ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

ခေါင်းမြီးခြုံ လုံပါပေ့။ ဆံမြိတ်ချ လှပါပေ့။ ကျောက်တန်းစီ ညီပါပေ့ ဆိုတဲ့ ပဟေဠိလေးရဲ့ အဖြေက ပြောင်းဖူးဆိုတာ လူတိုင်းသိပြီးမှာပါ။ ပြောင်းဖူးကို ဝယ်တဲ့အခါ ခေါင်းမြီးခြုံ လုံပါပေ့ လို့တင်စားတဲ့ အခွံ နဲ့ ဆံမြိတ်ချ လှပါပေ့ လို့တင်စားတဲ့ အမွှေးလေးတွေကို ဖယ်လို့ စားကြတယ်နော်။ ဒီတစ်ခေါက်တော့ ပြောင်းဖူးစားတဲ့အခါ ဖယ်စားလေ့ရှိပြီး ငယ်ငယ်က ကြာဇံဆိုပြီး ဆော့တတ်ကြတဲ့ ပြောင်းဖူးမွှေးလေးရဲ့ ဆေးဖက်ဝင်ပုံကို ပြောပြပေးချင်ပါတယ်။

ပြောင်းဖူးမွှေး ဆိုတာ

ပြောင်းဖူးမွှေးက အဝါရောင်ဖျော့ဖျော့ အပ်ချဉ်မျှင်လိုသေးသွယ်ပြီး ရှည်လျားတဲ့ အရာလေးတွေပါ။ ပြောင်းဖူးလေးတွေရဲ့ ထိပ်ပိုင်းမှာ ပါတတ်ကြပါတယ်။ ဒီအမွှေးတွေကု ခုခေတ်မှာ ဖယ်​ပစ်ကြပေမယ့် ရှေးယခင်က ဆေးဖက်ဝင်တဲ့ အရာအဖြစ် အသုံးပြုခဲ့ကြပါတယ်။
ပြောင်းဖူးမွှေးမှာ အပင်ဒြပ်ပေါင်းတွေ များစွာ ပါဝင်နေသလို ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုပါတယ်။

ပြောင်းဖူးမွှေးက ဒီလို ဆေးဖက်ဝင်ပါတယ်

ပြောင်းဖူးမွှေးလေးတွေက

ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်

ပြောင်းဖူးမွှေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။ ဆီးအိမ်ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဆီးသွားရလွယ်စေပြီး ဆီးလမ်းကြောင်းက ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဆီးကျိတ် ဂလင်းတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ဆီးရွှင် စေတယ်

ဆီးသွားရခက်နေသူတွေအနေနဲ့ ပြောင်းဖူးမွှေးကို ဆီးရွှင်ဆေးအဖြစ် သုံးလို့ရပါတယ်။ ပြောင်းဖူးမွှေးက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေကို ဆီးအဖြစ် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဆိးမသွားနိုင်တာရဲ့ နောင်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ နှလုံး ထိခိုက်တာ၊ ကျောက်ကပ် ပျက်စီးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်ပေးတယ်

ကျောက်ကပ်မှာ ကျောက်တည်တာက နာကျင်သလို ဆီးသွားတဲ့အခါ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ပြောင်းဖူးမွှေးက ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပေးပြီး ဆီးရွှင်စေတာ​ကြောင့် ကျောက်ကပ်မှာ အနယ်စုပုံပြီး ကျောက်ဖြစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

သွေးတိတ် စေတယ်

ပြောင်းဖူးမွှေးမှာ ဗီတာမင် K ပါဝင်နေတာကြောင့် သွေးခဲမှုဖြစ်စဉ်ကို ကူညီပေးပါတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့အခါ မလိုအပ်ဘဲ သွေးထွက်မလွန်အောင် ကာကွယ်ပေးပါတယ်။

