ဇင့်ဓာတ်ပါဝင်နေတာကြောင့် ဝက်ခြံကို သက်သာစေပြီး အနာကျက်စေနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေကို ကျန်းမာစေပြီး အနာ မြန်မြန်ကျက်စေနိုင်ပါတယ်။ အရေပြား ပိုးဝင်ကူးစက်တာ၊ ပါးစပ်ထဲက အနာဖြူလေးတွေ၊ အပူလောင်နာ၊ ချုပ်ရိုး၊ အနာ စတာတွေကို သက်သာစေနိုင်ပါတယ်။ ကော်လာဂျင်ထွက်ရှိမှုကို မြှင့်တင်ပေးပြီး အသားအရေကို ကျန်းမာစေနိုင်ပါတယ်။ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။
လေဖြတ်တာကို ကာကွယ်ပေးတယ်
ဟင်းပြင်းရွက်မှာ ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေတဲ့ ပိုတက်ဆီယမ် ပါဝင်နေပါတယ်။ ပိုတက်ဆီယမ်က ဦးနှောက်ဆီကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေပြီး သိမြင်မှုစွမ်းရည်တွေ ဟန်ချက်ညီညီလှုပ်ရှားနိုင်စွမ်းတွေကို တိုးတက်စေနိုင်ပါတယ်။ လေမဖြတ်အောင် ကာကွယ်ပေးပြီး လေဖြတ်တဲ့လူနာ ပြန်လည် နလန်ထူလာစေဖို့လည်း အားဖြည့်ပေးနိုင်ပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းမွန်စေလို့ သွေးခဲပိတ်ဆို့မှု ကင်းစေနိုင်ပါတယ်။
ကြွက်တက်တာကို သက်သာစေနိုင်တယ်
မဂ္ဂနီဆီယမ်က ကျောက်ကပ်ကို ကျန်းမာစေနိုင်သလို နောက်ကျောကြွက်သားတွေကို ပြေလျော့စေပါတယ်။ ကယ်လ်ဆီယမ် စုပ်ယူမှုကောင်းစေပြီး အရိုးပြဿနာတွေကို မြန်မြန် သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ် ချို့တဲ့မှုကြောင့်ဖြစ်တဲ့ ခြေထောက် ကြွက်တက်တာ၊
ခြေကုန်လက်ပမ်းကျတာတွေကို သက်သာစေနိုင်ပါတယ်။ မကြာခဏ ကြွက်တက်တတ်သူတွေ စားပေးသင့်ပါတယ်။
ကျောက်ကပ် ကျန်းမာစေတယ်
Phosphorus ကြွယ်ဝမှုက ကျောက်ကပ် ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။ ကျောက်ကပ်ထဲက အညစ်အကြေးတွေကို ဆီးအဖြစ် စွန့်ထုတ်ပေးပါတယ်။ ဆီးရွှင်စေပြီး ကိုယ်တွင်းက ရေပမာဏ၊ ယူရစ် အက်ဆစ်နဲ့ ပိုလျှံနေတဲ့ ဆားဓာတ်၊ အဆီဓာတ်တွေကို စွန့်ထုတ်ပေးပါတယ်။ ကိုယ်တွင်းမှာ ရေဓာတ် ထိန်းညှိပေးပြီး အဆိပ်အတောက်တွေ ဖယ်ရှားပေးလို့ ကျောက်ကပ် ကျန်းမာစေနိုင်ပါတယ်။
ကြွက်သားတွေ ကျန်းမာစေတယ်
ဟင်းပြင်းရွက်မှာ ကြွက်သားတွေ သန်မာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးတဲ့ ပရိုတင်းပါဝင်နေပါတယ်။ ကြွက်သားတစ်ရှူးတွေကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဒါကြောင့် ပရိုတင်း ပြည့်ဝချင်တယ်ဆိုရင် စားပေးသင့်ပါတယ်။
ဆဲလ်တွေ ၊ တစ်ရှူးတွေကို အသစ်ဖြစ်ပေါ်စေတယ်
ခန္ဓာကိုယ်က ဆံပင်၊ အရေပြား နဲ့ ခြေသည်းလက်သည်တွေ အသစ်ဖြစ်ပေါ်စေဖို့အတွက် ပရိုတင်းဖြစ်ပေါ်စေဖို့ အမိုင်နိုအက်ဆစ်ကို လိုအပ်မှာပါ။ ဒီလို ဆဲလ်အသစ်တွေ ဖြစ်ပေါ်နေတာက ကျန်းမာတဲ့ လက္ခဏာတစ်ရပ်ပါ။ ဒါကြောင့် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့ဆိုရင် ဟင်းပြင်းပင်ကို စားသုံးပေးလို့ရပါတယ်။
ဆံသား ကျန်းမာစေတယ်
ပရိုတင်းက ဆံသားကျန်းမာစေပြီး ဆံသား မပျက်စီးစေဖို့ ကာကွယ်ပေးပါတယ်။ လေ့လာမှုတွေ အရကတော့ ပရိုတင်း ပြည့်ဝမှုက ဆံသားအသစ်တွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။ ဒါကြောင့် ဆံသား ကျန်းမာစေဖို့အတွက် ဟင်းပြင်းရွက်၊ ဟင်းပြင်းသီး၊ ဟင်းပြင်းဖူးစတာတွေကို စားပေးလို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။