backup og meta

Pistachios ကြိုက်သူလေးတွေအတွက် သတင်းကောင်း


Aye Thi Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Pistachios ကြိုက်သူလေးတွေအတွက် သတင်းကောင်း

    Pistachio  စေ့လေးတွေဟာ အရသာရှိ သလို ပျင်းလည်းပြေစေတဲ့ အစားအစာတစ်ခုပါ။ ဒါတင်လား ဆိုတော့ မဟုတ်သေးပြန်ပါဘူး။ အပျင်းပြေ အရသာရှိရှိ စားလို့ရတဲ့ Pistachio စေ့လေးတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ၊ ပရိုတင်း၊ အမျှင်ဓာတ် နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ပါဝင်နေပြီး ကျန်းမာစေဖို့လည်း အထောက်အကူ ပြုပေးပါသေးတယ်။

    Pistachio စေ့လေးကပေးတဲ့ အာဟာရ

    စားလို့ကောင်းတဲ့ Pistachio စေ့လေးတွေမှာ

    Pistachio ကပေးတဲ့ ကျန်းမာရေး

    အပျင်းပြေ အရသာ ရှိရှိစားလေ့ရှိတဲ့ Pistachio က

    Pistachio မှာ မျက်လုံး ကျန်းမာရေးအတွက် အထောက်အကူပြုပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ lutein နဲ့ zeaxanthin တို့ါဝင်နေပါတယ်။ အမြင်အာရုံကို ကျန်းမာစေသလို အသက်အရွယ်ကြောင့် အမြင်အာရုံ ချို့ယွင်းတာနဲ့ အတွင်းတိမ်တွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    မျက်လုံး ကျန်းမာပြီး အမြင်အာရုံ ကောင်းစေဖို့ဆိုရင် Pistachio စားပေးလို့ ရပါတယ်။

    သွေးကြောတွေ ပြေလျော့စေတယ်

    Pistachio မှာပါတဲ့ Nitric oxide ကသွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေပါတယ်။ သွေးကြောအတွင်းနံရံကို ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

    သွေးကြောနံရံတွေ ပြေလျော့ပြီး သွေးစီးဆင်းမှု ကောင်းစေတာက သွေးတိုး မဖြစ်အောင် ကာကွယ်ပေးသလို နှလုံး ကျန်းမာစေဖို့လည်း အထောက်အကူ ပြုပေးပါတယ်။

    သွေးတွင်းသကြားဓာတ် ကျဆင်းစေနိုင်တယ်

    Pistachio မှာ အခြား အခွံမာသီးတွေ၊ အစေ့အဆန်တွေထက် ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေဖို့ အထောက်အကူပြု ပေးနိုင်ပါတယ်။

    လေ့လာမှုတွေအရ Pistachio မှာ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

    သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်

    Pistachios က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝနေတာကြောင့် သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL) ကို ကျဆင်းစေနိုင်ပြီး အကျိုးပြုကိုလက်စထရော (HDL) ကို တိုးစေနိုင်ပါတယ်။

    သွေးပေါင်ချိန် ထိန်းညှိပေးပါတယ်

    ပိုတက်ဆီယမ် ကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ပါဝင်မှု မနည်းတဲ့ pistachios ကသွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေသလို နှလုံးကို ကျန်းမာစေပါတယ်။ သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    အခြားသော အခွံမာသီးတွေ၊ အစေ့အဆန်တွေ နည်းတူ Pistachios မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက  အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေသလို အစာခြေစနစ်မှာ အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေကိုလည်း အကောင်းဆုံး အာဟာရဖြည့်တင်း ပေးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement