ဦးနှောက်ဟာ ကိုယ်ခန္ဓာတစ်ခုလုံးကို ထိန်းချုပ်ရာ ပင်မနေရာပဲ ဖြစ်ပါတယ်။ သင့်နှလုံး ပုံမှန်ခုန်စေဖို့၊ သင့်အဆုတ်တွေ ပုံမှန်အသက်ရှူဖို့၊ သင်လှုပ်ရှား တွေးတော ခံစားတတ်ဖို့ ဦးနှောက်က အဓိက ကျပါတယ်။ ဦးနှောက်ရဲ့ ကျန်းမာရေး အကောင်းဆုံးအခြေအနေရှိမှ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု စတဲ့အခြေအနေတွေလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။