၂။ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတယ်။
အစာဝင်သွားတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေအပြင် ဦးနှောက်ကပါ အလုပ်လုပ်နေရတဲ့အတွက် ကိုယ့်ရဲ့ ညဘက်အိပ်ချိန်ကိုပါ အဟန့်အတားဖြစ်စေပါတယ်။ လူတစ်ယောက်အတွက် နေ့စဉ် အိပ်ချိန် အနည်းဆုံး ၇နာရီ ပြည့်ဝဖို့ လိုအပ်တာကြောင့် ကြာလာတဲ့အခါ ညဘက်အစာစားတတ်တဲ့အကျင့်ကြောင့် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။
၃။ ရင်ပူမယ်။
အစာစားလိုက်တဲ့အခါ အစာအိမ်က အက်စစ်တွေ စီးဆင်းတဲ့အတွက် နှလုံးနဲ့ ရင်ဘက်တစ်ဝိုက်မှာ ပူလောင်နေမယ်။ အစာကောင်းကောင်း ချေဖျက်ေပးနိုင်မှာ မဟုတ်တဲ့အပြင် အစာစားပြီး အိပ်ရာတန်းဝင်လိုက်တဲ့အခါ ရင်ဘက်ထဲမှာ ပူလောင်နေတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။
၄။ အစာမကြေဖြစ်မယ်။
အိပ်စက်နေရမယ့် အချိန်မှာ အစာစားတဲ့အခါ အစာမကြေတာတော့ သဘာဝပါပဲ။ ညဘက် နောက်ကျမှ အစာစားပြီး အိပ်ရင် အစာချေဖျက်ဖို့ ကြာတဲ့ အပြင် နောက်နေ့ မနက် နိုးလာတဲ့အခါမှာလည်း ဗိုက်က အလွန်အမင်း ဆာလောင်နေမှာပါ။
၅။ ဆီးချို၊ သွေးတိုး ဖြစ်စေမယ်။
ရေခဲသေတ္တာထဲမှာ ရှိတဲ့ အချိုမုန့်တွေ၊ အကြော်အလှော်တွေဟာ ညဘက် နောက်ကျမှ အစာစားချင်စိတ်ကို ဖြစ်စေတဲ့ အဓိကတရားခံပါပဲ။ ရုပ်ရှင်ကြည့်နေတဲ့အချိန်မှာ ပိုပြီးစားကောင်းနေမှာ ဖြစ်တဲ့အတွက် ခါတိုင်းအချိန်ထက် ပိုစားမယ်။ ကိုယ်ခန္ဓါအတွက် မကောင်းတဲ့ သကြားဓါတ်တွေ၊ ကိုလက်စထရောနဲ့ ကယ်လိုရီဓါတ်တွေ တိုးလာမယ်။ ဒီအခါမှာ ဆီးချို၊ သွေးတိုးအပြင် နှလုံးရောဂါဖြစ်နိုင်ခြေကိုပါ မြင့်တက်စေနိုင်ပါတယ်။
ညဘက် အစာစားတဲ့အကျင့်ကို ဘယ်လိုဖျောက်ဖျက်ကြမလဲ။
၁။ မနက်နဲ့ နေ့လည်ကို ပြည့်ဝစွာ စားပြီး ညဘက်မှာ အစားလျှော့စားပါ။ အစာကြေလွယ်စေတဲ့ အမျှင်ဓါတ်များတဲ့ အစားအစာ၊ ကယ်လိုရီနည်းတဲ့ အစားအစာတွေကို ညဘက်တွေမှာ ပိုစားပေးပါ။
၂။ ၇နာရီမတိုင်ခင် ညစာကို အပြီးစားတဲ့ အကျင့်လုပ်ပေးထားပါ။ နောက်အကျဆုံး ၈နာရီထိသာ အစာစားပြီး အိပ်ချိန်နဲ့ အနည်းဆုံး ၂နာရီလောက် ခြားထားပေးပါ။
၃။ ညဘက်တွေမှာ ဗိုက်အရမ်းဆာလာပြီဆိုရင် သစ်သီး၊ ပေါင်မုန့်ကြမ်းကို ရေတစ်ခွက် အဝသောက်ပြီး စောစောအိပ်ပါ။
၄။ ညနောက်ကျတဲ့အထိ ရုပ်ရှင်ကြည့်တဲ့အခါ အစာစားချင်စိတ်ကို ဖြစ်စေတဲ့အပြင် အိပ်စက်ခြင်းကိုပါ ထိခိုက်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
၅။ ညဘက်တွေမှာ စောစောအိပ်တဲ့ အလေ့အကျင့်ကို ငယ်စဉ်ကတည်းက မွေးမြူထားပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။