အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ရလာတယ်လို့ ပြောလိုက်ရင် အများစု မြင်တာက ဆံပင်တွေဖြူလာတာ၊ ပါးရေနားရေတွေ တွန့်လာတာကိုပါ။ ဒါက ဇရာရဲ့ သဘောလို့ပေါ့။ တကယ်ကတော့ အသက်အရွယ်ရလာတဲ့အခါ ဒီပြောင်းလဲမှုတွေတင်ဖြစ်တာမဟုတ်ပါဘူး။

အသက်အရွယ် ကြီးရင့်မှုက သွားတွေ၊ နှလုံး၊ အသည်းကစလို့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေမှာရော အသားအရေတွေ အပေါ်မှာပါ သက်ရောက်မှု ရှိတာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ မျိုးပွားစနစ်ပေါ်မှာလည်း သက်ရောက်နေပါသေးတယ်။ ကိုယ်အလေးချိန်လည်း ပြောင်းလဲလာပါမယ်။

ဇရာကြောင့် ပြောင်းလဲမှု

အသက် ၃၀ကျော်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေအားလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ တဖြည်းဖြည်း ကျလာပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ အင်္ဂါ အစိတ်အပိုင်းတွေက ပြောင်းလဲလာပါတယ်။ ဒီပြောင်းလဲလာမှုတွေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။

အသက်အရွယ်ရလာတဲ့အခါ ဆဲလ်တွေ၊ တစ်ရှူးတွေ ပြောင်းလဲလာတာကြောင့် ခန္ဓာကိုယ်က အင်္ဂါအစိတ်အပိုင်းတွေလည်း ပြောင်းလဲလပါတယ်။ အသက်ရလာတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကလည်း ကျလာပါတယ်။ဒီလို ကျဆင်းယုတ်လျော့မှုကို အများစုက သတိမထားမိကြပါဘူး အကြောင်းကတော့ အင်္ဂါ အစိတ်အပိုင်းအားလုံးကို အစွမ်းကုန် အသုံးချဖို့ လိုအပ်တယ်ဆိုတာက ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမို့ပါ။

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဟာ လုပ်ငန်းဆောင်တာတွေ လိုအပ်ဖို့ လိုအပ်တာထက် ကျော်လွန်ပြီး လုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။ ဥပမာ အသက် ၂၀ အရွယ်မှာ နှလုံးက ခန္ဓာကိုယ် ရှင်သန်ဖို့အတွက် လိုအပ်တာထက် ၁၀ ဆ ပိုများတဲ့ သွေးတွေကို ညှစ်ထုတ်ပေးနိုင်ပါတယ်။ အသက် ၃၀ ရောက်လာတဲ့အခါမှာတော့ ဒီစွမ်းဆောင်နိုင်စွမ်းက တစ်နှစ်ကို ၁ ရာခိုင်နှုန်း ကျဆင်းလာပါတယ်။

အသက်ရလာတဲအခါ အကြီးမားဆုံး ပြောင်းလဲမှုတွေ ကြုံလာရနိုင်တာ နှလုံး၊ အဆုတ်တွေနဲ့ ကျောက်ကပ်တွေပါ။ ဒီလို လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာမှုကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။

ဒီပြောင်းလဲမှုတွေက တဖြည်းဖြည်းချင်းစီနဲ့ အချိန်ကာလရှည်ကြာစွာ ဖြစ်ပေါ်လာတာပါ။ အသက်ရလာတဲ့အခါ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုက ပုံမှန်ထက် ပိုပြီး စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ လုပ်ဆောင်ရင်တောင်မှ စွမ်းဆောင်ချက်က တိုးမလာပါဘူး။ ရုတ်တရက် နှလုံးရပ်တာ၊ အခါ ရုတ်တရက် ခံစားရတဲ့ ကျန်းမာရေး အခြေအနေတွေက ခန္ဓာကိုယ်က ပုံမှန်ထက် ပိုပြီး အလုပ်လုပ်နေရတယ်ဆိုတာကို ပြနေတာပါ။

ခန္ဓာကိုယ်က ဒီလိုအခြေအနေတွေမှာ ပုံမှန်ထက် ပိုအလုပ်လုပ်ရပါတယ်။

အသက်အရွယ် ရလာတဲ့အခါ ကြုံတွေ့ရမယ့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

အသက်အရွယ် ရလာတဲ့အခါ ကြုံတွေ့ရမယ့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

အသက်အရွယ်ရလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အနေနဲ့

အမြင်အာရုံ

အမြင်အာရုံတွေ ပြောင်းလဲလာနိုင်ပါတယ်။ အဝေးမှုန်တာ၊ အနီးမှုန်တာတွေအပြင် မျက်လုံးခြောက်တာ၊ မျက်လုံးတိမ်ဖြစ်တာ၊ အရောင်တွေကို သိရှိနိုင်စွမ်းကျတာ၊ အတွင်းတိမ်၊ ရေတိမ်ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။

အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကနေတဆင့် အသက် ၅၀ ကျော်အရွယ်ရောက်လာတဲ့အခါ မျက်လုံးကွယ်သွားတာမျိုး အထိ ခံစားရနိုင်ပါ။

ဒီပြဿနာတွေက အသက်အရွယ်​ကြောင့်ဖြစ်နိုင်သလို ဆေးလိပ်သောက်တာ၊ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့တာ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်၊ သွေးတိုးတာလိုမျိုး ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အကြားအာရုံ

အကြားအာရုံ ပြဿနာကလည်း အသက်အရွယ်ရလာတဲ့အခါ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ လူအများစုက အသက် ၄၀ ကျော်လာတာနဲ့အမျှ အကြားအာရုံက အရင်လောက် မကောင်းတော့ပါဘူး။ အကြားအာရုံ ဆုံးရှုံးတာက quality of life ကိုပါ ထိခိုက်စေနိုင်ပါတယ်။

ခံတွင်း

ခံတွင်းလို့ဆိုပေမယ့် အဓိကက သွားပါ။ အသက်အရွယ်ရလာတဲ့အခါ သွားနဲ့ သွားဖုံးတွေ ပြောင်းလဲလာပြီး ခံတွင်းခြောက်တာ၊ သွားကျဉ်တာ၊ သွားဖုံးရောဂါတွေ ခံစားရနိုင်ပါတယ်။

အသားအရေ

အသက်အရွယ်ရလာတဲ့အခါ အသားအရေက ခြေက်သွေ့တာ၊ ယားယံတာတွေ ဖြစ်လာနိုင်သလို ပိုပြီး ထိခိုက်လွယ်လာပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကျက်နိုင်စွမ်း နည်းလာပြီး ထိခိုက်မှုတွေဖြစ်လာတာလည်း များလာပါတယ်။

မှဲ့ခြောက်နဲ့ အသားပို ဖြစ်တာ အပါအဝင် အရေပြားပြဿနာ အမျိုးမျိုးကိုလည်း ခံစားရနိုင်ပါတယ်။

အရိုး

အသက်ရလာလေလေ အရိုးသိပ်သည်းဆက ကျလာလေလေပါ။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရိုးပွတာ၊ အရိုးကျိုးတာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ရလာတဲ့အခါ အရိုးပြန်ဆက်နိုင်စွမ်းကလည်း ကျလာပါတယ်။

ကြွက်သား

အသက်အရွယ်ရလာတဲ့အခါ ကြွက်သားတွေဆုံးရှုံးလာပါတယ်။ ဒါကြောင့် ကြွက်သားဆုံးရှုံးတာတွေကလည်း အသက်အရွယ်ရလာတဲ့အခါ ခံစားရနိုင်တဲ့ ကျန်းမရေးပြဿနာ တစ်ရပ်ပါ။

Takeaways

အသက်အရွယ်ရလာတဲ့အခါ ကျန်းမာနေစေဖို့ ငယ်စဉ်ကတည်းကနေ သေချာစောင့်ရှောက်ဖို့ လိုသလို အနေအထိုင် အစားအသောက်ကစလိုပ ကိုယ်လက်လှုပ်ရှားမှု လုပ်တာအထိ အစစအရာရာ လုပ်ဆောင်ဖို့ လိုပါမယ်။ အသက်အရွယ်ရောက်တဲ့အခါ ကျန်းမာနေစေဖို့ အခုကစပြီး ကျန်းမာတဲ့ နေထိုင်မှုပုံစံကို မွေးမြူလိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement
advertisement
advertisement
advertisement