သံလွင်သီး ကပေးတဲ့ ကျန်းမာရေး
- ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်
- နှလုံး ကျန်းမာစေနိုင်တယ်
သွေးတွင်းကိုလက်စထရော များတာ နဲ့ သွေးပေါင်ချိန်မြင့်တာက နှလုံးရောဂါဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတွေပါ။ သံလွင်သီးမှာပါတဲ့ Oleic acid က သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL) ပမာဏကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ပံ့ပေးပါတယ်။ လေ့လာမှုတွေအရကတော့ သံလွင်သီး က သွေးမတိုးစေဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။