သက်ကြီးပိုင်းစိတ်ကျန်းမာရေး

အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာပါတယ်။ ဒါကြောင့် စိတ်ခံစားချက်တွေ၊ မှတ်ဉာဏ်တွေမှာ အပြောင်းအလဲဖြစ်လာပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အယ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ တခြားရောဂါတွေအကြောင်းကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သက်ကြီးပိုင်းစိတ်ကျန်းမာရေး

ဝါကျွတ်ချိန်ခါမှာ အခုလို နည်းလမ်းလေးတွေနဲ့ အဝေးရောက် လူကြီးမိဘတွေကို ဂါရဝ ပြုလို့ ရပါတယ်။

မကြာခင်မှာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလကို ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ ဒီဝါကျွတ်မှာ အိမ်ပြန်ဖို့ မဖြစ်နိုင်တဲ့ အကြောင်းအရင်းလေးတွေ ရှိနေလို့ သီတင်းကျွတ်မှာ မေမေဖေဖေ ဖိုးဖိုးဖွားဖွားတွေကို ဘယ်လိုများ ကန်တော့ရမလဲဆိုပြီး တွေးရခက်နေပြီလား! ဒါဆိုရင်တော့ ဝါကျွတ်ချိန်ခါမှာ အခုလို နည်းလမ်းလေးတွေနဲ့ အဝေးရောက် လူကြီးမိဘတွေကို ဂါရဝ ပြုလို့ ရပါတယ်။ အလုပ်က ခွင့်မရလို့ပဲဖြစ်ဖြစ်၊ အလုပ် ခရီးသွားစရာ ရှိနေလို့ဖြစ်ဖြစ်၊ ပြည်ပတစ်နေရာမှာ ကျောင်းသွားတက် နေရတာ၊ အလုပ်သွားလုပ်နေရလိုမျိုး အကြောင်း အမျိုးမျိုးကြောင့် လူကြီးမိဘတွေနဲ့ အဝေးကို ရောက်နေပြီး သီတင်းကျွတ်ကာလမှာလည်း မိဘတွေဆီကို ပြန်ဖို့ မဖြစ်နိုင်တဲ့ သူလေးတွေကို ဘယ်လိုလေးတွေများ ဂါရဝ ပြုလို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဝါကျွတ်ချိန်ခါက မိသားစုတိုင်း မျှော်လင့်နေတဲ့ အခိုက်အတန့်ပါ ဝါကျွတ်ချိန်ခါ သီတင်းကျွတ်ဆိုတာက ရပ်နီးရပ်ဝေးက မိသားစုဆွေမျိုးတွေ အားလုံး […]

သက်ကြီးပိုင်းစိတ်ကျန်းမာရေး ကို ရှာဖွေမည်။

သက်ကြီးပိုင်းစိတ်ကျန်းမာရေး

စိတ်ကျဝေဒနာခံစားနေရတဲ့ မိဘတွေကို ဘယ်လိုကူညီပေးမလဲ

အထီးကျန်ခြင်းနဲ့ စိတ်ကျဝေဒနာဟာ လူငယ်တွေနဲ့ သက်ကြီးပိုင်းတွေမှုာ သက်ရောက်မှုချင်း ကွာခြားပါတယ်။ အသက်ကြီးသူတွေမှာ စိတ်ကျဝေဒနာဟာ ကျန်းမာရေးပြဿနာတွေရှိလာတာ၊ လုပ်ဆောင်နိုင်စွမ်းနည်းလာတာတွေနဲ့အတူ ခံစားလာရတတ်ပြီး လက္ခဏာ တာရှည်တတ်ပါတယ်။ လူကြီးမိဘတွေမှာ စိတ်ဓာတ်ကျခြင်းကြောင့် လုပ်ဆောင်နိုင်စွမ်းတွေလျော့ကျလာစေနိုင်ပြီး ရှိရင်းစွဲရောဂါတွေကိုပိုဆိုးစေပြီး အသက်ဆုံးရှုံးရနိုင်တဲ့အန္တရာယ်ကို တိုးစေနိုင်တယ်လို့လေ့လာတွေ့ရှိချက်ကတွေကဖော်ပြကြပါတယ်။ လူကြီးတွေမှာ စိတ်ဓာတ်ကျခြင်းကို ဂရုတစိုက် မကုသပေးနိုင်ရင် ရုတ်တရက်နှလုံးဖောက်ခြင်းဖြစ်လာရာကနေ အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်ပါတယ်။ မိဘတွေဟာ အသက်ကြီးလာတာနဲ့အမျှမောင်နှမသားချင်း၊ဇနီး/ခင်ပွန်း ကွယ်လွန်သွားလို့၊ ဒါမှမဟုတ် အလုပ်ကနေအငြိမ်းစားယူ လိုက်ရလို့၊ အိုးအိမ်နေရာပြောင်းရွှေ့လိုက်ရလို့ စသည်ဖြင့် လူမှုဘဝမှာဆုံးရှုံးမှုတွေကြုံလာရပါတယ်။ ဒီလိုအပြောင်းအလဲတွေရယ်၊ အသက်ကြီးသူတွေက အရာရာနှေးကွေးကျဆင်းလာတယ်ဆိုတဲ့အချက်ရယ်ကြောင့် သူတို့မှာဖြစ်လာတဲ့ စိတ်ကျဝေဒနာလက္ခဏာတွေကိုဘေးလူတွေက သတိမထားမိလိုက်ဘဲ ရှိတတ်ပါတယ်။ ကိုယ်ချစ်ခင်ရတဲ့မိဘတွေမှာ စိတ်ကျရောဂါလက္ခဏာတွေရှိမရှိ စောစောသိထားမှသာလျှင် ရေရှည်မခံစားရမီ ထိန်းသိမ်းကူညီနိုင်မှာပါ။ တွေ့ရများတဲ့ ရောဂါလက္ခဏာတွေကတော့ - ပုံမှန်မဟုတ်ဘဲ မောပန်းအားကုန်ခြင်း ကြိုက်နှစ်သက်လေ့ရှိတဲ့ အလုပ်တွေကို စိတ်မဝင်စားတော့ခြင်း လူမှုရေးကိစ္စတွေကိုရှောင်ဖယ်နေခြင်း အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း အိပ်စက်ပုံအမူအကျင့်တွေပြောင်းလဲလာခြင်း […]


ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ရွယ်ကြီးသူတွေအတွက် အကျိုးများနိုင်မယ့် ဦးနှောက်လေ့ကျင့်ခန်း (၃)မျိုး

လေ့ကျင့်ခန်းတွေဟာ သင့်ကိုယ်ခန္ဓါအတွက်သာမက အသက်ကြီးရင့်တဲ့ ဦးနှောက်တွေအတွက်ပါ အကျိုးရှိတယ်ဆိုတာ သင်သိပြီးဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် အသက်ကြီးလို့ဖြစ်တဲ့ ဦးနှောက်ရောဂါတွေကို ရှောင်ကျဉ်နိုင်ပါသလား၊ အဖြေကတော့ မှန်ပါတယ်။ အောက်ဖေါ်ပြပါ လေ့ကျင့်ခန်းသုံးခုဟာ သင်သိသင့်တဲ့ ဦးနှောက်အတွက်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေက အသက်ကြီးရင့်တဲ့ ဦးနှောက်ကို ကူညီနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ မှတ်ဉာဏ်မကောင်းခြင်းနဲ့ Alzheimer’s ရောဂါတွေကို ကာကွယ်ပေးပါတယ်။ လေ့ကျင့်ခန်းဟာ insulin resistance၊ ရောင်ရမ်းခြင်း တွေကို လျော့ကျစေပြီး ဦးနှောက်မှာ ရှိတဲ့ ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှုကို လှုံဆော်ပေးကာ ဦးနှောက်ဆဲလ်အသစ် ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ဦးနှောက်မှာ ဆဲလ်အသစ် ဖြစ်တာနည်းလေလေ အသက်ကြီးလာတဲ့အခါ သွေးကြောတွေ ဒုက္ခရောက်လေလေ ဖြစ်တာကြောင့် ဒါဟာ အရေးကြီးပါတယ်။ လေ့လာမှုတွေက လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ကို ကောင်းကောင်းအိပ်ပျော်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ […]


ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

သက်ကြီးရွယ်အိုညှင်းပန်းနှိပ်စက်မှု

အသက် ၆၀ နဲ့ ၆၀ အထက် သက်ကြီးရွယ်အိုတစ်ဦးကို မိသားစုဝင်တစ်ဦးဦးကပဲဖြစ်ဖြစ် အခကြေးငွေနဲ့ငှားရမ်းထားတဲ့ သူတစ်ဦးကပဲဖြစ်ဖြစ် မညှာမတာဆက်ဆံမိတဲ့အခါ သက်ကြီးရွယ်အိုညှင်းပန်းနှိပ်စက်မှုတစ်ရပ်ဖြစ် ပေါ်လာရပါတယ်။ သက်ကြီးရွယ်အိုညှင်းပန်းနှိပ်စက်မှုတွေက အောက်ဖော်ပြပါ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နိုင်ပါတယ်။ ၁။ ရုပ်ပိုင်းဆိုင်ရာနှိပ်စက်မှု သက်ကြီးရွယ်အိုတွေကို ရိုက်နှက်တာ၊ ထိုးကြိတ်တာနဲ့ အပူလောင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေကို မအိပ်ချင်ဘဲ အိပ်ရာထဲ လှဲနေခိုင်းတာ၊ ဘီးတပ်ကုလားထိုင်မှာ မထိုင်ချင်လည်း ထိုင်နေရတာနဲ့ အခန်းထဲမှာ သူတို့မနေချင်တာကို အခန်းတံခါးပိတ်ပြီး ထားတာကလည်း ရုပ်ပိုင်းဆိုင်ရာအရညှင်းပန်း နှိပ်စက်တာပဲဖြစ်ပါတယ်။ သည်လိုမျိုး ညှင်းပန်းနှိပ်စက်မှုမျိုးကို သက်ကြီးရွယ်အိုရဲ့ခန္ဓါကိုယ်မှာ ပုံမှန်မဟုတ်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေကနေတဆင့်သိရှိနိုင်ပါတယ်။   ၂။ လိင်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှု သက်ကြီးရွယ်အိုတွေကို အဝတ်မပါဘဲ နေခိုင်းတာ၊ လိင်အသားပေးပုံတွေရိုက်ခိုင်းတာ၊ မလျော်ကန်တဲ့ အထိအတွေ့မျိုးတွေလိုမျိုး လိင်ပိုင်းဆိုင်ရာအရ အတင်းအကျပ်စေခိုင်းခံရတဲ့ အပြုအမူမျိုးတွေနဲ့ တွေ့ကြုံခံစားရတတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့အခါ တွေ့ရတတ်တဲ့လက္ခဏာရပ်တွေ- • အဝတ်အစားတွေနဲ့ အတွင်းဝတ်အဝတ်တွေမှာ သွေးတွေပေနေတာ။ • လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ။ • […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

ပင်စင်ယူပြီးရင် ဘာလုပ်ကြမလဲ

ပျော်ရွှင်မှုဟာဘဝရဲ့ ရည်မှန်းချက်လို့ ကျွန်မတို့အားလုံးယူဆကြပါတယ်။ လူတွေဟာနေ့စဉ်နေ့တိုင်းသူတို့ရဲ့ဘဝကိုပျော်ပျော်သာနေလိုကြပါတယ်။ ပင်စင်ယူပြီးသွားရင် သူတို့တွေမှာအလုပ်လုပ်ဖို့ မလိုတော့တဲ့အတွက် အချိန်ပိုရပါလာတော့တယ်။ တခြားသူတွေကလည်းသူတို့ထိုင်စားပြီးလုပ်ချင်တာလုပ်နေတော့မယ်လို့ ထင်မြင်ယူဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကပြဿနာမဟုတ်သေးပါဘူး။ ပင်စင်ယူပြီးဘာလုပ်မယ်လို့ ရည်ရွယ်ထားတဲ့ ရည်မှန်းချက် မရှိဘူးဆိုရင် သင့်ဘဝဟာပျင်းခြောက်ခြောက် ဖြစ်လာမှာပါ။ ဒါ့ကြောင့် အချိန်ကိုဘယ်လိုပိုမိုတန်ဖိုးရှိပြီးစိတ်ဝင်စားစရာကောင်းအောင် အသုံးချမလဲ။ ကျန်ရှိနေသေးတဲ့ သင့်ဘဝကိုပျော်ရွှင်ဖွယ်ဖြစ်အောင် ကြိုတင် ကြံဆကြပါစို့။ အလုပ်တစ်ခုရှာပါ အချိန်ပိုင်းလုပ်ရတဲ့ အလုပ်ဆိုအဆင်ပြေပါတယ်။ ပေါ့ပေါ့ပါးပါးအလုပ်လေးတွေလုပ်ရင်းနဲ့ လူအသစ်တွေနဲ့ တွေ့ဆုံရတာဟာအိမ်မှာနေရတာထက် ပိုမိုသာလွန်ပါတယ်။ အလုပ်ရှိခြင်းဟာဝင်ငွေအနည်းငယ် ရရှိစေနိုင်ပြီးလူ့အဖွဲ့အစည်းအတွက် အကျိုးပြုတဲ့သူလို့ ကိုယ့်ကိုကိုယ် ခံစားရမှာပါ။ ဒါဟာလူအများစုရှာဖွေနေတဲ့ လွတ်လပ်ပြီးစိတ်ချမ်းသာစရာကောင်းတဲ့အလုပ်ပါပဲ။ သင့်ကြွက်သားတွေ အလုပ်လုပ်ရတဲ့အတွက် သင့်ကျန်းမာရေးကိုလည်းပိုမိုကောင်းမွန်စေပါတယ်။   စေတနာ့ဝန်ထမ်းအလုပ်တွေမှာပါဝင်ဆောင်ရွက်ပါ ဒါဟာပင်စင်စားလူအများစုလုပ်ရကျိုးနပ်တယ်လို့ ယူဆကြတဲ့ သိသာထင်ရှားတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ အခွင့်အရေးတွေ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ အကူအညီလိုအပ်နေတဲ့လူတွေကိုကူညီတာတွေ၊ ဆေးရုံ၊ စာကြည့်တိုက်တွေမှာကူညီပေးတာတွေကစလို့ ဒေသခံလူတွေဖွဲ့စည်းထားတဲ့ စေတနာ့ ဝန်ထမ်းအုပ်စုတွေမှာအကူအညီပေးတာ၊ ဘုရားကျောင်းတွေမှာဝေယျာဝစ္စလုပ်ကူတာနဲ့ မိဘမဲ့ဂေဟာတွေမှာကလေးတွေကိုကူညီစောင့်ရှောက်ပေးတာအထိအမျိုးမျိုးရှိနေပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်