ထိုင်းမှိုင်း နေရင် အလုပ်တွေ လုပ်ရတာ ပုံမှန်ထက် ပိုကြာနေသလို အချို့သော အရာတွေကို အလွယ်တကူ နားမလည်တာမျိုး ခံစားရနိုင်ပါတယ်။ အိပ်ချင်နေတာလိုလို ခေါင်းထဲ နောက်ကျိကျိ ဖြစ်နေတာလိုလို တစ်ခုခုလိုနေသလို ဘာရယ်လို့ ရေရေရာရာ မသိရတဲ့ ခံစားရမှုကြီးက အတော်လေး နေရထိုင်ရ မသက်မသာ ဖြစ်စေတာပါ။