အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မလိုအပ်ဘဲ ဆေးထိုးတာကောင်းလား

မလိုအပ်ဘဲ ဆေးထိုးတာကောင်းလား အားဆေးအဖြစ်သွင်းတဲ့ အကြောဆေးဆိုတာ ကျွန်တော်တို့နိုင်ငံက လူနာတော်တော်များများ ဆေးရုံဆေးခန်းသွားတဲ့အခါ…. မကြာမကြာပြောလေ့ရှိတာကတော့…. “ဆရာ.. ကျွန်တော်ခေါင်းမူးလို့ အကြောဆေးသွင်းချင်လို့” “ကျွန်မအားနည်းနေလို့ ဆလိုင်းချိတ်ပေးပါ” “ကျွန်တော်က တစ်လတစ်ခါ အကြောဆေးသွင်းနေကျ… မသွင်းရင် နေမကောင်းဘူး… ခု ဆေးသွင်းဖို့ ရက်ပြည့်နေပြီ ဆိုတော့ လုပ်ပေးပါဦးဆရာ” …. ဒီလိုတွေ ပြောပြီး အကြောဆေးသွင်းပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေကို တောင်းဆိုလေ့ရှိကြပါတယ်… ဆေးအနီလေးတွေ… အဝါလေးတွေ အကြောထဲဝင်သွားတာ… ပုလင်းကြီးထဲကဆေးရည်တွေ တစက်စက်ကျတာကို မြင်နေ ရရင်ပဲ သဘောကျကြသူအများသား။ ကိုယ်လက်ကိုက်ခဲရင် အကြောဆေးထိုး… ခေါင်းမူးခေါင်းကိုက်ရင် အကြောဆေးထိုး ကြ… အိပ်ရေးပျက်ရင်လည်း အကြောဆေးထိုးကြတယ်။ ထိုးပေးဖို့လည်း တောင်းဆိုကြတယ်။ အကြောဆေးမထိုးရင်ဘဲ ရောဂါမပျောက်သလို ထင်ကြတာလဲရှိ…အကြောဆေးထိုးတာကို စွဲနေသူတွေတောင်ရှိကြပါတယ်..။ တကယ်တော့ အကြောဆေးထဲမှာ ဂလူးကို့စ်အရည်နဲ့ ဗီတာမင် ဘီ ဒါမှမဟုတ် ဗီတာမင်စီနည်းနည်းပဲပါတာပါ..။ ပုလင်း ကြီးချိတ်တယ်ဆိုတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Drug overdose (ဆေးလွန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Drug overdose ဆိုတာဘာလဲ။ Drug overdose ဟာ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မတော်တဆ မူးယစ်ဆေး အသုံးလွန်သွားခြင်းဖြစ်သည်။ ဆေးပညာအရ ညွှန်းဆိုထားသော ပမာဏထက် ကျော်လွန်ပြီး အသုံးပြုပါက ဖြစ်တတ်ပါတယ်။ သို့သော် အချို့လူများတွင် ထိုပမာဏ မကျော်လွန်သော်လည်း သူတို့အတွက် အန္တာရာယ် ဖြစ်သော အခြေအနေသို့ရောက် သွားနိုင်ပါတယ်။     မူးယစ်ဆေးကို ပမာဏ များစွာသုံးစွဲခြင်း ဖြင့် ခန္ဓါကိုယ်မှ ထိုဆေးများကို လျှင်မြန်စွာ လိုက်မချေဖျက်နိုင်ပါက နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရစေနိုင်ပါတယ်။   လူတွေဟာ မူးယစ်ဆေး အသုံးလွန်သွားပါက ပုံစံ မျိုးစုံ တုံ့ပြန်ကြပါတယ်။ ကုသမှုက ဝေဒနာရှင်ပေါ်မူတည်ပါတယ်။   မူးယစ်ဆေး အသုံးလွန်သွားခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ မူးယစ်ဆေး အသုံးလွန်သွားခြင်းဟာ အလွန်အဖြစ်များပါတယ်။ ကလေး၊ ဆယ်ကျော်သက်နှင့် လူငယ်တွေမှာ ပိုအဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း ) ကဘာလဲ။ Venous insufficiency ဆိုတာ ခြေထောက်သွေးပြန်ကြောများမှ သွေးများ နှလုံးသို့ပြန်စီးဆင်းရာတွင် ပြသနာဖြစ်ခြင်းဖြစ်ပါတယ်။ နာတာရှည် ပြန်သွေး