ဘဝဆိုတာ အသက်၄၀မှ စတာပါ။ ဒါကြောင့် ငါတော့ဖြင့် အသက် ၄၀ကျော်နေပြီဆိုပြီး စိတ်မကောင်း မဖြစ်ပါနဲ့တော့။ အသက်၄၀ကျော်လည်း လူတိုင်းမှာ ကျန်းမာလှပဖို့ အခွင့်အရေးတွေ ရှိပါတယ်။ စနစ်တကျ နေထိုင်စားသောက်မယ်ဆိုရင်ပေါ့။ သူများနိုင်ငံတွေမှာတော့ ၄၀ကျော်သည့်တိုင် လူငယ်တွေလိုမျိူး တန်းတူလှုပ်ရှား သွားလာနေပြီး သွက်သွက်လက်လက် အလုပ်လုပ်နေကြသူတွေကိုလည်း တွေ့ဖူးပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။