အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နာလန်ထလူနာတွေကို မြန်မြန်သက်သာစေမယ့်နည်းလမ်းတွေ

လူရယ်လို့ ဖြစ်လာရင် အနာရောဂါနဲ့ မကင်းကြ ပါဘူး။ တစ်နေ့တာ လှုပ်ရှားလုပ်ကိုင်နေမှု အတွင်း အသေးစား ထိခိုက်ဖျားနာမှုတွေ ရှိနိုင်သလို အကြီးစား ထိခိုက်မိတာတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လို ထိခိုက် ဖျားနာမှုမျိုး မဆို နာလန်ထတဲ့ အချိန် ဆိုတာ ရှိပါတယ်။ ဖျားနာပြီးရင် ပဲဖြစ်ဖြစ်၊ အကြီးစား မတော်တဆမှုတွေ ကနေ ပြန်ကောင်းလာရင်ပဲ ဖြစ်ဖြစ်၊ ခွဲစိတ်ကုသမှု ခံယူပြီးချိန်မှာ အကောင်းပကတိ ပြန်ကောင်း လာစေဖို့ ထိုက်သင့်တဲ့ အချိန် ယူရပါတယ်။ နောက်တစ်ခုက ဖျားနာနေတဲ့ အချိန်မှာပဲ ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ဖို့ လိုတာ မဟုတ်ပါဘူး။ နာလန်ထ အချိန်မှာလည်း ဖျားနာတာနဲ့ နောက်ဆက်တွဲ ရောဂါတွေ ဝင်မလာစေဖို့ အတွက် သေသေချာချာ ဂရုစိုက်ပေးဖို့ လိုပါမယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Cocaine abuse (ကိုကင်းအလွဲသုံးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cocaine abuse (ကိုကင်းအလွဲသုံးခြင်း) ကဘာလဲ။ ကိုကင်းသည် ဦးနှောက်ထဲရှိ အာရုံကြောလက်ဆင့်ကမ်းပစ္စည်းတစ်မျိုးဖြစ်သည့် ဒိုပါမင်းကို များစေသော မူးယစ်ဆေးတစ်မျိုး ဖြစ်သည်။ ဒိုပါမင်းသည် ပျော်ရွှင်မှုကိုဖြစ်စေပြီး လှုပ်ရှားမှုကို ထိန်းချုပ်ခြင်း၊ ဆုရရှိသည့် ခံစားမှု တို့နှင့်ပတ်သတ်နေသည်။ သို့သော် ထိုအရာကပင် စွဲလန်းစေ၍ အလွဲသုံးမှုများဖြစ်စေသည်။ ကိုကင်းအလွဲသုံးခြင်းကြောင့် စိတ်ဝေဒနာများ၊ ရောဂါများနှင့် အသက်ဆုံးရှံုးခြင်းတို့အထိ ဖြစ်စေနိုင်သည်။ ကိုကင်းသည် စိတ်ပျော်စေခြင်း၊ တက်ကြွစေခြင်း၊ အားတက်စေခြင်းတို့ကြောင့် အပျော်အပါးအတွက် အလွဲသုံးချင်စဖွယ် ဆေးဖြစ်လာသည်။ ကိုကင်းအလွဲသုံးသူသည် ကိုကင်းကို ဆေးလိပ်အဖြစ်သောက်ခြင်း၊ နှာခေါင်းထဲပွတ်ရှူခြင်း၊ အကြောထဲ ထိုးသွင်းခြင်းတို့ ပြုလုပ်ကြသည်။   Cocaine abuse (ကိုကင်းအလွဲသုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCocaine abuse (ကိုကင်းအလွဲသုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကိုကင်းအလွဲသုံးခြင်းရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့ တက်ကြွလွယ်ခြင်း မျက်စိသူငယ်အိမ်ကျယ်ခြင်း နှာရည်ယိုခြင်း ကိုယ်အလေးချိန်ကျဆင်းခြင်း စိတ်အပြောင်းအလဲမြန်ခြင်း ပတ်ဝန်းကျင်နှင့် ကင်းကွာခြင်း