လူရယ်လို့ ဖြစ်လာရင် အနာရောဂါနဲ့ မကင်းကြ ပါဘူး။ တစ်နေ့တာ လှုပ်ရှားလုပ်ကိုင်နေမှု အတွင်း အသေးစား ထိခိုက်ဖျားနာမှုတွေ ရှိနိုင်သလို အကြီးစား ထိခိုက်မိတာတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လို ထိခိုက် ဖျားနာမှုမျိုး မဆို နာလန်ထတဲ့ အချိန် ဆိုတာ ရှိပါတယ်။ ဖျားနာပြီးရင် ပဲဖြစ်ဖြစ်၊ အကြီးစား မတော်တဆမှုတွေ ကနေ ပြန်ကောင်းလာရင်ပဲ ဖြစ်ဖြစ်၊ ခွဲစိတ်ကုသမှု ခံယူပြီးချိန်မှာ အကောင်းပကတိ ပြန်ကောင်း လာစေဖို့ ထိုက်သင့်တဲ့ အချိန် ယူရပါတယ်။ နောက်တစ်ခုက ဖျားနာနေတဲ့ အချိန်မှာပဲ ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ဖို့ လိုတာ မဟုတ်ပါဘူး။ နာလန်ထ အချိန်မှာလည်း ဖျားနာတာနဲ့ နောက်ဆက်တွဲ ရောဂါတွေ ဝင်မလာစေဖို့ အတွက် သေသေချာချာ ဂရုစိုက်ပေးဖို့ လိုပါမယ်။ အခု တစ်ခေါက်တော့ နာလန်ထလူနာတွေကို မြန်မြန်သက်သာစေမယ့်နည်းလမ်းတွေ ကို ပြောပြပေးချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။