဆတ်သော) စားနိုင်ပါသည်။ ၂။ ကင်ဆာဆေးသွင်းပြီးချိန်တွင်လည်း အစားအသောက်ပျက်သည့်အတွက် တစ်ခါစားလျှင် အစာပမာဏ အနည်းငယ်ကို အကြိမ်များစွာ စားပေးခြင်းသည် ပိုမို သင့်လျှော်ပါသည်။ ( ဥပမာ သာမန်လူတို့သည် တစ်နေ့လျှင် အစာကြီး ၃ နပ်စားနိုင်သော်လည်း ဆေးသွင်းပြီး မစားချင် ပျို့အန်သူများအနေဖြင့်အစာကို တစ်နေ့လျှင် ၅ ခါ ၆ ခါခွဲ၍ တစ်ခါစားအနည်းငယ်သာစားပေးပါက အစာပိုဝင်နိုင် ပါသည်။ ၃။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်ရဲ့ စွမ်းအင်ကို မြင့်တက်စေနိုင်မယ့် ဗီတာမင်နဲ့ ဖြည့်စွက်အာဟာရများ

ကျန်းမာရေးအတွက် သင့်တင့်မျှတတဲ့ အာဟာရကို ပုံမှန်စားသုံးခြင်း၊ ကိုယ်လက်အားကစားပုံမှန်လုပ်ခြင်း၊ လုံလောက်တဲ့ အိပ်စက်ချိန်ရှိခြင်းဟာ သင့်ရဲ့ သဘာဝ စွမ်းအင်ကို ထိန်းသိမ်းပေးထားနိုင်တဲ့ နည်းလမ်းတွေပါ။ ဒါပေမဲ့ ဒီအချက်တွေကို လစ်ဟင်းသွားတဲ့ အချိန်တွေကတော့ ရှိလာနိုင်ပါတယ်။ ဒီတော့ ခန္ဓါကိုယ်စွမ်းအင်နည်းနေတဲ့အခါ ကျွန်တော်တို့ ဘာတွေ ဆက်လုပ်သင့်ပါသလဲ။ ဒီမေးခွန်းကိုဖြည့်ဆည်းပေးနိုင်တဲ့ နည်းလမ်းကတော့ ဖြည့်စွက်အစားအစာတွေနဲ့ ဗီတာမင်တွေ ဖြစ်ပါတယ်။ အလုပ်ခွင်အတွင်း စိတ်ပင်ပန်းမှုကြောင့်၊ ခန္ဓါကိုယ်ပင်ပန်းမှုကြောင့် စွမ်းအင်တွေ ကျဆင်းလာပြီလို့ ခံစားလာရတဲ့အချိန်တွေမှာ ဒီအစားအစာတွေနဲ့ ဗီတာမင်တွေက ကူညီပေးနိုင်မှာပါ။ ၁။ ဗီတာမင် B12။ B ဗီတာမင် အုပ်စုထဲက cobalamin လို့လည်းသိကြတဲ့ ဗီတာမင် B12 ဟာ သင်စားတဲ့အအစားအစာကို သင့်ဆဲလ်လ်ထဲမှာ အသုံးပြုနိုင်တဲ့ စွမ်းအင် အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ ဒါ့အပြင်ဗီတာမင် ဗီတာမင် B12 ဟာ ခန္ဓါကိုယ်ရဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အိပ်ရာနိုးနိုးချင်း ရေတစ်ခွက်သောက်ပါ

ခန္ဓါကိုယ်မှာ အများဆုံးပါဝင်ဖွဲ့စည်းထားတာကရေပါ။ ဒါကြောင့် ကျန်းကျန်းမာမာနေချင်တယ်ဆိုရင်ရေသောက်ပါ။ ကားတွေ၊ စက်ယန္တရားတွေလည်ပတ်ဖို့လောင်စာဆီလိုအပ်သလို ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကာင်းမွန်ဖို့အတွက်သောက်သုံးရေလိုအပ်ပါတယ်။ ခန္ဓါကိုယ်မှာ လုံလောက်တဲ့ရေပမာဏ မပြည့်ဝဘူးဆိုရင်ရေတိုမှာပဲဖြစ်ဖြစ်ရေရှည်မှာပဲဖြစ်ဖြစ် ကျန်းမာရေးထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ ရေရှည် ခန္ဓါကိုယ်မှာ ရေဓါတ်မလုံလောက်ရင် ဘာဖြစ်မလဲ ခန္ဓါကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ရေဓါတ်ကိုပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ချို့ယွင်းမှုလေးတွေဖြစ်လာမှာပါ။ လေးဖက်နာ ခေါင်းတစ်ခြမ်းကိုက် နှလုံးသွေးကြောကျဉ်း အူမကြီးအနာပေါက်ရောဂါ အစာမကြေခြင်း သွေးတိုးရောဂါ အဝလွန်တာ လိပ်ခေါင်း ရင်သားကင်ဆာ တီဘီအဆုတ်ရောင် ကျောက်ကပ်ကျောက်တည်ခြင်း ထိပ်ကပ်နာ သားအိမ်ကင်ဆာ လိုမျိုးရောဂါတွေခံစားရနိုင်ပါတယ်။ ဒီဝေဒနာတွေကို မခံစားရစေဖို့အတွက် လုပ်လို့ရမယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ခုကတော့ မနက်အိပ်ရာက နိုးနိုးချင်းရေတစ်ခွက်ပြည့်ပြည့်ဝဝသောက်ပေးဖို့ပါ။ မနက်ခင်းရေတစ်ခွက်သောက်ပေးရင် ရလာမှာတွေက မနက်ခင်းမှာရေတစ်ခွက်သောက်သုံးမယ်ဆိုရင် အရင်ဆုံးရလာမယ့် အကျိုးကျေးဇူးက တစ်နေ့တာမှာကောင်းကောင်းလှုပ်ရှားနိုင်မှာပဲဖြစ်ပါတယ်။ရေဓါတ်ပြည့်ဝတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်စေမှာတော့ အသေအချာပါပဲ။ အသားအရေကို ကြည်လင်စေတယ် တကယ်လို့ သင့်အနေနဲ့ ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ရေသောက်ပေးပါ။ မနက်နိုးနိုးချင်းမှာရေသောက်လိုက်တဲ့အခါ အူလမ်းကြောင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို အညစ်အကြေးကနေတဆင့် ခန္ဓါကိုယ်ပြင်ပကိုရောက်ရှိသွားစေပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပဋိဇီဝဆေးတွေနဲ့တွဲဖက် မစားသုံးသင့်တဲ့ အစားအသောက်လေးတွေ

မဖျားဖူးတဲ့သူရယ်လို့မရှိကြပါဘူး။ လူတွေကတစ်နေ့တာလှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း အပူဒဏ်ေကြာင့်ဖြစ်ဖြစ် အအေးဒဏ်ေကြာင့်ဖြစ်ဖြစ် ခန္ဓါကိုယ်မှာ ဖျားနာတာ၊နေထိုင်မကောင်းတာတွေ ဖြစ်ဖူးကြမှာပါ။ ဒီလိုနေထိုင်မကောင်းဖြစ်တဲ့အခါ Antibiotics(ပဋိဇီဝဆေး) တွေသောက်ပြီး ကိုယ်ခံအားကိုပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ကြရပါတယ်။ ဒီလိုဆေးသောက်တဲ့အခါ ဘာတွေတော့ဆေးနဲ့တွဲမသောက်နဲ့ မတည့်ဘူးလို့ပြောတာကြားဖူးကြမှာပေါ့။ ဘာကြောင့်လဲဆိုတာကို သိရဲ့လား။ သိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ ဆေးသောက်တဲ့အခါဆေးရဲ့ အာနိသင်ပိုမိုထိရောက်မှုရှိစေဖို့အတွက် အစားအသောက်တွေကို ဆင်ခြင်စားသုံးဖို့လိုအပ်ပါမယ်။ အချို့ အစားအသောက်တွေကဆေးကိုစုပ်ယူနိုင်စွမ်းအပေါ်ထိခိုက်စေတာမျိုးရှိသလိုဆေးအာနိသင်ကိုလျော့ကျစေတာမျိုးအထိဖြစ်စေနိုင်ပါတယ်။ Antibiotics(ပဋိဇီဝဆေး) တွေက ခန္ဓါကိုယ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲ Antibiotics(ပဋိဇီဝဆေး) တွေကရောဂါပိုး ကူးစက်တာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ အအေးမိတာ၊ တုပ်ကွေးြဖစ်တာ၊ချောင်းဆိုးတာ၊လည်ချောင်းနာတာ၊ နှာစေးတာနဲ့လေပြွန်ရောင်ရမ်းတာတွေဖြစ်မယ်ဆိုရင်တော့ Antibiotics(ပဋိဇီဝဆေး) တွေကို မဖြစ်မနေသောက်သုံးဖို့လိုပါမယ်။ ဒီလိုသောက်သုံးတဲ့အခါမှာလည်းဆေးယဉ်ပါးတာမျိုး မဖြစ်စေဖို့အတွက်ဆေးကို စနစ်တကျဂရုတစိုက်သောက်သုံးဖို့လိုပါမယ်။ ဒီအစားအသောက်တွေကို Antibiotics(ပဋီဇီဝဆေး) တွေနဲ့တွဲသောက်သုံးတာမျိုး မလုပ်ပါနဲ့ ငှက်ပျောသီး ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေတာကြောင့် Antibiotics(ပဋိဇီဝဆေး) တွေနဲ့တွဲမသောက်သင့်တာပါ။ ခန္ဓါကိုယ်ထဲမှာ ပိုတက်ဆီယမ်ပမာဏအရမ်းများသွားတဲ့အခါ နှလုံးခုန်မမှန်တာ၊ နှလုံးခုန်မြန်တာကြောင့် ရင်တုန်တာမျိုးတွေခံစားရနိုင်ပါတယ်။ အထူးသဖြင့်သွေးတိုးရောဂါကြောင့်သောက်သုံးရတဲ့ဆေးဝါးတွေကို ငှက်ပျောသီးနဲ့တွဲဖက်စားသုံးတာမျိုးမလုပ်ပါနဲ့။သွေးပေါင်အရမ်းကျသွားတာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ အချဉ်ဓါတ်ရှိတဲ့ အစားအစာတွေ သံပုရာသီး၊ သံပရိုသီး၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေက

တစ်နေ့တာ လှုပ်ရှားမှုတွေကို စိတ်လက်ကြည်ကြည်သာသာနဲ့ လုပ်ချင်သူတွေအတွက် စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေမယ့် အစားအသောက်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူတစ်ယောက်က အမြဲစိတ်ခံစားမှု ကောင်းနေဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အခုပြောပြမယ့် အစားအစာတွေကတော့ စိတ်ဖိစီးမှု နဲ့ စိတ်ပူပန်မှုကို လျော့ကျစေနိုင်ပြီး စိတ်ဓာတ်ကျမှုကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိ ပါတယ်။ ကဲ  ...... စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေက စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေက ကတော့ ရေ ရေက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလုပ်ဆောင်နိုင်စေဖို့အတွက်တော်တော်လေးကို အရေးပါတာပါ။ ခန္ဓာကိုယ်မှာရေဓာတ်အနည်းငယ်ဆုံးရှုံးသွားတယ်ဆိုရင်တောင်မှ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာ အများကြီးထိခိုက်စေနိုင်ပါတယ်။ရေဓာတ်နည်းလာတဲ့အခါ အာရုံစိုက်နိုင်စွမ်းလျော့ကျလာနိုင်ပါတယ်။ ဒါကြောင့် အမြဲလိုလိုတက်တက်ကြွကြွနေနိုင်ဖို့အတွက် ရေလုံလောက်အောင်သောက်ပေးပါ။ ချောကလက် ဒါကတော့ အရမ်းထူးဆန်းတာမဟုတ်ပါဘူး။ ချောကလက်စားရင် စိတ်ခံစားမှုကောင်းတယ်ဆိုတာကို လူတိုင်းလိုလိုသိထားပြီးသားပါ။ သိပ္ပံနည်းကလေ့လာမှုတွေအရတော့ အနက်ရောင်ချောကလက်ကိုနေ့စဉ် စားသုံးပေးတာက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကို ကျဆင်းစေ စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အာဟာရမျှတတဲ့ အစားအသောက်ဆိုတာဘာလဲ