စွန့်စားလိုခြင်း နှာခေါင်းသွေးယိုခြင်း မိမိကိုယ်ကို အလွန်အမင်း ယုံကြည်လာခြင်း စကားများလာခြင်း အအိပ်အစား မမှန်ခြင်း နှာခေါင်းနှင့် ပါးစပ်တဝိုက်တွင် ဖြူဖြူအမှုန့်များ ကပ်ကျန်နေခြင်း လက်နှင့်နုတ်ခမ်းတဝိုက်တွင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အစာရေမျိုပြွန် သွေးယိုခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Bleeding esophageal varices (အစာမျိုလမ်းကြောင်းရှိ သွေးပြန်ကြောများမှ သွေးယိုခြင်း) အစာမျိုလမ်းကြောင်းရှိ သွေးပြန်ကြောများ ဖောင်းကားကာ ပေါက်ရာမှတဆင့် သွေးယိုခြင်းကိုဆိုလိုသည်။ အစာမျိုပြွန်ဆိုသည်မှာ အစာအိမ်နှင့် အာခံတွင်းတလျှောက်ကို ဆက်သွယ်ပေးထားသော ကြွက်သားပြွန်တခုဖြစ်သည်။ အသည်း၏ သွေးစီးဆင်းမှုများ နည်းပါးလာပါက အစာပြွန်ရှိသွေးပြန်ကြောများသည် ဖောင်းကားလာနိုင်ပါသည်။ ထိုကဲ့သို့ဖြစ်ခြင်းမှာ အသည်းတွင်းရှိ သွေးခဲ (သို့) အသားမာတက်သွားသော တစ်ရှူးများကြောင့်ဖြစ်သည်။ အသည်းမှ သွေးစီးဆင်းနေမှုများရပ်တန့်သွားသောအခါ သွေးတို့သည် အစာပြွန်ရှိ သွေးပြန်ကြောများကဲ့သို့သော အခြားသွေးကြောများတွင်စုပုံလာကြသည်။ သို့သော် ထိုသွေးကြောများသည်အလွန်သေးငယ်သောကြောင့် သွေးအမြောက်အမြား ဆန့်ဝင်ခြင်းမရှိပဲ ဖောင်းကားလာသည်။ ထိုအရာများကို အစာပြွန်လမ်းကြောင်းရှိ ဖောင်းကားနေသော သွေးပြန်ကြောများဟုခေါ်သည်။ ထိုသွေးကြောများသည် သွေးများယိုစိမ့်၍ နောက်ဆုံးတွင် ပေါက်သွားနိုင်သည်။ နောက်ဆက်တွဲအနေဖြင့် အသက်သေသည်အထိဖြစ်ပွားနိုင်သည်။   လက္ခဏာများBleeding esophageal varices (အစာမျိုလမ်းကြောင်းရှိ သွေးပြန်ကြောများမှ သွေးယိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ထိုသွေးကြောများသည် ပေါက်ထွက်မသွားပါက လက္ခဏာရပ်များ ပြရန်ခဲယဉ်းသည်။ ပေါက်သွားပါက တွေ့ရသော လက္ခဏာများမှာ သွေးအန်ခြင်း အစာအိမ်နာခြင်း ၊ အောင့်ခြင်း သတိလစ်ခြင်း ဝမ်းမည်းမည်းများသွားခြင်း သွေးဝမ်းသွားခြင်း ရှော့ရခြင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကော်ဖီသောက်စရာမလိုဘဲ အလုပ်ခွင်ထဲမှာ တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့

