- ထရိုင်ဂလစ်စထရိုက်မြင့်တက်ခြင်း
ဘီယာသောက်တဲ့အတိုင်းအတာကို အကန့်အသတ်ထားပါ။ သင်က အသက်၅၀အောက်ဆိုရင် တစ်နေ့ကို ဘီယာ ၇၀၀ မီလီလီတာထက် ပိုမသောက်သုံးသင့်ပါဘူး။ အသက်၅၀အထက်ဆိုရင် အမျိုးသားအမျိုးသမီး ဘယ်သူမဆို တစ်နေ့ ၃၅၀ မီလီလီတာထက် ပိုမသောက်သင့်ပါဘူး။ ဘီယာသာမက အခြားအယ်လ်ကိုဟောအမျိုးအစားတွေကလည်း ထရိုက်ဂလစ်စရိုက်ပမာဏကို မြင့်တက်စေပါတယ်။ အကယ်၍ ဝိုင်သောက်သုံးမယ်ဆိုရင် တစ်နေ့ကို ၁၂၀ မီလီလီတာဝင် ဖန်ခွက်၂ခွက်ထက် ပိုမသောက်သင့်သလို အယ်လ်ကိုဟော ၄၀ရာခိုင်နှုန်းပါဝင်တဲ့ ယမကာသောက်သုံးမယ်ဆိုရင် တစ်နေ့ကို ၄၅ မီလီလီတာဝင် တစ်ခွက် သို့မဟုတ် ၂ခွက်ထက် ပိုမသောက်သင့်ပါဘူး။
ဘီယာသောက်သုံးခြင်းက ကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဥပမာ တစ်နေ့ကို ဘီယာ ၃၅၀ မီလီလီတာ သောက်သုံးခြင်းအားဖြင့် ကယ်လိုရီ ၃၀၀နည်းပါး ရရှိမှာဖြစ်ပါတယ်။ ဒီကယ်လိုရီကို လောင်ကျွမ်းပစ်ဖို့ လုံလောက်တဲ့ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ဘူးဆိုရင် ၁၁ရက် သို့မဟုတ် ၁၂ရက်အတွင်း ကိုယ်အလေးချိန် ဝ.၅ ကီလိုဂရမ်လောက် တက်လာမှာဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုယ်အလေးချိန်လွန်ကဲခြင်းကြောင့် မကောင်းတဲ့ LDL ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်ပမာဏ မြင့်တက်လာပြီး နှလုံးကျန်းမာရေးကို ကာကွယ်ပေးတဲ့ HDL ကိုလက်စထရောပမာဏ လျော့နည်းလာနိုင်ပါတယ်။
ဘီယာအများအပြားသောက်သုံးခြင်းက သင့်ကို နှလုံးအားနည်းစေပြီး လှုပ်ရှားတက်ကြွမှုနည်းတဲ့ လူနေမှုဘဝပုံစံ၊ အရက်စွဲလမ်းခြင်း၊ အဝလွန်ခြင်း စတဲ့ ပြဿနာတွေဆီ ဦးတည်စေပါတယ်။ ဒါပေမယ့် ဘီယာကို တော်ရုံသင့်ရုံ သောက်သုံးမယ်ဆိုရင်တော့ နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးရလဒ်တွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီမယ့် သောက်သုံးမှုပုံစံကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြံဉာဏ်ရယူဖို့ အရေးကြီးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။