backup og meta

ခံတွင်းအနံ့က ပြောပြနေတဲ့ သင့်ရဲ့ ကျန်းမာရေးအခြေအနေများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းအနံ့က ပြောပြနေတဲ့ သင့်ရဲ့ ကျန်းမာရေးအခြေအနေများ

    လူတစ်ယောက်ရဲ့ ပါးစပ်ကနေ အနံ့ဆိုး တစ်စုံတစ်ရာ ထွက်နေပြီဆိုရင် လူတော်တော်များများက မသိမသာလေး ကျဉ်သွားကြပါတယ်။ ထုတ်ပြောလို့ကလည်း အားနာစရာ၊ အနားမှာ နေဖို့ကလည်း အဆင်မပြေနဲ့မဟုတ်လား။

    တကယ်တော့ ခံတွင်းအနံ့ဆိုးထွက်နေတဲ့ လူတစ်ယောက်နဲ့စကားပြောဖြစ်နေပြီဆိုရင် သူ့ကို အသိပေးလိုက်ပါ။ ဒါက သူ့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုခြင်းတစ်မျိုးဖြစ်သလို သူ့ကို ကူညီရာလည်း ရောက်ပါတယ်။

    ခံတွင်းအနံ့ဆိုးတာဟာ ယျေဘုယျအားဖြင့် ခံတွင်းမသန့်ရှင်းလို့၊ အနံ့ပြင်းတဲ့အစားအစာတွေ မှီဝဲစားသောက်ထားလို့၊ အရက်သေစာနဲ့ ဆေးလိပ်မှီဝဲထားလို့လည်းဖြစ်နိုင်သလို ကျန်းမာရေးပြဿနာတစ်စုံတစ်ရာ ရှိနေတာတွေကြောင့် ဖြစ်တတ်ပါတယ်။

    ဒါပေမယ့် ဒါတင်မကပါဘူး။ ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေရဲ့ နိမိတ်လက္ခဏာတွေလည်းဖြစ်နေနိုင်တာကို သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ခံတွင်းနံ့ဆိုးဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတွေကို အောက်မှာ စုစည်းဖော်ပြပေးထားပါတယ်။

    • Morning Breath

    လူတစ်ယောက် အိပ်ပျော်နေချိန်မှာ ဟောက်တတ်တာကို သဘာဝဖြစ်စဉ်တစ်ခုအဖြစ် အတော်များများက မှတ်ယူတတ်ကြတယ်။ တကယ်တမ်းကတော့ ဟောက်တာဟာ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ အိပ်နေစဉ်ဟောက်တာဟာ Sleep Apnea လို့ခေါ်တဲ့ အိပ်နေစဉ် အသက်ရှူရပ်သွားတဲ့ ဝေဒနာကြောင့် ဖြစ်ပါတယ်။ ဒီလို အိပ်နေစဉ်ဟောက်တတ်တဲ့လူတွေဟာ မနက်ပိုင်းမှာ ခံတွင်း အနံ့ဆိုးထွက်တတ်ကြပြီး ဒါကို Morning Breath လို့ ခေါ်ပါတယ်။

    • သွားဖုံးနဲ့သက်ဆိုင်သော ရောဂါများ

    ခံတွင်း အနံ့ဆိုးထွက်နေတာဟာ သွားဖုံးရောင်တာ၊ ရေစီးကမ်းပြိုလိုက်တာတွေလိုမျိုး ဝေဒနာတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဒါတွေဟာ များသောအားဖြင့် ဆေးလိပ်သောက်တာ၊ သွားပုံမှန်မတိုက်တာတွေကြောင့် ဖြစ်တတ်ပါတယ်။

    အစာအိမ်ထဲက အစာခြေရည်တွေ ပြန်ဆန်တက်လာတာကို အက်ဆစ်ပြန်စီးခြင်းဝေဒနာ (Acid Reflux) လို့ ခေါ်ပါတယ်။ အစာအိမ်ထဲကနေ လည်ချောင်းထဲကို ပြန်ဆန်တက်လာတာပါ တစ်ခါတစ်ရံမှာ ပါးစပ်ထဲအထိတောင် ရောက်တတ်ပါတယ်။ ဒီလိုအချိန်မျိုးဆိုရင် ကိုယ့်ရဲ့ ခံတွင်းဟာ ချဉ်စူးစူးအနံ့အသက်မျိုးထွက်နေတတ်ပါတယ်။

    • ဆီးချို

    ဆီးချိုသမားတွေအနေနဲ့ သွေးတွင်း သကြားဓာတ်ပမာဏ မြင့်တက်နေချိန်တွေမှာ ခံတွင်းအနံ့အသက်တွေ ဆိုးရွားနေတတ်ပါတယ်။ ဒါက ကိုယ့်ရဲ့သွေးတွင်းမှာ အင်ဆူလင်ဓာတ် နည်းပါးနေတယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။

