ကိုယ်လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ၊ ကပ်ဘေးတွေကြောင့် စိတ်တွေညစ်လိုက်တာ၊ စိတ်တွေပင်ပန်းလိုက်တာဆိုပြီး နေ့စဉ်ရက်ဆက် ပိုသောက်မိနေပြီလား ။ စိတ်ပင်ပန်းမှုကို ယမကာလေးနဲ့ ဖြေဖျောက်ချင်တတ်ကြတာ သဘာဝမဟုတ်လား။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
ကိုယ်လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ၊ ကပ်ဘေးတွေကြောင့် စိတ်တွေညစ်လိုက်တာ၊ စိတ်တွေပင်ပန်းလိုက်တာဆိုပြီး နေ့စဉ်ရက်ဆက် ပိုသောက်မိနေပြီလား ။ စိတ်ပင်ပန်းမှုကို ယမကာလေးနဲ့ ဖြေဖျောက်ချင်တတ်ကြတာ သဘာဝမဟုတ်လား။
နိုင်ငံတကာ လေ့လာချက်တွေအရလည်း ခုလို ကိုဗစ်ကပ်ဘေးအပါအဝင် အကျပ်အတည်းပေါင်း သောင်းခြောက်ထောင် ရင်ဆိုင်နေရတဲ့ကာလမှာ လူအများစုရဲ့ အရက်သေစာမှီဝဲနှုန်းဟာ ပုံမှန်ထက်ပိုမို မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။
အကျပ်အတည်းကာလမှာ အလုပ်လက်မဲ့ဖြစ်သွားလို့၊ ဝင်ငွေထိခိုက်သွားလို့၊ ချစ်ခင်ရသူတွေ ဆုံးရှုံးသွားလို့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အရွယ်ရောက်ပြီး အမျိုးသားတွေရဲ့ အရက်သေစာမှီဝဲနှုန်းဟာ ယခင်ကထက်ပိုပြီး မြင့်တက်လာနေတာပါ။
ကိုဗစ်ကြောင့် Lockdown ကာလတွေစတင်ချိန်ကတည်းက အိမ်ထောင်ဦးစီးအမျိုးသားတွေဟာ သူတို့ရဲ့ စိတ်ပင်ပန်းနေမှုတွေ၊ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ အရက်ကို ပိုမှီဝဲလာကြပါတယ်။ အများစုဟာ နေ့စဉ်ရက်ဆက် သောက်သုံးလာကြတယ်လို့ အရီဇိုးနားတက္ကသိုလ်က ပြုလုပ်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတွေမှာ အရက်သောက်သုံးမှုနှုန်း ပိုမိုမြင့်တက်လာနေပြီး ရေရှည်မှာ အရက်စွဲရောဂါ ရနိုင်လောက်တဲ့အထိ ပမာဏများပြားတယ်လို့ လေ့လာချက်ကဆိုထားပါတယ်။
အရက်သေစာကို အန္တရာယ်ရှိနိုင်လောက်တဲ့ ပမာဏမျိုး မှီဝဲမှုနှုန်းဟာ ဧပြီလတုန်းက ၂၁% တိုးတက်လာတာကနေ စက်တင်ဘာလမှာ ၄၀.၇% အထိ မြင့်တက်လာခဲ့တာပါတဲ့။ ဒါဟာ အတော်လေး ကြောက်စရာကောင်းတဲ့ ပမာဏမျိုးနဲ့ ခုန်ကျော်တိုးတက်လာနေတာ ဖြစ်ပါတယ်။
ခုလို အရက်သေစာမှီဝဲမှုနှုန်းမြင့်တက်လာတာနဲ့အတူ အမေရိက တစ်လွှားမှာ ကင်ဆာ၊ အသည်းရောဂါ၊ စိတ်ကျန်းမာရေးပြဿနာ၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ အရွယ်မတိုင်ခင်သေဆုံးမှုနှုန်းတွေလည်း ဆက်တိုက်မြင့်တက်လာနေတယ်လို့ လေ့လာသူတွေက ဆိုထားကြပါတယ်။
အလွန်အကျွံမှီဝဲမှုတွေရဲ့ နောက်ဆက်တွဲပြဿနာတွေက ကျန်းမာရေးပြဿနာတွေတင်မကပါဘူး။ အိမ်တွင်းအကြမ်းဖက်မှုလိုမျိုး လူမှုရေးပြဿနာတွေပါပိုဖြစ်လာနေတာပါ။ အဆင်မပြေမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ အရက်သေစာတို့ပေါင်းဖက်သွားချိန်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ Abuse လုပ်မှုတွေကလည်း အဆမတန်တိုးတက်လာနေတာပါ။
ဒါကြောင့် အကျပ်အတည်းကာလမှာ အရက်သေစာ အလွန်အကျူးမှီဝဲမိနေတယ်ဆိုရင် ရပ်တန့်ပစ်လိုက်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ့်ရဲ့ လူနေမှုဘဝကိုရော ကျန်းမာရေးကိုပါ ထိခိုက်လာမှာမို့ပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပိုသောက်မိနေပြီလား သေချာပြန်ဆန်းစစ်ပါ။
ပုံမှန်အခြေအနေမှာ ကြိုက်တတ်လို့ ယမကာမှီဝဲကြတာက သဘာဝကျပေမယ့် စိတ်ပင်ပန်းမှုတွေ၊ စိတ်ညစ်မှုတွေကြောင့် ယမကာကို ဖိသောက်တာမျိုးကတော့ အလွန်အန္တရာယ်ကြီးမားတဲ့အပြု အမူဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က ဒီလိုသောက်စားမှီဝဲမိနေပြီဆိုရင် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး တားဆီးဖို့ အကြံပြုပါရစေ။
အထက်ပါနည်းလမ်းတွေဟာ အမေရိကန်အခြေစိုက် National Institute on Alcohol Abuse and Alcoholism (NIAAA) က အကြံပြုထားတဲ့ အရက်သေစာသောက်သုံးမှု ကို လျှော့ချနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။
အရေးအကြီးဆုံးကတော့ ကိုယ်တိုင်ရဲ့ စိတ်ပါပဲ။ ကိုယ့်ရဲ့စိတ်ကို ထိန်းချုပ်နိုင်ဖို့နဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်စွမ်းတွေက အရက်သေစာ အလွန်အကျွံမှီဝဲမှုကို တားဆီးပေးနိုင်တာမို့ ကိုယ့်ရဲ့စိတ်ကို ကြံ့ခိုင်အောင် ပြင်ဆင်ထားဖို့လည်း တိုက်တွန်းပါရစေ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။