backup og meta

ကျောက်ကပ်အစားထိုးပြီးတဲ့အခါ ကျန်းမာနေစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ကပ်အစားထိုးပြီးတဲ့အခါ ကျန်းမာနေစေဖို့

    နေမကောင်းလို့ဆေးကုသမှုခံယူတယ်ဆိုတဲ့အချက်က ဒီလောက်နဲ့တင်ပြီးမသွားပါဘူး။ ကုသမှုခံယူပြီးတဲ့အခါ အပြည့်အဝကျန်းမာလာစေဖို့အတွက် လိုအပ်တဲ့ အာဟာရပြည့်ဝစေဖို့နဲ့ ကျန်းမာစွာနေထိုင်တတ်ဖို့ကလည်း မဖြစ်မနေဂရုစိုက်ဖို့လိုမယ့်အချက်ပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရဲ့နောက်ဆက်တွဲကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်ဖြစ်ကျောက်ကပ်မကောင်းတော့လို့ကျောက်ကပ်အစားထိုးကုသမှုခံယူရသူတွေအတွက် ကျန်းမာစွာနေထိုင်နည်းလေးကိုပြောပြပေးပါရစေ။

    ကေျာက်ကပ်က ခန္ဓါကိုယ်အတွက်ဘာတွေလုပ်ပေးလဲ…..

    ကျောက်ကပ်က နံရိုးတွေရဲ့အောက်ဘက်နားမှာရှိတဲ့ လက်သီးဆုပ်အရွယ် ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းပါ။ကျောရိုးရဲ့ တစ်ဖက်တစ်ချက်ဆီမှာရှိကြပါတယ်။ကျောက်ကပ်က ခန္ဓါကိုယ်ရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။

    ကျောက်ကပ်ရဲ့ အဓိကတာဝန်က ခန္ဓါကိုယ်တွင်းက အညစ်အကြေးတွေကိုစစ်ထုတ်ပေးတာပါ။သွေးတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ စစ်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာ သိမ်းထားပြီး ဆီးအဖြစ်နဲ့ ခန္ဓါကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဒါတွေအပြင်ကျောက်ကပ်က ကိုယ်တါင်း pH ပမာဏကို ထိန်းညှိပေးပြီး ပိုတက်ဆီယမ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးသလိုသွေးနီဥဆဲလ်တွေထုတ်လုပ်မှုကိုလည်း ထိန်းညှိပေးပါတယ်။ အရိုးတွေသန်မာစေပြီး ကြွက်သားတွေ အကောင်းဆုံးလုပ်ဆောင်မှုတွေရရှိစေဖို့အတွက်လည်း ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ ဗီတာမင် Dဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပါတယ်။ ဒါတွေပြင် ကျောက်ကပ်ကကိုယ်တွင်းမှာ ရှိတဲ့ ပိုနေတဲ့ ရေတွေကို စွန့်ထုတ်ရတယ်၊ သောက်လိုက်တဲ့ ဆေးတွေကိုစစ်ထုတ်ရတယ်၊ ဓါတ်ဆားဓါတ်တွေ မျှတအောင် လုပ်ပေးတယ်။

    ကျောက်ကပ်အစားထိုးကုသမှုခံယူတယ်ဆိုတာ

    ခန္ဓါကိုယ်ထဲမှာရှိနေတဲ့ကျောက်ကပ်လေးတွေက သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို အပြည့်အဝမလုပ်ဆောင်နိုင်တဲ့အခါမှာကျောက်ကပ်ဆေးတဲ့လုပ်ငန်းစဉ်ကို အရင်လုပ်ကြရပါတယ်။ ဒီလိုလုပ်ဆောင်ပေမယ့်ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကပြန်လည်ကောင်းမွန်လာတာမျိုးမရျိတဲ့အခါကျောက်ကပ်အစားထိုးမှုကိုလုပ်ဆောင်ရပါတယ်။ ရှိရင်းစွဲကျောက်ကပ်တွေအပြင် အခြားသူဆီကနေရရှိတဲ့ကျောက်ကပ်ကိုပါ ခန္ဓါကိုယ်အတွက်လိုအပ်မယ့်လုပ်ငန်းစဉ်တွေကိုအတူတွဲပြီးလုပ်ဆောင်စေပါတယ်။

    ဒီလိုအစားထိုးကုသမှုခံယူတဲ့အခါအလှူရှင်နဲ့ လက်ခံသူ ေသွးအမျိုးအစားလည်းတူ တစ်ရှူးလည်းတူရင် ၉၀ ရာခိုင်နှုန်းတောင်အောင်မြင်တဲ့ ခွဲစိတ်မှု ကြီးတစ်ခုပါ။ ကျောက်ကပ်ဆိုတာ တစ်ခုတည်းရှိရင်တောင် သူ့လုပ်ငန်းတာဝန်တွေကို ၁၀၀ ရာခိုင်နှုန်းလုပ်နိုင်တဲ့အတွက် ပျက်စီးနေတဲ့ကျောက်ကပ်တွေနေရာမှာ ကျန်းမာတဲ့ ကျောက်ကပ် တစ်ခုကို အစားထိုးလိုက်မယ်ဆိုရင်ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေက အကောင်းဆုံးပြန်လည်လုပ်ဆောင်နိုင်မှာပါ။ ဒီအစားထိုးကုသမှု ကျောက်ကပ်ပေးလှူသူကို ထိခိုက်မှုမရှိသလို လက်ခံသူအတွက်လည်း အဆင်ပြေတဲ့ အစားထိုးကုသမှုတစ်ရပ်ပါ။

    ကျောက်ကပ်အစားထိုးကုသမှုခံယူပြီးရင် ဘာတွေသတိထားမလဲ………

    ကျောက်ကပ်အစားထိုးကုသမှုခံယူပြီးတဲ့အခါ ကျန်းမာနေစေဖို့အတွက်ဆိုရင် အချက်တွေကို ဂရုစိုက်ဖို့လိုပါမယ်။

    ရောဂါပိုးတွေ ကူးစက်မခံရအောင်ကာကွယ်ပါ – အစားထိုးကုသမှုခံယူပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ကိုယ်ခံအားကတော်တော်လေးကျဆင်းနေနိုင်ပါတယ်။ ဒီလိုကိုယ်ခံအားကျဆင်းနေမှုကရောဂါတွေအလွယ်တကူဝင်ရောက်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့် လူထူထပ်တဲ့နေရာကို မသွားပါနဲ့။

    မကြာခဏလက်ဆေးပါ – အပြင်ကပြန်လာတိုင်း၊ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ထိတွေ့မိပြီးတိုင်း၊ အစာမစားခင်၊ အစာစားပြီးချိန်၊ရေအိမ်ကနေဆင်းလာတိုင်းမှာလက်ကိုရေနဲ့ဆပ်ပြာသုံးပြီးဆေးကြောပါ။ရေမလိုလက်သန့်ဆေးရည်သုံးပြီးဆေးကြောပါ။

    ရေဓါတ်ပြည့်ဝအောင်နေပါ -ကျောက်ကပ်အစားထိုးကုသမှုခံယူထားသူအဖို့ရေဓါတ်ြပည့်ဝနေဖို့ကလည်း အရေးပါတဲ့အချက်တစ်ခုပါ။ ဒါကြောင့် တစ်နေ့ကို ၂ လီတာသောက်ပေးပါ။ ကဖင်းနဲ့ အယ်လ်ကိုဟောကိုလုံးဝရှောင်ပေးပါ။

    သေချာကျက်အောင် မချက်ထားတဲ့ အစားအစာတွေ – ကိုယ်ခံအားနည်းနေချိန်မှာ အစားအစာတွေကို အစိမ်းစားတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသားငါးတွေကို အစိမ်းစားတာ၊သေချာကျက်အောင်မချက်ဘဲ စားတာမျိုးတွေမလုပ်ပါနဲ့။

    ပရိုတင်းပြည့်ဝအောင် စားသုံးပါ – ကိုယ်ခံအားပြန်လည်ကောင်းမွန်လာစေဖို့အတွက် လိုအပ်တဲ့ပရိုတင်းကိုပြည့်ဝအောင်စားသုံးဖို့လည်းလိုပါမယ်။ ဒါကြောင့် အဆီမပါတဲ့ ကြက်သားကို စွပ်ပြုတ်လုပ်သောက်ပေးပါ။

    ကမ္ဗလာသီး မစားပါနဲ့ -ဆေးဝါးတွေသောက်သုံးနေရတာကြောင့် ကမ္ဗလာသီး နဲ့ ကမ္ဗလာသီးဖျော်ရည်တွေကို မစားပါနဲ့။

    အရောင်ကျဆေးတွေမသောက်ပါနဲ့ – ဒီလိုမျိုး ကိုယ်ခံအားပြန်ကောင်းအောင်လုပ်ဆောင်နေချိန်မှာ မလိုအပ်ဘဲ အရောင်ကျဆေးတွေကို မသောက်ပါနဲ့။

    ဗီတာမင် အားဖြည့်ဆေးတွေ၊ဆေးဖက်ဝင်ရေနွေးကြမ်းတွေကို မသောက်ပါနဲ့ -ကျောက်ကပ်အစားထိုးကုသမှုခံယူပြီးသူတစ်ယောက်အနေနဲ့ ဗီတာမင် အားဖြည့်ဆေးတွေသောက်တာ၊ဆေးဖက်ဝင်ရေနွေးကြမ်းတွေသောက်သုံးတာမျိုးကို လုံးဝရှောင်ကြဉ်ရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement