backup og meta

သင့် ကျောက်ကပ် ကို သဘာဝအတိုင်း သန့်စင်ပေးနိုင်မယ့် အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့် ကျောက်ကပ် ကို သဘာဝအတိုင်း သန့်စင်ပေးနိုင်မယ့် အစားအစာများ

    သင့်ခန္ဓာကိုယ်ကြီးတစ်ခုလုံး ကျန်းမာကြံ့ခိုင်နေဖို့ ကိုယ်တွင်းရှိ အစိတ်အပိုင်းများအားလုံး ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေဖို့ အရေးကြီးလှပါတယ်။ ကျောက်ကပ် ဟာ အညစ်အကြေးနှင့် အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးတဲ့ အရေးကြီး ကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့အားလျော်စွာ ကျောက်ကပ်တွေ ကျန်းမာဖို့ကလည်း မရှိမဖြစ်အရေးကြီးလှပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နေ့စဉ်စားသောက်နေကျ အစားအစာတွေမှာ ထည့်သွင်းစားသောက်ခြင်းဖြင့် ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

    (၁) အစိမ်းရောင်အရွက်များ

    သင်ဆောင်းပါးတွေမှာ အမြဲမြင်နေရတဲ့ အစိမ်းရောင်အရွက်တွေ နေ့စဉ်စားပေးဖို့ အကြံပေးစကားတွေဟာ အကြောင်းရင်းမရှိပဲ ဖြစ်လာတာတော့ မဟုတ်ပါဘူး။အစိမ်းရောင်အရွက်တွေဟာ သင့်ကျောက်ကပ်တွေအတွက် အလွန်အကျိူးရှိလို့ပဲ ဖြစ်ပါတယ်။

    အစိမ်းရောင်အရွက်တွေမှာ ဗီတာမင်စီနှင့်ကေ ပါဝင်တဲ့အပြင် ဖော်လိတ်နှင့်အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ သင့်သွေးပေါင်ကို ကျစေပြီး သွေးတွင်းအချိူဓာတ်တွေကိုပါ မျှတစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်အပေါ်ဖိအားကိုပါ လျေ့ာကျစေပါတယ်။ ဒါကြောင့် အစိမ်းရောင်အရွက်တွေကို နေ့စဉ်စားသုံးပေးစေချင်ပါတယ်။

    (၂) Cranberryဖျော်ရည်

    Cranberryသီးဖျော်ရည်ဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေကို သက်သာစေတယ်လို့ သိကြပြီးဖြစ်ပါလိမ့်မယ်။

    ကျောက်ကပ် ကျောက်တည်ခြင်းတွေကိုပါ သက်သာစေတဲ့အတွက် သင့်ကျောက်ကပ်တွေကိုပါ သန့်စင်ပေးနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာ သိကြသူနည်းပါးပါလိမ့်မယ်။Cranberryဖျော်ရည်ဆိုရာမှာလည်း ဆိုးဆေးတွေပါတဲ့အသင့်သောက်ဖျော်ရည်များအစား လတ်လတ်ဆတ်ဆတ်ဖျော်ထားတာမျိူးကိုသာ ဦးစားပေးသောက်သင့်ပါတယ်။

    (၃) နနွင်း

    ခန္ဓာကိုယ်ရှိ ဆဲလ်များရောင်ရမ်းတဲ့အခါ ကျောက်ကပ်ရောဂါအပါအဝင် အခြားရောဂါများကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒီလို ရောင်ရမ်းတာတွေသက်သာစေဖို့ နနွင်းကိုအသုံးပြုခြင်းဖြင့် နနွင်းမှာပါတဲ့ ကာကူမင်ဓာတ်က ကျောက်ကပ်ရောဂါများနှင့် ကျောက်ကပ်ကျောက်တည်ခြင်းကို သက်သာစေပါလိမ့်မယ်။ နေ့စဉ်ဟင်းချက်ရာမှာ နနွင်းကိုအသုံးပြုခြင်း၊ ဖျော်ရည်ထဲ ထည့်သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

