ကြက်ဟင်းခါးရွက် ရဲ့ဆေးဖက်ဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 20, 2021 . 2 mins read
Share now

ခါးသက်သက်အရသာရှိပြီး ပြုတ်တို့ရင် စားလို့ကောင်းတဲ့ ကြက်ဟင်းခါးရွက် လေးတွေကလည်း ကြက်ဟင်းခါးသီးလိုပဲ ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ကျန်းမာရေးအခြေအနေတွေအတွက် ကြက်ဟင်းခါးရွက် လေးကို သုံးလို့ရလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ကြက်ဟင်းခါးရွက် ဆိုတာ

အစိမ်းရောင်ရှိပြီး နှာမောင်းလေးတွေနဲ့ အရိုးတံခပ်ပျော့ပျော့ စိမ်းစိမ်းလေးတွေပါ။ အပွင့် ဝါဝါလေးတွေ ပွင့်တတ်ပြီး နွယ်ပင်တစ်မျိုးပါ။ ကြီးထွားတာလည်း မြန်ပါတယ်။

ဘယ်လိုအာဟာရဓာတ်တွေပါလဲ…………..

ကြက်ဟင်းခါးရွက်မှာ

ကြက်ဟင်းခါးရွက်ကပေးတဲ့ ကျန်းမာရေး

ကြက်ဟင်းခါးရွက်ကို စားသုံးပေးတာက

ဆီးချို ကာကွယ်နိုင်တယ်

ကြက်ဟင်းခါးရွက်ကို ပြုတ်တို့တာဖြစ်ဖြစ် အရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ သတ္တုရည်ကို သောက်ပေးတာဖြစ်ဖြစ်၊ ပြုတ်ရည်ကိုသောက်တာဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် အမျိုးအစား – ၂ ဆီးချိုရောဂါကို သက်သာစေနိုင်မှာဖြစ်သလို ကာကွယ်ရာလည်းရောက်ပါတယ်။ အကြောင်းကတော့ ကြက်ဟင်းခါးရွက်ကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်လို့ပါ။

လိပ်ခေါင်း သက်သာစေနိုင်တယ်

လိပ်ခေါင်းရောဂါခံစားနေရသူတွေအနေနဲ့ ကြက်ဟင်းခါးရွက် အရည်ကိုသုံးဆောင်ပေးလို့ရပါတယ်။ မနက်ခင်းတိုင်း ကြက်ဟင်းခါးရွက်ကြိတ်ရည်ကို သောက်သုံးပေးတာက လိပ်ခေါင်းသက်သာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။

ဝမ်းပျက်ဝမ်းလျှော

ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာကို သက်သာချင်တယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ်ချင်းမှာ ကြက်ဟင်းခါးရွက်ကြိတ်ရည်ကို သောက်ပေးလို့ရပါတယ်။

ပန်းနာရင်ကျပ်ရောဂါ

ပန်းနာရင်ကျပ်ရောဂါကို သက်သာစေဖို့ဆိုရင် ကြက်ဟင်းခါးရွက်နဲ့ပင်စိမ်းရွက်တို့ကို ဆတူရောလို့ ကြိတ်ပြီး ရလာတဲ့အနှစ်ကို ပျားရည်နဲ့ ရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ မနက်ခင်းမှာ စားသုံးပေးပါ။ ကာကွယ်ဖို့ရော ကုသဖို့ပါ အသုံးပြုလို့ရပါတယ်။

လည်ချောင်းနာတာ

လည်ချောင်းနာတာကို သက်သာစေဖို့အတွက်လည်း ရေနွေးဆူဆူထဲကို ကြက်ဟင်းခါးရွက်နဲ့ ပင်စိမ်းရွက်တို့ကို ထည့်လို့ ၁၅ မိနစ်လောက်ထားပြီး ပျားရည်အနည်းငယ်ထည့်လို့ သောက်ပေးလို့ရပါတယ်။ အဖျားရှိခဲ့ရင်လည်း ဒီနည်းက အသုံးဝင်ပါတယ်။

အဆစ်ရောင်နာ

အဆစ်တွေရောင်ရမ်းနာကျင်နေတာကို သက်သာစေဖို့ဆိုရင် ကြက်ဟင်းခါးရွက်ကို ကြိတ်လို့ရလာတဲ့အရည်ထဲကို ပျားရည်နည်းနည်းထည့်လို့ သောက်ပေးလို့ရပါတယ်။

အသည်းရောင် အသားဝါ

အသည်းရောင်အသားဝါရှိသူတွေ အနေနဲ့လည်း သက်သာစေဖို့ ကြက်ဟင်းခါးရွက်ကို စားသုံးပေးလို့ရပါတယ်။

အရေပြားပြဿနာ

အရေပြားပြဿနာအမျိုးမျိုးအတွက်လည်း ကြက်ဟင်းခါးရွက်ကို ကြိတ်ခြေပြီး လိမ်းပေးလို့ရပါတယ်။ အပူလောင်တာကနေစလို့ အနာတွေဖြစ်တာအထိ အရေပြားပြဿနာ အမျိုးမျိုး အတွက် ကြက်ဟင်းခါးရွက်ကို အသုံးပြုပေးလို့ရပါတယ်။

လက်ဖျားခြေဖျားတွေပူတာ

လက်ဖျားခြေဖျားတွေမှာ  ပူသလိုလို စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေကို သက်သာစေဖို့လည်း ကြက်ဟင်းခါးရွက်ကြိတ်ရည်ကို လိမ်းပေးလို့ရပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ………..

ကြက်ဟင်းခါးရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဒီလိုလူတွေကတော့ မစားတာကောင်းပါတယ်။ ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့်ပါ။

ကြက်ဟင်းခါးရွက်လေးကို တစ်ပတ်ကို နှစ်ကြိမ်နဲ့ အထက်စားပေးတာက ခန္ဓာကိုယ် ကျန်းမာရေးကို ဂရုစိုက်ရာကျပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း ဆိုတာ အစားအစာ တစ်ခုခုကို စားပြီး သိပ်မကြာခင်မှာ ကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့  တုံ့ပြန်မှု တစ်ရပ်ပါ။ ဓာတ်မတည့်မှု ဖြစ်တဲ့အခါ .....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံ ကို သက်သာစေလား။ အခါးဓာတ်ပါတဲ့အရာတွေက အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူထဲ မှာ အနေကြာပြီး ဖျားတဲ့အခါ

နေပူထဲ မှာ အနေကြာတဲ့ အခါ ဖျားတာက ဖြစ်တတ်ပါတယ်။ စိုးရိမ်စရာမရှိပေမယ့် ပြင်းပြင်းထန်ထန် နေလောင်ထားတဲ့ အဓိပ္ပာယ်မို့လို့ သေချာ အနားယူပြီး ကုသဖို့တော့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read