သွေးတိုးကျ စေတယ်

ဆီးချို၊ သွေးတိုး ခံစားရသူတွေက ယနေ့ခေတ်မျာ ပိုများလာပါတယ်။ ဒီရောဂါတွေကို ကာကွယ်ဖို့ဖြစ်ဖြစ် သက်သာစေဖို့ဖြစ်ဖြစ် ပြောင်းဖူးမွှေးကို အသုံးပြုပေးလို့ရပါတယ်။ လေနဲ့အခြောက်ခံထားတဲ့ ပြောင်းဖူးမွှေးကို ရေနွေးထဲ စိမ်သောက်ပေးရုံပါ။

သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

သွေးတွင်းသကြားဓာတ် ကျစေဖို့လည်း ပြောင်းဖူးမွှေးကို အသုံးပြုပေးလို့ရပါတယ်။ နေ့စဉ် ပြောင်းဖူးမွှေး ရေနွေးကြမ်း သုံးဆောင်ပေးတာက သဘာဝသွေးချိုထိန်းသိမ်းနိုင်မယ့် နည်းလမ်းပါ။

အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေတယ်

ပြောင်းဖူးမွှေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရိုးအဆစ် နာကျင်ရောင်ရမ်းမှု ဝေဒနာ၊ ဂေါက်ရောဂါတို့ကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့ အသုံးပြုလို့ရပါတယ်။

သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ်

သွေးတွင်းကိုလက်စထရောများတာက နှလုံးကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး ရေရှည်မှာ နှလုံးထိခိုက်တာကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေဖို့ဆိုရင် ပြောင်းဖူးမွှေးကို ပြုတ်သောက်ပေးလို့ရပါတယ်။

ဗီတာမင် C ကြွယ်ဝတယ် 

ပြောင်းဖူးမွှေးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းနိုင်ပါတယ်။

ဒီအကျိုးကျေးဇူးတွေအပြင် ပြောင်းဖူးမွှေးက အသားအရောင်ကို ညီစေပြီး အသားအရေ ကျန်းမာစေနိုင်သလို အဝလွန်တာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ညီညွတ်မျှတစေပြီး ကျန်းမာစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်တဲ့ သဘာဝကပေးတဲ့ ဆေးတစ်မျိုးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ကြောင်လျှာသီး ကျန်းမာရေး အကျိုးကျေးဇူး ခါးသက်သက် ဆေးဖက်ဝင်ပုံ ဘက်တီးရီးယား ခန္ဓာကိုယ် ဓာတ်တိုးဆန့်ကျင် မှိုပိုး နာတာရှည်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ အုန်းနို့အကြောင်း

အုန်းနို့ ကျန်းမာရေး အုန်းသီး အုန်းဆီ ပြည့်ဝဆီ ခေါင်းမူး နွေရာသီ အချိုဓာတ် သွေးတိုး နှလုံးရောဂါ ဝမ်းချုပ် အစာမကြေ နွားနို့ အဝလွန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ဘာကြောင့် ပိန်ချင်တာလဲ၊ ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေးဖူးလား

ကိုယ်အလေးချိန် အသက်အရွယ် ပိန်ခြင်း ဝခြင်း အဝလွန် လေ့ကျင့်ခန်း အဝတ်အစား ခန္ဓာကိုယ် ကျန်းမာရေး ကိုယ်အလေးချိန်ထိန်းခြင်း ဝိတ်ချခြင်း အိပ်ချိန် အစာအာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

အဆီကို မြန်မြန်နဲ့ မှန်မှန်လေး ကျစေမယ့် အဓိကအချက် (၃) ချက်

အဆီ ဝိတ်ကျ ကိုယ်အလေးချိန် အဝလွန် အရပ်အမြင့် အသက်အရွယ် အလှအပ ကိုယ်ခန္ဓာ ကစီဓာတ် ပရိုတင်းဓာတ် အဆီဓာတ် ကယ်လိုရီ အိပ်ချိန် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 1 ဖတ်ရန် ကြာချိန်
ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 3 ဖတ်ရန် ကြာချိန်
ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 2 ဖတ်ရန် ကြာချိန်