မလုံလောက်ခြင်း သို့မဟုတ် နာတာရှည် ပြန်သွေး တည်နေခြင်း ဟုခေါ်ပါတယ်။ သွေးပြန်ကြောများတွင် သွေးများကို နှလုံးသို့ ဦးတည်စီးဆင်း နိုင်ရန် ထိန်းပေးသော အဆို့ရှင်များ ပါရှိပါတယ်။ နာတာရှည် ပြန်သွေး မလုံလောက်ခြင်း တွင် ထိုအဆို့ရှင်များဟာ ကောင်းကောင်း အလုပ်မလုပ်တော့ပါ။ ထိုအခါ ခြေထောက် သွေးပြန်ကြောဖေါင်းရောဂါ ဖြစ်လာပါတယ်။ Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ချီကာဂို တက္ကသိုလ် တစ်ခု၏ ဆေးပညာဌာနက ဒီရောဂါဟာ အသက် ၄၀ နှင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) ကဘာလဲ။ အကြောင်းရင်းမသိပဲဖောခြင်းသည် မိန်းမများတွင် ရေများစုပြုံလာပြီးဖောလာခြင်းအဖြစ်အများဆုံးအကြောင်းဖြစ်သည်။ ဖောခြင်းသည် အချိန်ခဏ သို့မဟုတ် တောက်လျောက်ဖြစ်နေတတ်သည်။ Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာမိန်းကလေးများ အသက်အလယ်အလတ်လောက်တွင်ဖြစ်တတ်သည်။ အသက်ကြီးလာသည်နှင့်ပိုဆိုးလာနိုင်သည်။ အမျိုးသမီးတော်တော်များများက လတလ၏အချို့အချိန်များတွင်ပိုဆိုးတတ်သည် ဟုဆိုကြသည်။( ရာသီမလာခင်အချိန်) အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများIdiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်ခြေ ချက် (ဝမ်းဗိုက်) ရင်သား မျက်နှာများတွင် ဖောခြင်းအနည်းငယ်ဖြစ်တတ်သည်။ ညနေပိုင်းတွင်ပိုဆိုးတတ်ပြီး ညအိပ်ချိန်ပြီးကပြန်သက်သာသွားတတ်သည်။ အကြောင်းရင်းမသိပဲဖောသောသူများသည် မနက်တွင် ကီလိုနှစ်ကီလို (လေးပေါင်) ညနေထက်တက်တတ်သည်ဟုဆိုသည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများIdiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) […]


အခြေခံကျန်းမာရေး

Overhydration (ရေဓါတ်များခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Overhydration (ရေဓါတ်များခြင်း) ကဘာလဲ။ Overhydration ဆိုတာ ခန္ဓါကိုယ်တွင်းတွင် ရေများ များနေခြင်းကို ခေါ်ပါတယ်။ ခန္ဓါကိုယ်၏ ရေသောက်သုံးမှုဟာ ဆုံးရှံးမှုထက် ပိုသောအခါ ဖြစ်ပါတယ်။ တနည်းအားဖြင့် ရေကို ခန္ဓါကိုယ်မှ လိုအပ်တာထက် ပိုပြီး သောက်သုံးသည့်အခါ ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားသမားများသည် ရေဓါတ်ခမ်းခြောက်မည်ကို ကြောက်၍ ရေကို အလွန်အကျွံသောက်သုံးတတ်ကြသည်။ ထိုသို့သောက်သုံးခြင်းဖြင့် အခန့်မသင့်ပါက overhydration ရေဓါတ်ပိုလျှံခြင်း ဖြစ်ကြပါတယ်။ စိတ်ရောဂါကြောင့် ရေများ အလွန်အကျွံသောက်သုံးခြင်းကို psychogenic polydipsia ဟုခေါ်သည်။ နောက်ဆုံးရလဒ်ဟာ ရေဓါတ်များပြီး ဆားဓါတ် နည်းလာခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ရေဓါတ်ပိုလျှံခြင်းဟာ သွေးထဲတွင် sodium ဟူသော ဆားဓါတ်ကို နည်းစေပါသည်။ ထိုသို့ ဆားဓါတ်နည်းခြင်းဟာ ခန္ဓါကိုယ် အတွက် အန္တရာယ်ဖြစ်စေပါတယ်။ သို့သော် သာမန်အားဖြင့် ခန္ဓါကိုယ်တွင်းရှိ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Pinworms (တုပ်ကောင် (သန်ကောင်))