    (၄) ပန်းသီး

    နေ့စဉ်ပန်းသီးတစ်လုံးစားပါက ဆရာဝန်နှင့် ဝေးဝေးနေနိုင်လိမ့်မယ်လို့ ဆိုရိုးရှိပါတယ်။ ပန်းသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက အဆိပ်အတောက်တွေကို စုပ်ယူနိုင်တဲ့အတွက် ကျောက်ကပ်ကို ကျန်းမာစေနိုင်ပါတယ်။

    (၅) ကြက်သွန်ဖြူ

    သင့်ကျောက်ကပ်အပေါ် အဆိပ်အတောက်တွေ စုပုံမနေစေဖို့ သင့်အနေနှင့် ကျန်းမာရေးကို အထူးဂရုပြုဖို့ လိုပါတယ်။ သင့်အနေနှင့် ကျန်းမာရေးကောင်းမွန်စေမယ့် အစားအစာတွေကို အထူးတလည် ရှာဖွေစားဖို့ အဆင်မပြေရင်တောင် ကြက်သွန်ဖြူကို  နေ့စဉ် စားပေးနိုင်ပါတယ်။ ကြက်သွန်ဖြူစားခြင်းဖြင့် သွေးတွင်းအချိူဓာတ်ကို မျှတစေပြီး ကျောက်ကပ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ Allicinဓာတ်မှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနှင့် ရောင်ရမ်းခြင်းကိုသက်သာစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် သွေးပေါင်ကို ထိန်းညှိပေးနိုင်ပါတယ်။

    (၆) သံလွင်ဆီ

    သံလွင်ဆီဟာ ကိုလက်စထရော ကျစေခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းကြောင့် နာကျင်ကိုက်ခဲခြင်းကို သက်သာစေတဲ့အပြင် ရောင်ရမ်းခြင်းကို လျော့ပါးစေတဲ့ အာနိသင်ရှိပါတယ်။ နေ့စဉ်ဟင်းချက်တဲ့အခါမှာ သံလွင်ဆီကို အသုံးပြုနိုင်ပါတယ်။

    (၇) သံပုရာရည်

    ကျောက်ကပ်ကို သန့်စင်ပေးရုံသာမက ကိုယ်ထဲရှိ Citrate levelကို မြင့်မားစေတဲ့အတွက် ကျောက်ကပ် ကျောက်တည်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဖျော်ရည်ဖျော်နည်းကလည်း လွယ်ကူပါတယ်။ ရေနွေး သို့မဟုတ် ရေအေးတစ်ခွက်မှာ သံပုရာသီး၄စိတ်ကို ညှစ်ပြီး နေ့စဉ်သောက်ပေးနိုင်ပါတယ်။

    (၈) ဂျင်း

    ဆဲလ်ရောင်ရမ်းခြင်း ဖြစ်စဉ်တွေကြောင့် ကျောက်ကပ်ရောဂါများကို ဖြစ်စေနိုင်ပါတယ်။ ဂျင်းမှာပါတဲ့ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အာနိသင်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်း တစ်လျှောက်သာမက ကျောက်ကပ်ရှိ ရောဂါများကို ကာကွယ်ပေးပါလိမ့်မယ်။ နေ့စဉ်ဟင်းချက်ရာတွင် ဂျင်းကိုအသုံးပြုခြင်း၊ ဈေးကွက်တွင်ရောင်းချနေတဲ့ ဂျင်းကိုကြိတ်ထားသောအမှုန့်များကို ရေနွေးဖြင့်စိမ်သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

    အခုဖော်ပြသွားတဲ့ အစားအစာတွေဟာ နေ့စဉ်အလွယ်တကူမြင်တွေ့နေကျ အစားအစာများသာဖြစ်တဲ့အတွက် အပန်းကြီးလှမယ်မထင်ပါဘူး။ ဒီအစားအစာတွေ စားတဲ့အပြင် ဆေးလိပ်ဖြတ်ခြင်း၊ အဆီနှင့်အငန်များလျှော့စားခြင်း၊ အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ အဝမလွန်အောင် ထိမ်းသိမ်းခြင်း၊ ဆီးချိူနှင့်သွေးတိုးရောဂါရှိသူများအနေဖြင့် ပုံမှန်ဆေးကုသမှုခံယူခြင်းတို့ကိုပါ လုပ်ဆောင်ခြင်းဖြင့် ကျန်းမာသော ကျောက်ကပ်များကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရေးသားသူ Dr Rose

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement