အစားစားမှ ဇီဝကမ္မဖြစ်စဉ်အလုပ်လုပ်တာပါ။ ဒါပေမယ့် ဝိတ်ချဖို့ဆိုပြီး အစားတွေ လျှော့လွန်းလိုက်တဲ့အခါ ဇီဝကမ္မလည်း အလုပ်သိပ်မလုပ်ရတော့လို့ တဖြည့်းဖြည်း အကျင့်ပါပြီး နှေးသွားနိုင်ပါတယ်။
( ၅ ) ရေဓာတ်ခမ်းခြောက်ခြင်း
ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ဇီဝကမ္မဖြစ်စဉ် ကို နှေးသွားစေတဲ့အချက်တစ်ခုပါ။
( ၆ ) ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့ခြင်း
အရိုးတွေသန်မာဖို့အတွက်သာမက ဇီဝကမ္မဖြစ်စဉ် ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့အတွက် အရေးပါတဲ့ ကယ်လ်ဆီယမ် မလုံလောက်တဲ့အခါမျိုးမှာ ဇီဝကမ္မဖြစ်စဉ် နှေးသွားနိုင်ပါတယ်။
( ၇ ) ဆေး
စိတ်ကျရောဂါ၊ အတက်ရောဂါနဲ့ စိတ်ရောဂါ ဝေဒနာတွေအတွက် သောက်တဲ့ ဆေးတွေက ဇီဝကမ္မဖြစ်စဉ်ကို နှေးစေနိုင်တဲ့ ဆေးတွေပါ။
( ၈ ) ကိုယ်လက်လှုပ်ရှားမှု မရှိတာ
ကိုယ်လက်လှုပ်ရှားမှုတွေမရှိဘဲ တစ်ချိန်လုံးထိုင်ပြီး အလုပ်လုပ်မယ် TV ကြည့်နေမယ်ဆိုရင်တော့ လူလည်း တဖြည်းဖြည်းနှေးကွေးလာနိုင်သလို ဇီဝကမ္မဖြစ်စဉ်တွေလည်း တဖြည်းဖြည်းနှေးသွားပါလိမ့်မယ် ။
ဒီတော့ အပေါ်ကပြောထားတဲ့ အချက်တွေက ဇီဝကမ္မဖြစ်စဉ်ကို နှေးစေတဲ့အချက်တွေဖြစ်လို့ ကိုယ့်ဆီမှာ ဒီအချက်တွေရှိခဲ့ရင် နေရင်းထိုင်ရင်းနဲ့ ဝလာမှာ အသေအချာပါ။ ဒီတော့ အပေါ်ပြောထားတဲ့အချက်တွေကို ရှောင်နိုင်ရင်ရှောင် မရှောင်နိုင်ရင် အစားလည်းလျှော့၊လေ့ကျင့်ခန်းလေးပြန်လုပ်ပြီး ထိန်းနိုင်မှ တော်ရုံကျမှာပါ။ ။