အဓိပ္ပါယ်ဖွင့်ဆိုချက်Pinworms (တုပ်ကောင် (သန်ကောင်)) ကဘာလဲ။ တုပ်ကောင်(သန်ကောင်)ကူးစက်ခံရခြင်းဟာ လူ့အစာအိမ်အူလမ်းကြောင်းမှာ အဖြစ်အများဆုံး သန်ကောင်ကူးစက်ရောဂါပဲ ဖြစ်ပါတယ်။ တုပ်ကောင်(သန်ကောင်)တွေဟာ အလွန်သေးငယ်တဲ့ သတ္တဝါလေးတွေ ဖြစ်ပြီး အဖြူရောင်ရှိကာ လက်မဝက်လောက်တောင် အလျားမရှိပါဘူး။enterobiasis သို့မဟုတ် oxyuriasis လို့ခေါ်တဲ့ တုပ်ကောင်(သန်ကောင်)ကူးစက်ခံရခြင်း ဟာ အမေရိကန်ပြည်ထောင်စုမှာတော့ အဖြစ်အများဆုံး သန်ကောင်ကူးစက်ရောဂါဖြစ်ပါတယ်။ တုပ်ကောင်(သန်ကောင်)တွေဟာ အလွယ်တကူ ပျံ့နှံ့ကူးစက်နိုင်ပြီး အသက်ငါးနှစ်ကနေ ဆယ်နှစ်အရွယ်ကလေးတွေမှာ အများဆုံး ဖြစ်ပွားတတ်သလို သန့်ရှင်းရေးအားနည်းပြီး လူထူထပ်တဲ့နေရာတွေမှာ နေထိုင်သူတွေ သို့မဟုတ် ရှေ့မှာဖော်ပြခဲ့သူတွေနဲ့ နီးနီးစပ်စပ် ထိတွေ့နေရသူတွေမှာ အဖြစ်များပါတယ်။ တုပ်ကောင်(သန်ကောင်)ကူးစက်ခံရခြင်းကို ဆေးဝါးတွေနဲ့ ထိရောက်စွာ ကုသနိုင်ပေမယ့် နောက်တခါထပ်ဖြစ်လာတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားရခြင်း၊ကာလတာရှည်ဝေဒနာခံစားရခြင်းတွေကတော့ အင်မတန်ရှားပါးပါတယ်။ Pinworms (တုပ်ကောင် (သန်ကောင်)) က ဘယ်လောက်အဖြစ်များသလဲ တုပ်ကောင် (သန်ကောင်) ကူးစက်ခံရခြင်းဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Shock (ရှော့ခ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Shock (ရှော့ခ်ဖြစ်ခြင်း) ကဘာလဲ။ ရှော့ခ်ဆိုတာ ခန္ဓါကိုယ်အနှံ့သွေးစီးဆင်းမှုမလုံလောက်ခြင်းကြောင့်ဖြစ်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ရှော့ခ်ဟာ ပြင်းထန်စွာထိခိုက်မိခြင်းတို့၊ အသည်းအသန်နာမကျန်းဖြစ်ခြင်းတို့နဲ့ ယှဉ်တွဲနေတတ်ပါတယ်။ အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး သွေးတွင်းအောက်စီဂျင်နည်းခြင်း၊ နှလုံးရပ်ခြင်းနဲ့ ကိုယ်တွင်းကလီစာထိခိုက်ခြင်းတို့ထိ ရောက်သွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေဟာ အချိန်ကြာလာတာနှင့်အမျှ ပိုဆိုးလာနိုင်တာကြောင့် ကုသမှုကို အလျှင်မြန်ဆုံးပေးဖို့လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရှော့ခ်ဟာ ထိခိုက်မှု၊ စိတ်ပိုင်းဆိုင်ရာ တုပ်လှုပ်ခြောက်ချားမှုတို့ကြောင့်ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာရှော့ခ်နဲ့ မတူညီပါဘူး။ ရှော့ခ်အမျိုးအစား၄မျိုးရှိပါတယ်။ အဏုဇီဝပိုးများကြောင့်ဖြစ်သော ရှော့ခ်။ ထိုအခြေအနေကတော့ သွေးတွင်းမှာ ဘက်တီးရီးယားတွေ အဆမတန်ပွားများပြီး အဆိပ်တွေ ထုတ်လွှတ်ခြင်းကြောင့် ဖြစ်လာရတာပါ။ အဆုတ်ရောင်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အရေပြားရောဂါ၊ ဝမ်းတွင်းပိုးဝင်ခြင်းတို့နဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်းတို့ကတော့ အဖြစ်များတဲ့အကြောင်းအရင်းတွေပါပဲ။ ဓါတ်မတည့်ခြင်းကြောင့်ဖြစ်သောရှော့ခ်။ အကြောင်းအရင်းကတော့ ဆေးဝါးတွေ၊ အစားအစာတွေ၊ ပိုးကောင်ကိုက်ခြင်းတွေကို ဓါတ်မတည့်ခြင်းကြောင့်ပါပဲ။ နှလုံးကြောင့်ရှော့ခ်ဖြစ်ခြင်း။ နှလုံးထိခိုက်ပျက်စီးပြီး ခန္ဓါကိုယ်ကို သွေးလုံလောက်စွာ မထောက်ပံ့နိုင်သောကြောင့် ဖြစ်ရတာပါ။ နှလုံးဖောက်ခြင်း ဒါမှမဟုတ် နှလုံးပြည့်ကြပ်ပျက်စီးခြင်းတို့ရဲ့ အဆုံးသတ်ရလဒ်တစ်ခုခြစ်နိုင်ပါတယ်။ အရည်ဓါတ်နည်းပါးခြင်းကြောင့်ဖြစ်သောရှော့ခ်။ သွေးနှင့်အရည်ဓါတ်အမြောက်အများဆုံးရှုံးခြင်းကြောင့် ဖြစ်ရတာပါ။ အကြောင်းအရင်းတွေကတော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Radiation poisoning (ဓါတ်ရောင်ခြည်သင့်ခြင်း)

အိုင်းရွန်းဓါတ်ပါသော ဓါတ်ရောင်ခြည်တွေနဲ့ ထိတွေ့ပြီးချက်ချင်း ဒါမှမဟုတ် ကြာမှပေါ်လာသော ဆိုးကျိုးတွေကို ဓါတ်ရောင်ခြည်သင့်တယ်လို့ခေါ်ပါတယ်။ ဓါတ်ရောင်ခြည်ယူနစ် Rad ပေါင်းများစွာဖြင့် ထိတွေ့ပြီး သိသိသာသာလက္ခဏာတွေတွေ့ဖို့ သေချာသလောက်ရှိပါတယ်။ ဓါတ်ရောင်ခြည်သင့်မှုများရင် ချက်ချင်းဖြစ်လာမယ့်အရာတွေကိုသတိပြုရမည်၊ ဓါတ်ရောင်ခြည်အနည်းငယ်သာသင့်ရင် နောက်မှဖြစ်လာမည့်အရာတွေနဲ့ မျိုးရိုးဗီဇပြဿနာတွေ သတိပြုရည်ဆိုပြီး စည်းမျဉ်းတစ်ခုရှိပါတယ်။ လူသားတစ်ယောက်အပေါ်ဓါတ်ရောင်ခြည်သက်ရောက်မှုဟာ တစ်ခါထက်တစ်ခါပုံလာနိုင်ပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်Radiation poisoning (ဓါတ်ရောင်ခြည်သင့်ခြင်း) ကဘာလဲ။ အိုင်းရွန်းဓါတ်ပါသော ဓါတ်ရောင်ခြည်တွေနဲ့ ထိတွေ့ပြီးချက်ချင်း ဒါမှမဟုတ် ကြာမှပေါ်လာသော ဆိုးကျိုးတွေကို ဓါတ်ရောင်ခြည်သင့်တယ်လို့ခေါ်ပါတယ်။ ဓါတ်ရောင်ခြည်ယူနစ် Rad ပေါင်းများစွာဖြင့် ထိတွေ့ပြီး သိသိသာသာလက္ခဏာတွေတွေ့ဖို့ သေချာသလောက်ရှိပါတယ်။ ဓါတ်ရောင်ခြည်သင့်မှုများရင် ချက်ချင်းဖြစ်လာမယ့်အရာတွေကိုသတိပြုရမည်၊ ဓါတ်ရောင်ခြည်အနည်းငယ်သာသင့်ရင် နောက်မှဖြစ်လာမည့်အရာတွေနဲ့ မျိုးရိုးဗီဇပြဿနာတွေ သတိပြုရည်ဆိုပြီး စည်းမျဉ်းတစ်ခုရှိပါတယ်။ လူသားတစ်ယောက်အပေါ်ဓါတ်ရောင်ခြည်သက်ရောက်မှုဟာ တစ်ခါထက်တစ်ခါပုံလာနိုင်ပါတယ်။ Radiation poisoning (ဓါတ်ရောင်ခြည်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများRadiation poisoning (ဓါတ်ရောင်ခြည်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဓါတ်ရောင်ခြည်သင့်ခြင်းရဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Hemolytic uremic syndrome ( HUS )

အဓိပ္ပါယ်ဖွင့်ဆိုချက်Hemolytic uremic syndrome ( HUS ) ကဘာလဲ။ Hemolytic uremic syndrome (HUS) ဆိုတာ သွေးနီဥများ ပုံမှန်မဟုတ်ဘဲ ပျက်စီးတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ သွေးနီဥအပျက်အစီးတွေဟာ ကျောက်ကပ်ရဲ့ စစ်ထုတ်တဲ့နေရာတွေမှာပိတ်ဆို့ပြီး အသက်အန္တရာယ်ရှိတဲ့ ကျောက်ကပ်ပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ Hemolytic uremic syndrome ( HUS ) က ဘယ်လောက်အဖြစ်များသလဲ ၅နှစ်အောက်ကလေးတွေမှာ အဖြစ်အများဆုံးဖြစ်သော်လည်း ဒီထက်ပိုကြီးတဲ့ ကလေးများနဲ့ လူကြီးများမှာပါ ဒီရောဂါ ဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHemolytic uremic syndrome ( HUS ) ရဲ့လက္ခဏာတွေကဘာတွေလဲ Hemolytic uremic syndrome ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ သွေးဝမ်းသွားခြင်း ဗိုက်နာခြင်း အသားအရေဖျော့တော့ခြင်း စိတ်တိုလွယ်ခြင်း ပင်ပန်းနွမ်းနယ်ခြင်း ဖျားခြင်း အကြောင်းအရင်းမရှိဘဲ သွေးခြည်ဥခြင်း၊ သွေးထွက်ခြင်း ဆီးသွားနည်းခြင်း ဗိုက်ဖောင်းလာခြင်း ဆီးထဲတွင်သွေးပါခြင်း သတိမကောင်းခြင်း အန်ခြင်း မျက်နှာ၊ခြေလက်များ ဖောရောင်ခြင်း တက်ခြင်း(ဖြစ်ခဲသည်) တို့ ဖြစ်ပါသည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ပိုင်ဆိုင်ဖို့

နေမကောင်း ခဏခဏ ဖြစ်နေရတာကို စိတ်ညစ်နေပြီလား။ ကျန်းမာရေးဆိုတာ အဖိုးမဖြတ်နိုင်တဲ့ အရာပါ။ လူတစ်ယောက်မှာ ကျန်းမာမှ အရာရာကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အမြဲ ကျန်းမာအောင် နေနိုင်မယ့် အကောင်းဆုံးသော နည်းလမ်းကတော့ မဖျားအောင် ကြိုတင်ကာကွယ်တာပါ။ ကိုယ်ခံအား ကောင်းနေစေဖို့က ကိုယ်တိုင် လုပ်ဆောင်လို့ ရတဲ့ အရာ တစ်ခုပါ။ ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ပိုင်ဆိုင်ဖို့ ဒါလေးတွေကို လိုက်နာပေးပါ။ https://hellosayarwon.com/health-fitness/exercise-safety-tips/precautions-tips-for-exercises-in-monsoon/ ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ပိုင်ဆိုင်ဖို့ ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ပိုင်ဆိုင်ဖို့ နေ့စဉ် လုပ်နေကျ အလေ့အထတွေ ထဲက အချို့ကို ဂရုစိုက် ပြင်ဆင်ဖို့ လိုအပ်မှာပါ။ ဂရုစိုက်ပြင်ဆင်ရမယ့် အလေ့အထတွေက - (၁) အာဟာရ ပြည့်ဝအောင် စားသုံးပါ နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ဖို့ လိုပါတယ်။ ဘလူးဘယ်ရီလိုမျိုး အသီးအနှံတွေက ကိုယ်ခံအားကို […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း