အလုပ်ခွင်ထဲမှာ အချိန်ကြာမြင့်စွာအလုပ်လုပ်တဲ့အခါ လေးကန်ထိုင်းမှိုင်းလာပြီး တက်တက်ကြွကြွနေနိုင်ဖို့က မလွယ်ကူတဲ့ကိစ္စရပ်တစ်ခုဖြစ်လာပါတယ်။ ဒီလိုဖြစ်တဲ့အခါ လေးလံထိုင်းမှိုင်းနေတာကို သက်သာစေဖို့ လုပ်ဖြစ်တာတစ်ခုက ကော်ဖီသောက်တာပါပဲ။ ဒါပေမယ့် ကော်ဖီက သောက်တိုင်းမကောင်းပါဘူး။ ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်များတဲ့အခါ ရင်တုန်ပြီး အိပ်မပျော်တာမျိုးတောင် ဖြစ်စေနိုင်ပါတယ်။ ကော်ဖီသောက်စရာမလိုဘဲ အလုပ်ခွင်ထဲမှာ တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့ ဒီအချက်လေး ၁၀ ချက်ကိုလုပ်ကြည့်ရအောင်လား။ ကော်ဖီသောက်စရာမလိုဘဲ အလုပ်ခွင်ထဲမှာ တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့ နည်းလမ်းများ (၁) အစားအသောက်တွေကို သေချာစီစဉ် စားသုံးပေးပါ စားသုံးမယ့် အစားအစာတွေထဲမှာ ခန္ဓာကိုယ်ကို လန်းဆန်းနေစေမယ့် အစားအသောက်မျိုးကိုရွေးပြီးစားသုံးပါ။ လူတော်တော်များများက အချိန်မရတာကြောင့် မနက်စာကို မစားဘဲ ထားလိုက်တာမျိုးရှိပါတယ်။ ဒါပေမယ့် မနက်စာကို ပြည့်ပြည့်ဝဝစားသုံးမှ အလုပ်ခွင် ဒါမှမဟုတ် ကျောင်းမှာ တစ်နေ့တာလုံးခွန်အားပြည့်ဝနေမှာပါ။ အစားအသောက်တွေ စားသုံးတိုင်းမှာ သတိထားရမှာက သင့်တင့်မျှတတဲ့ အာဟာရဓာတ်တွေ ပါဝင်နေရဲ့လားဆိုတာပါ။ စားသုံးလိုက်တဲ့ အစားအသောက်တိုင်းမှာ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဗီတာမင်ချို့တဲ့မှုတွေ ဘာကြောင့်ဖြစ်ရတာလဲ

ဗီတာမင်ချို့တဲ့မှုတွေ ဘာကြောင့်ဖြစ်ရတာလဲ ...... တိုးတက်လာတဲ့လူနေမှုပုံစံနဲ့အညီ လူတန်းစေ့နေထိုင်နိုင်ဖို့ အစဉ်တစိုက်ကြိုးပမ်းနေရတာကြောင့် လူတိုင်းဟာ တော်တော်လေးပင်ပန်းကြရပါတယ်။ တစ်နေ့တာလုံး မနားရလောက်အောင် လှုပ်ရှားနေရပေမယ့် ခန္ဓာကိုယ်ကို လုံလောက်တဲ့ အာဟာရဓာတ်တွေရော ပေးမိရဲ့လား။ လုံလောက်တဲ့ အာဟာရဆိုတဲ့ နေရာမှာ အိပ်စက်မှုရော၊ စားသောက်မှုပုံစံပါ ပါတယ်။ ခန္ဓာကိုယ်က အားတွေစိုက်ထုတ်ပြီး အလုပ်လုပ်လိုက်ရပေမယ့် လိုအပ်တဲ့ အာဟာရကို အပြည့်အဝပြန်မရတဲ့အခါမျိုးမှာ ဗီတာမင်ချို့တဲ့တာတွေ ဖြစ်လာပါတယ်။ လုပ်နိုင်စွမ်းထက် ပိုခိုင်းမိတဲ့အခါ ကွန်ပျူတာတွေ ဟန်းမ်သွားတာလိုမျိုးပေါ့။ ဗီတာမင်ချို့တဲ့မှုတွေ ဘာကြောင့်ဖြစ်ရတာလဲ ဗီတာမင်ချို့တဲ့မှုတွေ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ဗီတာမင် ချို့တဲ့ခြင်းဆိုတာ ဗီတာမင် ဆိုတာက ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ အာဟာရဓာတ်တွေပါ။ အခုခေတ်ရဲ့ ဘဝနေထိုင်မှုပုံစံကိုက အသင့်ပြင်ထားတဲ့ အစားအစာတွေ နဲ့ အမြန်စား အစားအစာတွေကို ရှောင်လွှဲနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း) ကဘာလဲ။ placental abruption နောက်တစ်နည်း