ညီညွတ်မျှတတဲ့စားသောက်မှုပုံစံဆိုတာ လူ့ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေအားလုံးပါဝင်တဲ့စားသောက်မှုပုံစံဖြစ်တယ်။ အသက်အရွယ်အမျိုးမျိုးအတွက် အာဟာရလိုအပ်ပုံ အချိုးအစားက ကွဲပြားပါလိမ့်မယ်။ ထို့အတူပဲ အမျိုးသားနဲ့ အမျိုးသမီးမှာလည်း မတူနိုင်သလို၊ တစ်ဦးချင်းစီရဲ့ကျန်းမာရေးအခြေအနေပေါ်လိုက်ပြီးလည်းကွဲပါတယ်။ ယေဘုယျအားဖြင့် သင့်ကလေးငယ်အပါဝင် မိသားစုတစ်ခုလုံးကို ညီညွတ်မျှတတဲ့စားသောက်မှုပုံစံဖန်တီးပေးဖို့အတွက် အောက်ပါစားစရာတွေကို ထည့်သွင်းစားသင့်ပါတယ်။ ၁။ နို့နှင့်နို့ထွက်ပစ္စည်းများ နွားနို့၊ ထောပတ်၊ ဒိန်ခဲ နဲ့ တခြားနို့ဖြင့်ပြုလုပ်ထားသော စားစရာများပါဝင်တယ်။ နို့နှင့်နို့ထွက်ပစ္စည်းတွေဟာ ဗီတာမင်ဒီနဲ့ မကောင်းတဲ့ကိုလက်စရောတွေကိုနည်းစေသော ပြည့်ဝဆီကြွယ်ဝတာကြောင့် ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ နို့ထွက်ပစ္စည်းများအစားထိုးကတော့ ပဲပုပ်ပါဝင်သောအထောက်အပံ့စားစရာများနဲ့ အခွံမာသီးများ ဖြစ်တယ်။ ၂။ အသားဓါတ် အသားဓါတ်ဟာ အသားမျိုးစုံကနေရနိုင်ပါတယ်။ ကြက်၊ ဝက်၊ အမဲ စတဲ့အသားတွေကနေ အသားဓါတ်အရနိုင်ဆုံးဖြစ်တယ်။ ငါး၊ ဥတွေအပြင် ပဲမျိုးစုံ၊ တို့ဖူး တို့မှလည်း အသားဓါတ်ကောင်းကောင်းရနိုင်ပါတယ်။ ဒါပေမယ့် တာရှည်ခံအောင်ပြုလုပ်ထားတဲ့ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း ကြက်အူချောင်းတွေကတော့ သင့်ကလေးစားသောက်မှုထဲမှာ မပါသင့်ပါဘူး၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားအသောက်တွေကို အသီးအရွက်တွေနဲ့ ပိုမိုအသက်ဝင်လာစေမယ့် နည်းလမ်း ၁၀ မျိုး

အသီးအရွက်စားခြင်းက သင့်ခန္ဓါကိုယ်သာမက သင့်ဦးနှောက်လုပ်ဆောင်ချက်များအတွက်လိုအပ်သည်။ ထိုကျန်းမာစေသောအစားကိုမစားပါက အစာခြေစနစ်တွင်ပြသာနာဖြစ်စေနိုင်သည်။ အသီးအရွက်များကို ဘယ်လိုစားသောက်နေထိုင်နိုင်သလဲ။   အသီးအရွက်ကင်စားပါ။ ပြုတ်စားတာကိုမကြိုက်ပါက သင်ကင်စားနိုင်သည်။ အသီးများဖျော်သောက်ခြင်း အစိမ်းစားခြင်းမကြိုက်ပါက သေးသေးလေးစီလှီးပြီး ကင်စားခြင်းကအရသာရှိနိုင်သည်။ ဟင်းသီးဟင်းရွက်များဥပမာ မှို အာလူး ငရိုတ်သီး ကန်စွန်းဥ မှန်လာဥ ခရမ်းသီး အစရှိသည်တို့ကိုလည်းကင်စားနိုင်သည်။ အသီးများဆိုလျင် နာနတ်သီးလည်းစားလို့ကောင်းသည်။ သင်ကြိုက်သောအစားအစာထဲသို့ အရွက်များထည့်စားပါ။ လှီးထားသော ကြက်သွန် အာလူး ပဲ ကိုသင်ကြိုက်သောအစာထဲထည့်စားခြင်းက အရသာရှိစေရုံမက အာဟာရပမာကိုလည်းမြင့်စေသည်။ အီတလီဟင်းများထဲဟင်းသီးဟင်းရွက်ထည့်စားပါ။ အီတလီအစားအစာများ ဥပမာ ပါစတာ ကိုအသီးအရွက်ထည့်စားခြင်းက အရသာရှယ်ကောင်းစေသည်။ ဥပမာ လှီးထားသောကြက်သွန် အာလူး ပဲ ငရုတ်သီး ဟင်းနုနွယ် များကိုသင့် ပါစတာဟင်းထဲထည့်စားနိုင်သည်။ အသီးအရွက်သုပ်များကို တီထွင်စားသုံးပါ။ လှီးထားသောကြက်သွန် အာလူးပဲသီး ငရုတ်သီး ဟင်းနုနွယ်အစရှိသည်ကို ထည့်သုပ်စားသောက်နိုင်သည်။ အသုပ်များမှကြိုက်တာရွေးစားပါ။ သင်အသီးအရွက်ထုပ်ထိုးမျိုးသိပ်မကြိုက်ပါက အသီးဟာနှင့်စားနိုင်သည်။ သူတို့က အစားအသောက်မှန်စေရုံမက အာဟာရပါဝင်မှုကိုလည်းမြင့်စေသည်။ မွေကြော်များကိုစားပါ။ သင်ဟင်းလျာအတွက် ပဲ မှို မှန်လာဥ ပန်းဂေါ်ဖီ စသည်တို့ကိုထည့်မွေစားသောက်နိုင်သည်။ သင့်အသားညှပ်ပါမှန့်ထဲအသီးအရွက်ထည့်စားပါ။ လှီးထားသော […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေခဲသေတ္တာထဲက အစားအသောက်တွေနှင့် ပတ်သက်ပြီး သိသင့်သည့် အချက် ၁၀ ချက်

သင်နေသည့် နေရာကျဉ်းနေပါက ရေခဲသေတ္တာအသေးတစ်ခုသာ သင့်အတွက်အကောင်းဆုံးရနိုင်သောပစ္စည်းဖြစ်သည်။ သို့သော် ရေခဲသေတ္တာအသစ်က သင်အစားအသောက်နည်းနည်းပဲ စားရမည်ဟုမဆိုလိုပါ။ အောက်ပါ (၁၀) ချက်က ကျန်းမာသော ရေခဲသေတ္တာလေးဖြစ်အောင်လုပ်နည်းကိုဖော်ပြထားသည်။ ၁။ အဆီနည်းသော ချိစ်ကိုသိမ်းထားပါ။ ကောက်နှံတစ်ခုလုံးအပြည့်ပါသော ပေါင်မုန့်နှင့် အဆီနည်းသောချိစ်က အင်အားများများမြန်မြန်ရစေသော သရေစာဖြစ်သည်။ ပိုကောင်းသောအရာမျိုးလိုပါက ချိစ်ကို ကြက်ဥနှင့် မိုက်ခရိုဝေ့စ်ထဲ ထည့်ကင်ပြီး လုပ်နိုင်သည်။ ၂။ အသီးအရွက်များစွာ ဝယ်ပါ ဝယ်ပြီးဖြတ်ထားပြီး သင်ရေခဲသေတ္တာသေးအတွင်းသို့ သိမ်းထားခြင်းက သရေစာ သို့မဟုတ် အသားလုပ်ပြီး အဆင်သင့်ဖြစ်နိုင်သည်။ ဂျီးမများပါနှင့်။ အသီးအရွက်တွေက သင့်အတွက်ကျန်းမာရေးကောင်းစေပါသည်။ ၃။ အသီးစားရန် မမေ့ပါနှင့်။ လတ်ဆတ်သော သို့မဟုတ် ခဲထားသောအသီးများ၊ အခြောက်ခံထားသော စီမံထားသောအသီးများကို သင်ကြိုက်သလိုစားနိုင်သည်။ အသင့်ပြင်ထားသော အသီးအားသကြားသတိထားထည့်ပါ။ သင့်သရေစာထဲ အသီးထည့်စားခြင်းက ပိုအရသာရှိစေသည်။ ၄။ ရေ။ ပြောစရာမလိုလောက်အောင် ခန္ဓာကိုယ်အတွက် ရေကိုလိုအပ်ပါသည်။ သင်ရေငတ်နေပါက အချိုရည်ထက် ရေကိုသာသောက်သုံးပါ။ ၅။ အခွံမာသီးများ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း