အမျှင်ဓာတ်အကြောင်း သိသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 30, 2020 . 2 mins read
Share now

အမျှင်ဓာတ်ဟာ လူ့ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ အာဟာရဓာတ် တမျိုးဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းကို အကျိုးပြုခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေကြောင့် အမျှင်ဓာတ်ကို နေ့စဉ် ပုံမှန်စားသုံးပေးသင့်ပါတယ်။

အမေရိကန်နှလုံးကျန်းမာရေးအသင်းကြီးရဲ့ အဆိုအရ ၂၀၀၀ ကယ်လိုရီခန့် စားသုံးသူတစ်ဦးဟာ အမျှင်ဓာတ် ၂၅ ဂရမ် လိုအပ်ပါတယ်။ အသက်အရွယ်၊ ကျား/မ ကွဲပြားမှုတွေအပေါ် မူတည်ပါသေးတယ်။ အသက် ၅၀ အောက် အမျိုးသမီးအနေနဲ့ တစ်ရက်ကို အမျှင်ဓာတ် ၂၁ မှ ၂၅ ဂရမ်ထိ စားသုံးသင့်ပြီး အသက် ၅၀ အောက် အမျိုးသားဆိုရင် တစ်ရက်ကို ၃၀ မှ ၃၈ ဂရမ်ထိ စားသုံးသင့်ပါတယ်။ အသက်တစ်နှစ်မှ ၁၈ နှစ်အကြားဆိုရင် တစ်ရက်ကို အမျှင်ဓာတ် ၁၄ မှ ၃၁ ဂရမ်ကြား စားသုံးသင့်တယ်လို့ သိရပါတယ်။

အမျှင်ဓာတ်ဘာကြောင့် လိုအပ်သလဲ

ယေဘုယျအားဖြင့် အမျှင်ဓာတ်ဟာ အောက်ပါအကျိုးကျေးဇူးတွေ ပေးပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း

– ကိုလက်စထရောနှင့် သွေးတွင်းသကြားဓာတ်ကို ကျစေခြင်း

– လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် အခြားနှလုံးရောဂါဖြစ်နိုင်ခြေများကို လျှော့ချပေးခြင်း

– ဆီးချိုကို ကာကွယ်ပေးခြင်း

– အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေခြင်း

– အစာအိမ်အူလမ်းကြောင်းမှ အကျိုးပြုဘက်တီးရီးယားများကို အားပေးခြင်း စတာတွေ ဖြစ်ပါတယ်။

အမှန်တော့ အမျှင်ဓာတ်ဆိုတာ ကိုယ်ခန္ဓာကနေ မချေဖျက်နိုင်တဲ့ အပင်နဲ့ တခြားအစားအစာတွေက ရရှိတဲ့ အစိတ်အပိုင်းတွေကို ခြုံငုံခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ အမျှင်ဓာတ်များကို မချေဖျက်တဲ့အခါ အမျှင်ဓာတ်များဟာ အူလမ်းကြောင်းတစ်လျှောက် ဆင်းသက်သွားပြီး အစာအိမ်အူလမ်းကြောင်းကို အကျိုးပြုပါတယ်။ အူထဲမှာ ရေများကို ရေကိုဆွဲထိန်းပေးပြီး ဝမ်းချုပ်ခြင်းလို ပြဿနာများကို ကာကွယ်ပေးပါတယ်။

အမျှင်ဓာတ်ကိုစားသုံးတဲ့အခါ အစားအစာတစ်မျိုးတည်းကနေပဲမဟုတ်ဘဲ မျိုးစုံကနေ စားသင့်ပါတယ်။

အမျှင်ဓာတ်ကို အကောင်းဆုံးရရှိနိုင်ဖို့ ကယ်လိုရီများများမစားဘဲ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ဦးစားပေး စားသောက်ဖို့ လိုပါတယ်။ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများနဲ့ အပင်များကနေ ထုတ်လုပ်ထားတဲ့ အစားအစာတွေမှာ အမျှင်ဓာတ်ကြွယ်ဝပါတယ်။

ရင်းမြစ်သုံးမျိုး

အမျှင်ဓာတ်ဟာ ကာဘိုဟိုက်ဒရိတ်အမျိုးအစားတမျိုးဖြစ်ပြီး အဓိကပုံစံသုံးမျိုး ရှိပါတယ်။ ပျော်ဝင်နိုင်တဲ့ အမျိုးအစား၊ မပျော်ဝင်နိုင်တဲ့ အမျိုးအစားနဲ့ အချဉ်ဖောက်ထားတဲ့ အမျိုးအစား စသဖြင့် ဖြစ်ပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ဟာ အစာချေဖျက်နှုန်းကို လျော့ကျစေပါတယ်။ ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေပါတယ်။

ရေမှာမပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ကတော့ အစာချေဖျက်တဲ့ဖြစ်စဉ်မှာ မတူတဲ့ပုံစံနဲ့ ပါဝင်ပါတယ်။ အစာဟောင်းများကို စုဝေးစေပြီး မြန်ဆန်စွာ ရွေ့လျားနိုင်အောင် ကူညီပေးပါတယ်။ ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးပါတယ်။

အချဉ်ပေါက်နိုင်တဲ့ အမျှင်ကတော့ အထက်ပါအမျိုးအစားနှစ်ခုစလုံးကဖြစ်ပြီး အူမကြီးထဲက အကျိုးပြုဘက်တီးရီးယားပမာဏကို မြင့်တက်စေပါတယ်။
အမျှင်ဓာတ်ကောင်းကောင်းရရှိစေဖို့ဆိုရင်

– အသီးအနှံတွေကို ဖျော်ရည်လုပ်သောက်မယ့်အစား အသီးတစ်လုံးလုံးကို စားပေးပါ။

သရေစာများကို စားမယ့်အစား အသီးအနှံများကို အဆာပြေစားပါ။

– ပဲအမျိုးမျိုးကို နေ့တိုင်းစားပါ။

– အမျှင်ဓာတ်များတဲ့ အစားအစာတွေစားပြီးရင် ရေများများသောက်ပါ။

ဘေးထွက်ဆိုးကျိုးရှိသလား

အမျှင်ဓာတ်များလွန်းရင်လည်း ပြဿနာတချို့ရှိပါတယ်။ ဥပမာအားဖြင့် တစ်ရက်ကို အမျှင်ဓာတ် ၇၀ ဂရမ်ကျော်အောင်စားမိရင် အောက်ပါလက္ခဏာအချို့ ရှိလာနိုင်ပါတယ်။

– လေပွခြင်း

ဗိုက်ကယ်ခြင်း

– ဝမ်းချုပ်ခြင်း

– ဝမ်းပျက်ခြင်း

– ဗိုက်အောင့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

အစာအိမ်အူလမ်းကြောင်း ရောဂါမရှိဘဲ အထက်ပါလက္ခဏာတွေရှိလာမယ်ဆိုရင် အမျှင်ဓာတ်စားသုံးမှုကို လျှော့ချသင့်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်များလွန်းရင် အရေးကြီးတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဇင့် စတဲ့ သတ္တုဓာတ်တွေကို ကိုယ်ခန္ဓာကနေ စုပ်ယူမှုနည်းသွားစေပါတယ်။

ဆိုးရွားလွန်းတဲ့ အခြေအနေမှာ အစာတွေကောင်းစွာ ရွေ့လျားနိုင်ခြင်းမရှိဘဲ အူလမ်းကြောင်းပိတ်ဆို့တဲ့အထိ ဖြစ်ပွားတတ်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေဟာ အတော်ရှားပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ

ကိုယ်ဝန်ဆောင် စိတ်ဓာတ်ကျ ကျန်းမာရေး ပြဿနာ စိုးရိမ်ပူပန်စိတ် ခြေကုန်လက်ပန်းကျ ဘေဘီလေး အိပ်ပျော်စေမယ့် နည်းလမ်းများ လေဝင်လေထွက်ကောင်း ညအိပ်ဝတ်စုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ကြက်ညှာချောင်းဆိုးရောဂါ ကူးစက်တဲ့ရောဂါ ကိုယ်အလေးချိန် မေးခိုင် ရောဂါ ဦးနှောက်အမြှေးရောင် ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး ဆယ်ကျော်သက်အရွယ် မိသားစု စိတ်ရောဂါ အိမ်ထောင်ရေးပြဿနာ ကျန်းမာရေးပြဿနာများ ကိုယ်အလေးချိန် သွေးပေါင်ချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဘော်ဒီ ခန္ဓာကိုယ် ကြွက်သား လေ့ကျင့်ခန်း Gym အားကစား အချိုးအစား ဝိတ်တက် ပရိုတင်း အာဟာရဓာတ် အစားအသောက် ကြွက်သားတက် ဘော်ဒီတက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ကလေးအတွက် အသင့်တော်ဆုံး အစားအစာများ

ကလေးအတွက် အသင့်တော်ဆုံး အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 7, 2020 . 2 mins read
ဆေးဖက်ဝင်နဂါးမောက်သီးအကြောင်း

ဆေးဖက်ဝင်နဂါးမောက်သီးအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 mins read
သင့်ကျန်းမာရေးကို အကျိုးပြုမယ့် အစေ့အဆန်များ

သင့်ကျန်းမာရေးကို အကျိုးပြုမယ့် အစေ့အဆန်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 mins read
အသင့်စားသရေစာများနဲ့ ဆီးချိုရောဂါ

အသင့်စားသရေစာများနဲ့ ဆီးချိုရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 mins read