abruption placentae ဆိုတာ အချိန်မတိုင်ခင် အချင်းကွာကျခြင်းကို ခေါ်ပါတယ်။ ၎င်းက ကိုယ်ဝန်ဆောင်ခြင်း၏ အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုဖြစ်သော်လည်း ဖြစ်ခဲပါတယ်။ အချင်းဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ပေါ်လာပြီး ကလေးကို အာဟာရပေးပါတယ်။ ဒီရောဂါမှာ အချင်းက ကလေးမထွက်ခင်မှာ သားအိမ်၏ အတွင်းနံရံမှ ကွာကျလာပါတယ်။ ၎င်းကို အဆင့် ၁၊ ၂ နှင့် ၃ ဆိုပြီး ပြင်းထန်မှုပေါ်လိုက်ပြီး ၃ မျိုးခွဲနိုင်ပါတယ်။ သားအိမ်မှ ကွာကျသွားတဲ့ အချင်းကို ပြန်ကပ်လို့မရပါဘူး။ ဒါဟယ ကလေးကို အောက်စီဂျင်နှင့် အာဟာရတွေ ပေးပို့မှုကို ကန့်သက်လိုက်နိုင်ပြီး အမေကိုလည်း သွေးထွက်လွန်စေပါတယ်။ ဒီအန္တရယ်များတဲ့ အခြေအနေကြောင့် အစောပိုင်း ခွဲမွေးရခြင်းကြုံနိုင်ပါတယ်။ အချင်းကွာခြင်းက ရုတ်တရက်ဖြစ်နိုင်ပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) ကဘာလဲ။ သွေးကြောငယ်များရောင်ရမ်းခြင်း ဆိုတာ အရေပြား၊ အဆစ်တွေ၊ အူတွေ နဲ့ ကျောက်ကပ်မှာရှိတဲ့ သွေးကြောလေးတွေ ရောင်ရမ်းပြီး သွေးယိုစမ့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အရေပြားထဲမှာ ရှိတဲ့ ရောင်ရမ်းနေတဲ့ သွေးကြောတွေကနေ သွေးတွေစိမ့်ထွက်နေပြီး papura လို့ခေါ်တဲ့ အဖုအပိန့်တွေ ထွက်လာပါတယ်။ အူ နဲ့ ကျောက်ကပ်ထဲမှာ ရှိတဲ့ သွေးကြောတွေကလည်း ရောင်ရမ်းပြီး သွေးယိုစိမ့်နိုင်ပါတယ်။ Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရွယ်မရွေး ဖြစ်နိုင်တယ် ဆိုပေမယ့် အသက် ၂ နှစ် ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ မှာ အဖြစ်များတဲ့ ရောဂါ ဖြစ်ပါတယ်။ အန္တရာယ်ဖြစ်လာနိုင်တဲ့ အကြောင်းအချက်တွေ ကို လိုက်နာပြီး ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း) ကဘာလဲ။ Gaucher’s disease ဆိုတာ အဆီတွေက ကိုယ်အင်္ဂါအစိတ်အပိုင်း တွေ အထူးသဖြင့် သရက်ရွက် နဲ့ အသည်း မှာ စုဝေးနေတတ်တဲ့ ရောဂါ ဖြစ်ပါတယ်။ အဆီတွေက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပုံမှန်ထက် ပိုကြီးစေပြီး သူ့တို့ရဲ့ သဘာ၀ လုပ်ဆောင်ချက်တွေကို ပျက်ယွင်းသွားစေပါတယ်။ Gaucher’s disease နဲ့ ဆက်စပ်နေတဲ့ အဆီ တွေဟာ အရိုးတစ်ရှုးတွေမှာလည်း စုဝေးနေတတ်ပါတယ်။ ရိုးတွင်းခြင်ဆီမှာသာ အဆီတွေ စုဝေးနေမယ် ဆိုလို့ ရှိရင် အရိုးကို အားနည်းစေပြီး အရိုးပါးရောဂါ ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ရိုးတွင်းခြင်ဆီမှာ အဆီတွေစုဝေးနေရင် သွေးခဲဖြစ်ပေါ်စေခြင်းကိုလည်း ထိခိုက်စေပါတယ်။ Gaucher’s disease အမျိုးအစား ၃ မျိုး ရှိပါတယ်။ အမျိုးအစား ၁ – […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

သောကြာနေ့လိုမျိုး ညတွေမှာ တစ်ပတ်တာ ပင်ပန်းသမျှကို ဖြေဖျောက်တဲ့ အနေနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ တွေ့ပြီး ပျော်ပျော်ရွှင်ရွှင်သောက်ကြစားကြတာမျိုး ရှိကြမယ် ထင်ပါတယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေ စုမိကြတဲ့အခါ ကိုယ်သောက်နိုင်တဲ့ ပမာဏထက် ပိုပြီးသောက်မိသွားတာမျိုးလည်း ကြုံဖူးကြမှာပါ။ ဒီလို များသွားတာက သောက်တုန်းတော့ သိပ်မသိသာပေမယ့် နောက်တစ်နေ့ ရောက်တဲ့အခါမှာတော့ အရက်နာကျတဲ့ ခံစားမှုကို စတင် ခံစားရပြီလေ။ အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အရက်နာကျတယ် ဆိုတာက အရက်နာကျတာက လူတစ်ယောက်နဲ့ တစ်ယောက်မှာ မတူနိုင်ပါဘူး။ အဖြစ်များတဲ့ လက္ခဏာတွေ ကတော့ အရက်နာကျတဲ့အခါ ခေါင်းကိုက်မယ်၊ မအီမသာ ဖြစ်ပြီး ပျို့အန်ချင်သလို ဖြစ်နေမယ်၊ ခြေကုန်လက်ပန်း ကျနေမယ်၊ ခန္ဓါကိုယ်မှာ ရေဓါတ် ကုန်ခန်းသလို ဖြစ်နေတာတွေပါပဲ။ အရက်နာကျတဲ့ သူတွေမှာ အဖြစ်များဆုံး လက္ခဏာက […]


အခြေခံကျန်းမာရေး

အဖြစ်များတဲ့ လှုပ်ရှားမှုပြသနာတွေဟာ ဘာတွေလဲ

၁။ လှုပ်ရှားမှုပြသနာအပေါ် ယေဘုယျအမြင် လှုပ်ရှားမှုပြသနာဆိုတာ လှုပ်ရှားမှုရဲ့ လျင်မြန်ခြင်း၊ သွက်လက်ခြင်း၊ သက်တောင့်သက်သာရှိခြင်း စတဲ့အချက်တွေအပေါ် သက်ရောက်မှုရှိတဲ့ အာရုံကြော ဆိုင်ရာ ကိစ္စများပဲ ဖြစ်ပါတယ်။ Dyskinesia လို့ခေါ်တဲ့ ပြသနာမှာ ပြင်းပြင်းနဲ့ မြန်မြန် လှုပ်ရှားတတ်တဲ့ hyperkinesia ဖြစ်ခြင်းရော ဖြေးဖြေး (သို့) လှုပ်ရှားမှု မရှိတတ်တဲ့ အခြေအနေ ဖြစ်တတ်ပါတယ်။ ၂။ အတွေ့များတတ်သော လှုပ်ရှားမှုပြသနာများ Parkison ရောဂါ Parkison ရောဂါဆိုတာ တဖြည်းဖြည်းပိုဆိုးလာတတ်တဲ့ အာရုံကြောရောဂါဖြစ်ပြီး ကိုယ်ခန္ဓါလှုပ်ရှားမှုတွေအပေါ် ထိန်းချုပ်မှုကင်းမဲ့သွားတတ်ပါတယ်။ ဒီရောဂါဟာ ဘာကြောင့် ဖြစ်ပွားရတယ်ဆိုတာ မသိသေးသလို ကုသနည်းလည်း မရှိသေးပါဘူး။ ဒီရောဂါနဲ့ ပတ်သက်လို့ သိရသလောက်တော့ Substantia Nigra လို့ခေါ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း ပျက်စီးလာရာကနေ ရောဂါ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ Substantia Nigra […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း