ဒါကြောင့် စိတ်ဖိစီးမှုနဲ့ ပူပန်များတဲ့သူတွေ အနေနဲ့ အကောင်းဆုံးကတော့ စိတ်ကို လျှော့ပါ။ ဖိစီးမှု များလာရင် အစားသိပ်မစားဘဲ တစ်ခြား စိတ်ဖိစီးမှုကိုပြေလျော့စေတဲ့ သီချင်းဆိုတာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးတွေလုပ်ပါ။
- ၄ မျိုးရိုးလိုက်ပြီးဝခြင်း။ ။
ကိုယ့်မျိုးရိုးက အဝမျိုးရိုးဆိုရင် မျိုးရိုးဗီဇမှာတည်းက ဝတဲ့ ဗီဇပါလာပြီးဖြစ်တဲ့အတွက် ကိုယ့်မှထူးပြီး ပိန်နေစရာ အကြောင်းတော့မရှိပါဘူး။
တစ်ခုရှိတာက သူများတွေဝတိုင်း ကိုယ်မဝချင်ရင် အစားအသောက်ဆင်ခြင်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။
- ၅ . သွေးပြန်ကြောပိတ်အဝလွန်ရောဂါ။ ။
ဒါကလည်း မျိုးရိုးလိုက်တဲ့ အဝလွန်ခြင်းတစ်မျိုးပါပဲ။ သွေးပြန်ကြောပိတ်တဲ့ ရောဂါ ကိုယ့်မျိုးရိုးထဲမှာရှိနေရင် ကိုယ်လည်း အလားတူအခြေအနေမျိုး ဖြစ်ဖို့များပါတယ်။ ဒီလို အဝလွန် တာမျိုးကို ကိုယ်ဝန်သည်တွေမှာလည်း အတွေ့များပါတယ်။ ကိုယ်ဝန်ေကြာင့် ခြေထောက်တွေဖောရောင်လာပြီး ကိုယ့်အလေးချိန်တက်လာတာကို ဆိုလိုတာပါ။
ဒီလို အဝလွန်ခြင်း အတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပြီး သွေးလည်ပတ်မှု ကောင်းအောင် လုပ်ပေးတာပဲဖြစ်ပါတယ်။ ။
- ၆ . တစ်နေရာတည်း အဆီစုပြီး ဝခြင်း။ ။
တစ်ချို့လူတွေရှိပါတယ်။ လူကသာ ပိန်နေပေမယ့် ဗိုက်ကလေး တစ်လုံးနဲ့ ဘီးကျဲကြီးတွေ ရှိပါတယ်။ စားသမျှ ဗိုက်မှာစု ဆိုတဲ့အတိုင်း အဆီတွေအားလုံး ဗိုက်မှာပဲလာစုပြီး တစ်နေရာတည်းကွက်ဝ နေတာမျိုးပါ။ ဒါမျိုးက အရက်၊ ဘီယာသောက်တာနဲ့လည်း ဆက်စပ်မှုရှိနေတတ်ပါတယ်။ ဗိုက်တစ်နေရာတည်း အဆီစုပြီး ဝတာက အခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့ အသက်ရှူရခက်တာ၊ အိပ်နေချိန် အသက်ရှူရပ်သွားတာ၊ အသည်းအဆီဖုံးတာ၊ နှလုံးရောဂါတွေကိုပါ ဖြစ်စေပါတယ်။
ဒီပြဿနာကိုဖြေရှင်းချင်ရင်တော့ အရက်ဘီယာကို ဖြတ်ပါ။ အဆီများတာ လျှော့စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။
ကဲ ဒီလောက်ဆို ကိုယ်က ဘယ်လိုဝတဲ့ အမျိုးအစားထဲ ပါနေလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ အဝလွန် တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးရှိတဲ့အတွက် ကိုယ်အလေးချိန်ကို လျှော့ပါ။ ဝလို့လှလို့ပဲ ရှိတာဆိုပေမယ့် အဝလွန်သွားရင်တော့ လှတာမဟုတ်ဘဲ ရောဂါတွေ တစ်သီကြီးရတော့မှာပါ။