    • H. Pylori

    တစ်ခါတစ်ရံမှာ ခံတွင်း အနံ့ဆိုးတွေ မကြာခဏထွက်နေတာဟာ အစာအိမ်ကင်ဆာနဲ့ အစာအိမ်အနာလိုရောဂါတွေကိုဖြစ်စေနိုင်တဲ့ H. Pylori ဆိုတဲ့ ဘက်တီးရီးယားပိုး ကူးစက်ခံထားရတာလည်းဖြစ်နိုင်ပါတယ်။ ဒီပိုးရှိနေပြီဆိုရင် ရင်ပူတာ၊ အန်တာနဲ့ ဗိုက်အောင့်တာအပြင် ဆိုးရွားတဲ့ အာပုပ်နံ့တွေလည်း ထွက်နေနိုင်ပါတယ်။

  • အသက်ရှူလမ်းကြောင်းမှာ ပိုးကူးစက်ခံရခြင်း
  • ချောင်းဆိုးတာ၊ အအေးမိတာနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်တာတွေဟာ နှာခေါင်းနဲ့ ပါးစပ်ကနေတဆင့် ကူးစက်ကြတာများပါတယ်။ ကိုယ်ရှူသွင်းလိုက်တဲ့လေမှ ပိုးမွှားပါရှိနေတတ်တာကြောင့် ဒီလိုဝေဒနာတွေဖြစ်တတ်ပါတယ်။

  • ကိုယ်မှီဝဲနေတဲ့ ဆေးဝါးတွေ
  • တချို့သောလူတွေ ခံတွင်းရနံ့ဆိုးတာက ဆေးဝါးဓာတ်စာတွေကြောင့်ပါ။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေတွေအရ မှီဝဲနေရတဲ့ ပဋိဇီဝဆေးတွေမှာ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်းတွေဟာ ခံတွင်းကိုခြောက်သွေ့စေပြီး ခံတွင်းနံ့ဆိုးရွားမှုကို ဖြစ်စေနိုင်ပါတယ်။

    Tonsil Stones (အာသီးကျောက်တည်ခြင်း) ဆိုတဲ့ဝေဒနာ ကိုယ့်မှာရှိလာပြီဆိုရင်လည်း အနံ့ဆိုးတွေ ထွက်လာနိုင်ပါတယ်။ Tonsil ဟာ ပိုမွှားတွေ တိုက်ထုတ်ပေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဲ့ဒီနေရာမှာ ကယ်လ်ဆီယံဓာတ်တွေ ကပ်ငြိနေရာကနေ ဒီရောဂါဖြစ်လာတာဖြစ်ပါတယ်။ ဒီပြဿနာမဖြစ်ရအောင် သွားကိုတင်မက လျှာကိုပါ သေချာသန့်စင်တိုက်ချွတ်ပေးဖို့ လိုအပ်ပါတယ်။

    • ရေဓာတ်ချို့တဲ့ခြင်း

    Dehydration ဆိုတဲ့ ရေဓာတ်ချို့တဲ့မှုကြောင့် တံတွေးထုတ်လုပ်မှုကို လျော့ကျစေနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ ခံတွင်းအနံ့ကို ဆိုးရွားသွားစေတတ်ပါတယ်။ ပိုမိုဆိုးရွားတဲ့ အခြေအနေမှာ Sjögren’s syndrome နဲ့ Scleroderma တို့ပါ ဖြစ်နိုင်ခြေရှိပါတယ်။

    • ခံတွင်းမှာ ပိုးကူးစက်ခံရခြင်း

    အာခေါင်အတွင်းမှာ အနာဖြစ်ပြီး ဘက်တီးရီးယားပိုးတစ်စုံတစ်ရာ ကူးစက်ခံရရင်လည်း ခံတွင်းနံ့ဆိုးတွေ ဖြစ်ပေါ်လာမှာပါ။ ဒီဝေဒနာကို သက်သာစေဖို့ဆိုရင် ဆားရည်ငုံတာ ဒါမှမဟုတ် ပဋိဇီဝဆေးတွေ မှီဝဲတာတွေ ပြုလုပ်ရပါလိမ့်မယ်။

    • အသည်းနဲ့ ကျောက်ကပ်ပျက်စီးခြင်း

    ခံတွင်း နံ့လေးဆိုးရုံသက်သက်ဆိုပေမယ့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်လောက်တဲ ဝေဒနာတွေရဲ့ လက္ခဏာတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဥပမာပြောရရင်တော့ အသည်းပျက်စီးတာမျိုးပေါ့။ ခန္ဓာကိုယ်တွင်းက အသည်း ဒါမှမဟုတ် ကျောက်ကပ်တွေ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမျိုးတွေမှာ အသားဝါတာတွေ၊ ခံတွင်းကနေ အာပုပ်နံ့ထွက်တာတွေ ဖြစ်တတ်ပါသေးတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement