ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ

ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပုံမှန်အလုပ်လုပ်ဖို့ဆိုရင် ရေနဲ့ ဓာတ်ဆားဓာတ်တွေ မျှတနေဖို့ လိုပါတယ်။ ဓာတ်ဆားဓာတ်တွေက micronutrients တွေဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါလှပါတယ်။ အထူးသဖြင့် ဆိုဒီယမ်၊ ပိုတက်ဆီယမ် စတာတွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ထိန်းချုပ်ထားတဲ့ ဓာတ်ဆားဓာတ်တွေပါ။ ဒီဓာတ်ဆားဓာတ်တွေက လိုလို့လည်း မရသလို များသွားလို့လည်း မရပါဘူး။ ပုံမှန်အတိုင်းပဲ ရှိနေရပါမယ်။ ရေဓာတ်ကလည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများကို ပြောပြပေးပါမယ်။  ရေနဲ့ ဓာတ်ဆားတွေက ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ  ဆိုဒီယမ်၊ ပိုတက်ဆီယမ်လိုမျိုး ဓာတ်ဆားဓာတ်တွေက ခန္ဓာကိုယ်မှာ နေ့တိုင်း အချိန်တိုင်း ဖြစ်ပေါ်နေတဲ့ ဇီဝဖြစ်စဉ်တွေအတွက် အရေးကြီးပါတယ်။ ဓာတ်ဆားဓာတ်တွေက သွေးအပါအဝင် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအရည်တွေမှာ ပျော်ဝင်နေပြီး […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

ဗီတာမင် B12 ချို့တဲ့မှု ရဲ့ အမှတ်တမဲ့ ဖြစ်နေတဲ့ လက္ခဏာများ

ဗီတာမင် B12 ချို့တဲ့မှု ဆိုတာက ကုသလို့ ရတဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ဖြစ်ပြီး ဗီတာမင် B12 လုံလောက်အောင် မစားသုံးမိတာ၊  ရောဂါအခံတွေကြောင့်ဖြစ်တဲ့ ကျန်းမာရေး အခြေအနေပါ။ နောက်ထပ် ဖြစ်နိုင်ခြေ ရှိတာက တစ်ခုက ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေထဲမှာ ပါတဲ့ ဗီတာမင် B12 ကို လုံလောက်အောင် မစုပ်ယူနိုင်တာမျိုးပါ။  ဗီတာမင် B12  ချို့တဲ့မှုက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ အာရုံကြောကျန်းမာရေးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။  ဗီတာမင် B12က အရေးပါသလား! ဗီတာမင် B12 က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အမျိုးမျိုးအတွက် လုပ်ဆောင်ပေးနေတဲ့ ဗီတာမင် တစ်မျိုးပါ။ နေ့စဉ် စားသောက်မှုမှာ ဗီတာမင် B12 လုံလောက်စွာ မရရှိတာက ပြင်းထန်တဲ့ […]


ရောဂါလက္ခဏာများ

ရေနဲ့ထိတဲ့အခါ ဘာကြောင့် လက်ချောင်းတွေ ပဲကြီးရေခွံတွန့် တာလဲ။

ရေချိုးတာ ကြာတဲ့အခါ၊ ပန်းကန်ဆေးတာ ကြာတဲ့အခါ လက်ချောင်းတွေ ပဲကြီးရေခွံတွန့် တာကို ကြုံဖူးကြမှာပါ။ ခဏနေတော့လည်း သူ့အလိုလို ပြန်ပျောက်သွားတာပါပဲ။ ပဲကြီးရေခွံတွန့်တာက သာမန်အားဖြင့်တော့ ပြဿနာ မရှိပါဘူး။ တချို့သူတွေမှာ ‌ရေနဲ့လည်း မထိပါဘဲနဲ့ လက်ရေနူး ကြတာလည်း ရှိပါတယ်။ ရေနဲ့ထိတဲ့အခါ ဘာကြောင့် လက်ချောင်းတွေ ပဲကြီးရေခွံတွန့် တာလဲ။ ဟိုးအရင်တုန်းကတော့ ရေတွေ လက်ချောင်းထိပ်ကို ဝင်သွားလို့ တွန့်တယ်လို့ ယူဆခဲ့ကြပါတယ်။ နောက်ပိုင်းသိပ္ပံပညာထွန်းကားလာတော့ ဒါက အာရုံကြောစနစ်ရဲ့ အချက်ပြမှုကြောင့် လက်ချောင်းထိပ်က သွေးကြောလေးတွေ ကျုံ့သွားတာ။ ဒါကြောင့် လက်ချောင်းထိပ်က အရေပြားတွေ တွန့်သွားတာလို့ သိလာကြပါပြီ။ ဘာကြောင့် ဒီလိုမျိုး တွန့်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ သေချာ မသိကြသေးပါဘူး။ တချို့လေ့လာချက်တွေမှာ ဒါက ရေထဲက ပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ မြဲမြဲမြံမြံ ကိုင်တွယ်နိုင်အောင်လို့ ပြောကြပေမဲ့ […]


ရောဂါလက္ခဏာများ

နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက အန္တရာယ်ရှိလား

တချို့လူတွေရဲ့  နှုတ်ခမ်းပေါ်မှာ အဖြူစက်လေးတွေ ရှိတတ်ကြပါတယ်။ အထူးသဖြင့်တော့ အပေါ်နှုတ်ခမ်းမှာပေါ့။ တချို့ကလည်း ဒါကို ရောဂါတစ်ခုခုကို ထင်ကြသလို တချို့ကလည်း ပျောက်အောင်ဆိုပြီး ကုတ်ဖဲ့တာတွေ လုပ်တတ်ကြပါတယ်။ အဲ့ဒီ နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေကို Fordyce spots လို့ ခေါ်ပါတယ်။ နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက ဘာလေးတွေလဲ Fordyce spots တွေက အဆီဂလင်းတွေ ဖြစ်ပြီး အရွယ်အစားကြီးလာတာကြောင့် အရေပြားပေါ်ကို ဖောင်းထွက်လာတာပဲ ဖြစ်ပါတယ်။ အမွေးမရှိတဲ့အရေပြားနေရာတွေမှာ အဖြစ်များပါတယ်။ ဒီ နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက ဘယ်သူ့မှာမဆို ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး ဟော်မုန်းအပြောင်းအလဲ ဖြစ်တတ်တဲ့အချိန်လောက်ကစပြီး ထွက်လာတတ်ပါတယ်။ အရွယ်ရောက်ပြီး သူတွေရဲ့ ၇၀-၈၀ ရာခိုင်နှုန်းလောက်မှာ ဒီအဖြူစက်လေးတွေ ရှိတတ်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက်  ၂ဆလောက် ပိုဖြစ်တာကိုတွေ့ရပါတယ်။ Fordyce spots […]


ရောဂါလက္ခဏာများ

သွေးပြန်ကြောထဲမှာ သွေးခဲနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ !

သွေးခဲတယ်ဆိုတာက အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။ သွေးခဲတယ်ဆိုတာက နေ့စဉ်ဘဝရဲ့ ပုံမှန်ဖြစ်စဉ်တွေထဲက တစ်ရပ်ပေါ့။ ဘယ်လို အခြေအနေမှာလဲဆိုရင် အနာတစ်ခုခု ထိခိုက်မိတာ တစ်ခုခု ဖြစ်မယ် သွေးထွက်မယ်။ ဒီထွက်တဲ့သွေး တိတ်စေဖို့အတွက် သွေးခဲဖို့ လိုပါမယ်။ ဒီလို သွေးခဲတာက အန္တရာယ် မရှိသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ် တစ်ခုလည်း ဖြစ်တာကြောင့် စိုးရိမ်ဖို့မလိုတဲ့ ပုံမှန်ဖြစ်စဉ် တစ်ခုပါ။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ သွေးခဲခြင်းတွေ၊ မခဲသင့်တဲ့ နေရာမှာ ခဲတာတွေကတော့ ပြဿနာပါ။ ဥပမာ ခြေထောက်က သွေးပြန်ကြောတွေမှာ သွေးခဲမယ်။ ဘေးမှာ ခြေသလုံးကြွက်သားလည်း ရှိနေတဲ့အတွက် ကြွက်သားက ညှစ်လိုက်တဲ့အခါ မတော်တဆ သွေးခဲပြုတ်ထွက်ပြီး အဆုတ်သွေးကြောမှာ သွားဆို့နေပြီး အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ သွေးပြန်ကြောထဲမှာ သွေးခဲနေတယ်ဆိုတာကို […]


ရောဂါလက္ခဏာများ

ခြေချင်းဝတ်တွေ ရောင်နေတာ ဒီကျန်းမာရေး အခြေအနေတွေကြောင့်ပါ

ခြေချင်းဝတ်တွေ၊ ခြေဖဝါးတွေ၊ ခြေထောက်တွေ ရောင်တာကို ဆေးပညာ စကားရပ်အရ edema လို့ ခေါ်ပါတယ်။ ဒီလို ခြေထောက်တွေ ခြေချင်းဝတ်တွေ ရောင်နေတာ က တော်တော်လေး စိတ်ညစ်စရာ ကောင်းသလို တစ်ခါတလေမှာ အချက်ပေးလက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ ဒီလိုမျိုး ခြေချင်းဝတ်ရောင်တာကို မကုဘဲ ထားမယ်ဆိုရင် နာကျင်တာ၊ လမ်းလျှောက်ရခက်တာနဲ့ အဆစ်တွေတောင့်တင်းတာ၊အရေပြားတွေ ဖောရောင်နာကျင်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ခြေချင်းဝတ်ရောင်တာ များသောအားဖြင့်တော့ အသက်အန္တရာယ် မရှိစေနိုင်ပေမယ့် အချို့အခြေအနေမှာတော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာရဲ့ အစပျိုး လက္ခဏာ ဖြစ်နိုင်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ကဲ .... ခြေချင်းဝတ်တွေ ရောင်နေတာ ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ခြေချင်းဝတ် ရောင်တယ် ဆိုတာ ခြေချင်းဝတ် ရောင်တယ်ဆိုတာက ခြေချင်းဝတ်မှာ အရည်တွေ […]


ရောဂါလက္ခဏာများ

ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ

ဆောင်းရာသီ လူတိုင်း ချမ်းတဲ့အချိန်မှာ ချမ်းတာ ပုံမှန်ပဲလို့ ဆိုနိုင်ပေမယ့် နွေခေါင်ခေါင် လူတိုင်း ပူနေချိန်မှာ ချမ်းတယ်လို့ ခံစားနေရမယ်။ အချိန်တိုင်းလိုလို ချမ်းနေမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတာကို မသိချင်ဘူးလား ...... ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားနေရတာ ဒီအချက်တွေကြောင့်ပါ။ သွေးအားနည်း ရောဂါ ရှိတာ ကိုယ်ထဲမှာ သွေးနီဥဆဲလ်တွေ လုံလုံလောက် မရှိတဲ့ အခါ အဆုတ်နဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်စွာ ရရှိဖို့ ခက်ခဲသွားပါတယ်။ ဒီအခြေအနေကို သွေးအားနည်းတယ်လို့ ခေါ်တာပါ။ သွေးအားနည်းတဲ့အခါ ပင်ပန်းတယ်လို့ ခံစားရတာ၊ ခေါင်းထဲမှာ မိုက်ခနဲ မူးတာ၊ အားမရှိသလို ခံစားရတာမျိုးတွေ ခံစားရနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အမျိုးသမီးတွေမှာ […]


ရောဂါလက္ခဏာများ

ချွေးနံ့ပြင်း လာရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ.......

အရင်က ချွေးနံ့ဆိုတာ ခန္ဓာကိုယ်မှာ မရှိဘူးတဲ့အရာပါ။ အခုကျမှ ချွေးနံ့ပြင်း တာက အနံ့ကို မခံနိုင်အောင်ပဲ။ အခြားသူ မပြောနဲ့ ကိုယ့်ဘာသာတောင် အနံ့မခံနိုင်အောင်ဖြစ်နေတာပါ။ ဒါဆိုရင် ဘာကြောင့်များလဲ။ ရေချိုးတာများ မစင်တာလားဆိုတော့လည်း သေချာ ပြောင်စင်အောင် ရေချိုးသန့်စင်တာပါ။ ဒါပေမယ့် ရေချိုးပြီး ၂ နာရီ မကြာခင်မှာတင် ချွေးနံ့က ပြန်ပြင်းလာတယ်ဆိုတဲ့ သူတွေရှိလား...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ချွေးနံ့ပြင်း လာရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ....... ဆိုတာကို ဖတ်ကြည့်လိုက်ရအောင်လား....... ချွေးနံ့ပြင်း လာရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ....... ချွေးနံ့ပြင်းတာက လူတိုင်း မကြုံဖူးသူရယ် မရှိပါဘူး။ တစ်ခါတလေဆိုတာ ပုံမှန်လို့ ဆိုလို့ ရပေမယ့် အမြဲလိုလို ဆိုရင်တော့ စဉ်းစားစရာ ဖြစ်လာပါပြီ။ ဒီတော့ ချွေးနံ့ပြင်းတာက ဘာတွေကြောင့် ဖြစ်မလဲဆိုတာကို […]


