လေထု ညစ်ညမ်းတာက ပြင်ပ ပတ်ဝန်းကျင်မှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ နေအိမ်ထဲမှာလည်း ဖြစ်ပါတယ်။ အများစုက လေထုညစ်ညမ်းတယ်လို့ ပြောလိုက်ရင် ပြင်ပ ပတ်ဝန်းကျင်မှာပဲဖြစ်တာပါ။ အိမ်ထဲအထိတော့ မဖြစ်ပါဘူးလို့ တွေးမိတတ်ကြပါတယ်။ တကယ်ကတော့ လေထုညစ်ညမ်းမှုက နေရာတိုင်းလိုလိုမှာ ဖြစ်နိုင်ပါတယ်။ အိမ်တွင်းလေထု ကလည်း ညစ်ညမ်းနိုင်ပါတယ်။