ရောဂါလက္ခဏာများ

ဘယ်လိုလက္ခဏာတွေက အရေးပေါ် ကုသမှုလိုတဲ့ လက္ခဏာတွေလဲ။

နေထိုင်မကောင်းဖြစ်ပြီဆိုရင် တချို့ရောဂါတွေက ဒီတိုင်း စောင့်ကြည့်ပြီး နေလို့ရတာ ရှိသလို တချို့က မသက်သာရင် ဆေးခန်းသွားပြရမှာ ရှိပါတယ်။ တချို့ကျတော့ ဒီလို စောင့်နေဖို့ကို မသင့်ဘဲ ချက်ချင်း အရေးပေါ် ကုသမှု ခံယူဖို့ လိုတဲ့ ရောဂါတွေလည်း ရှိပါတယ်။ ဒီလက္ခဏာတွေက ဘာတွေလဲဆိုတာ သိထားသင့်ပါတယ်။ အရေးပေါ် အခြေအနေဖြစ်တဲ့အတွက် အချိန်မီ ကုသမှု မရခဲ့ရင် အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ အရေးပေါ်  အခြေအနေဆိုတာ ဘာလဲ။ လူတစ်ယောက်က ခုချက်ချင်း အသက်အန္တရာယ်ဖြစ်သွားနိုင်တယ် ဒါမှမဟုတ် မသန်စွမ်း ဖြစ်သွားနိုင်တဲ့ အနေအထားကို အရေးပေါ်လို့ သတ်မှတ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် ရုတ်တရက် အစာသီးပြီး အသက်ရှူရခက်လာတာ အသက်ရှူရပ်သွားတာ ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး သတိလစ်သွားတာ လည်ပင်းနဲ့ ကျောရိုးကို ထိခိုက်မိပြီး လှုပ်မရတော့တာ၊ ထိတွေ့ခံစားမှု […]


အခြေခံကျန်းမာရေး

Omega-3 ချို့တဲ့ မှုရဲ့ သိသာထင်ရှားတဲ့ လက္ခဏာများ

Omega-3 fatty acids က လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ သင့်ခန္ဓာကိုယ်က ဆဲလ်စ်တွေ သန်မာစေဖို့အတွက် အထူးအရေးပါပါတယ်။ ဆဲလ်စ်တွေ သန်မာမှ ကိုယ်ခံအား၊ အဆုတ်၊ နှလုံးနဲ့ ဟိုမုန်းလည်ပတ်မှုစနစ်တွေ ပုံမှန်အတိုင်းကျန်းမာနေမှာပါ။ ဒီလောက်အရေးကြီးတဲ့ Omega-3 ချို့တဲ့ ပြီဆိုရင် ဘာတွေဖြစ်လာတတ်သလဲ သိကြပါသလား။ Omega-3 တွေဟာ polyunsaturated fatty acid (PUFA) အမျိုးအစားပါ။ Eicosapentaenoic acid (EPA) ၊ Docosahexaenoic acid (DHA) ၊ Alpha-linolenic acid (ALA) စတဲ့ အရေးပါတဲ့ Omega-3 တွေကို အစားအစာတွေကနေ ရရှိပါတယ်။ Omega-3 ချို့တဲ့ တဲ့အခါ ခန္ဓာကိုယ်ကြီးမှာ လိုအပ်တဲ့ အဆီဓာတ်တွေ နည်းပါးသွားမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုရင် ခန္ဓာကိုယ်မှာ […]


အခြေခံကျန်းမာရေး

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

အသက်ရှူ ကျပ်ရင်းက အသက်ဆုံးသွားတဲ့အထိပဲ။ ကိုဗစ်ကြောင့်  မောတယ်၊ အသက်ရှူ ကျပ်လာတယ်၊ သွေးတွင်းအောက်ဆီဂျင်က ထိုးကျသွားတယ်ဆိုတဲ့ စကား အခုတလော တော်တော်လေး ကြားရတယ်နော်။ သွေးတွင်းအောက်ဆီဂျင် ကျတာက အ​ကြောင်းမဲ့ ရုတ်တရက် ဖြစ်တာမျိုး မဟုတ်ပါဘူး။ သွေးတွင်းအောက်ဆီဂျင် ကျနေပြီဆိုတာကို သိသာတဲ့ လက္ခဏာလေးတွေ ရှိပါတယ်။ သွေးတွင်းအောက်ဆီဂျင် ဘာကြောင့် ကျရတာလဲ......... သွေးတွင်း အောက်ဆီဂျင် ကျတယ်ဆိုတာက သွေးထဲမှာ ရှိသင့်တဲ့ အောက်ဆီဂျင် ပမာဏရဲ့ အောက်ကို ရောက်နေတာပါ။ သွေးတွင်း အောက်ဆီဂျင် ပမာဏ ကျဆင်းရတာက အခုလောလောဆယ်မှာ ကိုဗစ်ကြောင့် အဖြစ်များပေမယ့် ဒီအချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ် လေထဲမှာ အောက်ဆီဂျင် လုံလောက်မှု မရှိတာ အဆုတ်က လေတွေကို ရှူသွင်းတာ၊ ဆဲလ်နဲ့ တစ်ရှူးတွေဆီ အောက်ဆီဂျင် ပေးပို့တာကို မလုပ်ဆောင်နိုင်တာ သွေးကြောတွေက […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း